announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ၁၆.၉.၂၀၁၉ ရက်နေ့မှ ၂၅.၉.၂၀၁၉ ရက်နေ့အထိ နေပြည်တော်၊ မဏိ ရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်းရတနာကုန်သည် (၁၉၇၃)ဦးနှင့် ပြည်ပ ရတနာကုန်သည် (၃၀၇၆)ဦး စုစုပေါင်း(၅၀၄၉)ဦး တက်ရောက်ခဲ့ကြပါသည်။
 
ရတနာပြပွဲ ဒသမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၁၃၀၀)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချခဲ့ရာ အတွဲပေါင်း (၁၀၂၈)တွဲကို တန်ဖိုးယူရို (၆၆.၃၃၇) သန်းဖြင့် ရောင်းချခဲ့ရသည်။
 
၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း (၄၀)တွဲ ကို တန်ဖိုးယူရို (၀.၃၇၈) သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း (၅၈၄၅)တွဲကို တန်ဖိုး ယူရို (၅၀၆.၅၃၅) သန်းဖြင့်လည်းကောင်း ရောင်းချခဲ့ရပြီး အရောင်းစာရင်းထုတ်ပြန်ခြင်းကို ၂၅. ၉.၂၀၁၉ (၁၆:၀၀) နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ နဝရတ်ကိုးသွယ်ဂိတ်ရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းမီဒီယာများ တက်ရောက် သတင်းရယူခဲ့ပြီး တာဝန်ရှိသူများက ရတနာပြပွဲနှင့်ပတ်သက်သည့် ကိန်းဂဏန်းအချက်အလက်များ ကို ထုတ်ပြန်ပေးခဲ့ပါသည်။

ဆက်စပ်သတင်းများ