announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

ဖားကန့်/လုံးခင်းရတနာနယ်မြေမှ ဥရုချောင်းပျက်စီးမှုများကို စနစ်တကျ လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည်

ဖားကန့်/လုံးခင်းရတနာနယ်မြေမှ ဥရုချောင်းပျက်စီးမှုများကို စနစ်တကျ လေ့လာဆန်းစစ်မှုများပြုလုပ်သွားရန် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် Total Business Solution Co., Ltd တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၃)ရက်နေ့ မွန်းလွဲ(၁)နာရီက ကမ္ဘာအေးဘုရားလမ်းရှိ ကျောက်မျက်အသင်းရုံးတွင် ကျင်းပခဲ့သည်။
    ဥရုချောင်းသည် ၂၂၆ကီလိုမီတာခန့် ရှည်လျားပြီး ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်ကြောင်း၊ ဥရုချောင်း ပျက်စီးမှုများကို ပြုပြင်ထိန်းသိမ်းရန်အတွက် အခြေခံအချက်များနှင့် အရေးကြီးသောနေရာများမှစတင်ပြီး လိုအပ်သောအချက်အလက်များကို လေ့လာကောက်ခံရန်လိုအပ်ကြောင်းသိရသည်။
    ဥရုချောင်းတစ်လျှောက်တွင် ကျောက်စိမ်းတူးဖော်ခြင်း၊ ရွှေတူးဖော်ခြင်းများ ပြုလုပ်မှုကြောင့် ချောင်းမှာ ပျက်စီးမှုများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဓိကပျက်စီးမှုမှာ ဖားကန့်/လုံးခင်းတစ်ဝိုက်တွင် ဖြစ်သော်လည်း သယံဇာတတူးဖော်မှုလုပ်ငန်းများကြောင့် အခြားနေရာများတွင်လည်း ပျက်စီးမှုများဖြစ်ပေါ်နေကြောင်း ထို့ကြောင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ချောင်းတစ်လျှောက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
    ဥရုချောင်းပျက်စီးမှုများနှင့်ပတ်သက်ပြီး နှစ်စဉ်နှစ်တိုင်းသန့်ရှင်းရေးပြုလုပ်နေသော်လည်း နည်းပညာများ နောက်ကျနေသည့် အတွက် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ပြန်လည်ထူထောင်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း၊  လေ့လာဆန်းစစ်မှုများပြုလုပ်ရာတွင် မြန်မာပညာရှင်များအပြင် နိုင်ငံခြားပညာရှင်များပါ ပါဝင်မည်ဖြစ်ပြီး တိုင်းတာရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ပြည်တွင်းပညာရှင်များဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

ဆက်စပ်သတင်းများ