announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)၏ ဒုတိယအကြိမ် ကျောက်မျက်ရတနာ အချောထည်နှင့် ကျောက်စိမ်းတွဲများရောင်းချပွဲကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (နေပြည်တော်)တို့၏လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုးကူညီမှုတို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ဒုတိယအကြိမ် ကျောက်မျက်ရတနာ အချောထည်နှင့် ကျောက်စိမ်းတွဲများရောင်းချပွဲကို စစ်ကိုင်းမြို့၊ ခရိုင်ချင်းဆက်လမ်းရှိ "ထက်ကျော်" ကိုယ်ပိုင်အထက်တန်းကျောင်းတွင် (၁၈.၁၂.၂၀၁၉) မှ (၂၃.၁၂.၂၀၁၉)ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ ၁၈.၁၂.၂၀၁၉ ရက်(ဗုဒ္ဓဟူးနေ့) နံနက်(၁၁)နာရီတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။
      အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း (စစ်ကိုင်း) ဥက္ကဋ္ဌ ဦးအောင်ကြီးနှင့် အလုပ်အမှု ဆောင်များ၊ အသင်းခွဲများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
 
- MGJEA

ဆက်စပ်သတင်းများ