၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ စတုတ္ထမြောက်နေ့ကို ၅.၁.၂၀၂၀ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ယနေ့ (၁၂:၁၀) နာရီတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ သည် ရောင်းချပွဲ ကျင်းပနေမှုကို ကြည့်ရှုစစ်ဆေးရာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် ပြပွဲဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြသခဲ့ကြ ပါသည်။
၅.၁.၂၀၂၀ ရက်နေ့တွင် ကျောက်စိမ်းတွဲအမှတ် (၁) မှ (၁၂၅၀) ထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း (၁၁၉၂) တွဲကို တန်ဖိုးငွေကျပ် (၁၈၈၂၄.၇၁၃) သန်းဖြင့် ရောင်းချ ခဲ့ရပါသည်။
၆.၁.၂၀၂၀ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းတွဲအမှတ် (၁၂၅၁) မှ (၂၅၀၀) ထိကို ရတနာကုန်သည်များက စိတ်ကြိုက်စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်းပေးသွင်းလွှာများကို စနစ်တကျ ထည့်သွင်းခဲ့ကြပါသည်။
ဓာတ်ပုံ - မြန်မာ့ကျောက်မျက်
Credit : Myanma Gems Enterprise


