"Value Creation in Business" B2B မြန်မာ့စီးပွားထူးချွန်သူများနှင့်တွေ့ဆုံခြင်း အခမဲ့စီးပွားရေး ဟောပြောပွဲကို မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ၊ မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမ(ကမ္ဘာအေး)၌ ၁၄.၁၂.၂၀၁၉(စနေနေ့) နေ့လည်(၂)နာရီတွင် ကျင်းပရာ ပါမောက္ခ ဆရာကြီး ဒေါက်တာအောင်ထွန်းသက် မှ Moderator အနေဖြင့် ဆောင်ရွက်ပြီး မြန်မာနိုင််ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာမှ Speaker အနေဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြပါသည်။
ဟောပြောပွဲ အခမ်းအနားသို့ မြန်မာနိုင််ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ နယ်အသင်းခွဲများမှ ဥက္ကဌများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များ၊ အသင်းဝင် အသင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။
- MGJEA




