မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှုး၍ Myanmar Gems Trade Centre( ရန်ကုန်) ပထမထပ်တွင် ရတနာအရောင်းဆိုင်ခန်းများအား ငှားရမ်းမည်
၁။ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှုး၍ Myanmar Gems Trade Centre( ရန်ကုန်) ပထမထပ်တွင် ရတနာအရောင်းဆိုင်ခန်းများအား ငှားရမ်းမည် ဖြစ်ပါသည်။
၂။ ရတနာ အရောင်ဆိုင်ခန်းများ ငှားရမ်း၍ ကျောက်မျက်ရတနာ ရောင်းချလိုသူများ အနေဖြင့် မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမ(ပထမထပ်)တွင် လျှောက်လွှာတစ်စောင် ၂၀၀၀ကျပ်ဖြင့် ဝယ်ယူ၍ ဆိုင်ခန်းငှားရမ်းခွင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ကောင်တာ ၂ ပုံးပါ ၅ပေ ပတ်လည် ဆိုင်ခန်းတစ်ခန်းငှားရမ်းခမှာ (ကျပ်တစ်သိန်း + အခွန်အခနှင့် ဝန်ဆောင်ခ ကျပ်နှစ်သောင်း )စုစုပေါင်း ၁၂၀၀၀၀/- (ကျပ်တစ်သိန်းနှစ်သောင်းတိတိ) ကျသင့်မည် ဖြစ်ပါသည်။
၃။ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ ကျောက်မျက်ရတနာရောင်းချခြင်း လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း ကိုလည်း ကူညီဆောင်ရွက်ပေးမည် ဖြစ်သဖြင့် လုပ်ငန်းလိုင်စင်မရှိသူများလည်း ဆိုင်ခန်းရယူ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ စည်းကမ်းချက်များမှာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသော စည်းကမ်းများ အတိုင်းဖြစ်ပါသည်။
*****(မှတ်ချက် ။ အမှန်တကယ် ဆိုင်ခန်း ဖွင့်လှစ်မည့်သူများသာ လျှောက်လွှာ ဝယ်ယူရန် ဖြစ်သည်။)***
စျေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ
မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ
မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ရုံး
အမှတ် (၆၈)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး



