announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ကျောက်မျက်ရတနာများ စတင်ခင်းကျင်းပြသ ရောင်းချခြင်းကို ယနေ့ (၀၈:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၂) နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟနှင့် အတွင်းရေးမှူး ဦးစခင်ဇော်လင်း၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးအေးနိုင်၊ ပြပွဲဗဟိုကော်မတီ ဝင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ရတနာပြပွဲ ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
 
ဒုတိယသမ္မတသည် မဏိရတနာကျောက်စိမ်းခန်းမ ပထမထပ်ရှိ ရှင်းလင်းဆောင်သို့ ရောက် ရှိရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကျောက်မျက်ရတနာပြပွဲ ကျင်းပနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှုတင်ပြချက် ဗီဒီယိုမှတ်တမ်းကို LED Display Board ဖြင့် ရှင်း လင်းတင်ပြခဲ့ကြပါသည်။
 
ထို့နောက် ဒုတိယသမ္မတသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းထားသော ကျောက်စိမ်း၊ ကျောက်မျက်ပြခန်းများနှင့် ပြပွဲကာလအတွင်း ဖွင့်လှစ်ထားသော ရတနာဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး (၀၉:၁၈) နာရီတွင် ပြန်လည်ထွက်ခွာသွားပါသည်။
 
Source : Myanma Gems Enterprise 

ဆက်စပ်သတင်းများ