မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း
ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
*********************************
၁။ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ၊ မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမရန်ကုန်(ကမ္ဘာအေး)ရှိ ကျောက်မျက်မျက်ဓါတ်ခွဲခန်းတွင် ခန့်ထားရန်အတွက် အောက်ဖော်ပြပါရာထူးများအား လျှောက်ထားနိုင်ပါသည် -
(က) ကျောက်မျက်ပညာရှင် (Gemmologist) - (၆) ဦး
(ခ) Admin Assistant - (၁) ဦး
(ဂ) Account - (၁) ဦး
(ဃ) Computer Staff - (၁) ဦး
(c) Computer IT Staff - (၁) ဦး
(စ) သန့်ရှင်းရေးဝန်ထမ်း - (၁) ဦး
၂။ လျှောက်ထားသူသည် -
(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။
(ဂ) စိတ်ရောကိုယ်ပါ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) သက်ဆိုင်ရာ ရာထူးအလိုက် သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်။
၃။ စာပိုဒ် ၁ ပါရာထူးများအတွက် လျှောက်ထားသူသည်
(က) Gemmologist - (၆) ဦး
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်ပညာရပ်ဆိုင်ရာ ဒီပလိုမာဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။
- ဘူမိဗေ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ အင်ဂျင်နီယာဘွဲ့ရသူများအား ဦးစားပေးခန့်ထားမည်။
(Color-Blind) မဖြစ်သူဖြစ်ရမည်။
(ခ) Admin Assistant - (၁) ဦး
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး HR Diploma ရရှိထားသူဖြစ်ရပါမည်။
- လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိရပါမည်။
HR Management နှင့်ပတ်သက်သော Knowledge ရှိပြီး HR Function များကို တာဝန်ယူလုပ်ဆောင်နိုင်ရမည်။
- English (or) Chinese စကား ကောင်းမွန်စွာပြောဆိုနိုင်ပြီး အသက် (၃၅)နှစ်အောက် ဖြစ်ရပါမည်။
- Problem solving Skill နှင့် Interpersonal Skill ကောင်းမွန်ရပါမည်။
- Microsoft Office ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။
(ဂ) Account - (၁) ဦး
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး LCCI Level 2, 3 ရရှိထားသူဖြစ်ရပါမည်။
- Accounting နှင့်ပတ်သက်သော လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိရပါမည်။
- Accounting Software နှင့်ပတ်သက်သော Knowledge ရှိပြီး Accounting Function များကို တာဝန်ယူလုပ်ဆောင်နိုင်ရမည်။
- English စကားကောင်းမွန်စွာ ပြောဆိုနိုင်ပြီး အသက် (၃၅)နှစ်အောက် ဖြစ်ရပါမည်။
- အသင်းအဖွဲ့ နှင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
- Microsoft Office ကောင်းမွန်စွာ အသုံးပြုနိုင်ရပါမည်။
- လုပ်ငန်းလိုအပ်ချက်အရ အမျိုးသမီးများ ဦးစားပေးပါမည်။
(ဃ) Computer Staff - (၁) ဦး
- တက္ကသိုလ်မှဘွဲ့တစ်ခုခုရရှိပြီး Computer Diploma (or) Certificate ရရှိပြီးသူဖြစ်ရမည်။
- Photography, Photoshop & Graphic Design နှင့်ပတ်သက်သော လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိရပါမည်။
- English စကားကောင်းမွန်စွာ ပြောဆိုနိုင်ပြီး အသက်(၃၅)နှစ်အောက်ဖြစ်ရပါမည်။
- အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
- Microsoft Office ကောင်းမွန်စွာ အသုံးပြုနိုင်ရပါမည်။
- လုပ်ငန်းလိုအပ်ချက်အရ အမျိုးသားများ ဦးစားပေးပါမည်။
(င) Computer IT Staff - ကျား၊ မ (၁) ဦး
- တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးComputer IT Diploma (or) Certificate ရရှိထားသူဖြစ်ရပါမည်။
- IT And Computer နှင့်ပတ်သက်သော လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂)နှစ်ရှိရပါမည်။
- English စကားကောင်းမွန်စွာ ပြောဆိုနိုင်ပြီး အသက် (၃၅)နှစ်အောက် ဖြစ်ရပါမည်။
- Problem solving Skill နှင့် Interpersonal Skill ကောင်းမွန်ရပါမည်။
- Computer Hardware ပိုင်းဆိုင်ရာများကို ကျွမ်းကျင်စွာပြုလုပ်နိုင်ရပါမည်။
(စ) သန့်ရှင်းရေးဝန်ထမ်း - မ (၁) ဦး
- သတ်မှတ်နေရာများအား သန့်ရှင်းသပ်ရပ်စွာ လုပ်ဆောင်နိုင်သူဖြစ်ရပါမည်။
၄။ လျှောက်ထားသူသည် လျှောက်လွှာတွင် လျှောက်ထားသည့်ရာထူးကို ဖော်ပြ၍ အောက်ပါအချက်များ ပါဝင်ပြီး လျှောက်ထားသူကိုယ်တိုင် လက်မှတ်ရေးထိုးပေးပို့ရမည် -
(က) အမည်နှင့်နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်
(ခ) မွေးသက္ကရာဇ်နှင့်အသက်
(ဂ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ
(ဃ) ပညာအရည်အချင်းနှင့်အောင်မြင်သည့်ခုနှစ်
(င) မျှော်မှန်းလစာ
(စ) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကဒ်အမှတ်၊ အလုပ်အကိုင်နှင့်နေရပ်လိပ်စာ
(ဆ) ဆက်သွယ်ရန်လိပ်စာနှင့် တယ်လီဖုန်းအမှတ်
(ဇ) အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံ
၅။ လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပြည့်စုံစွာ ပူးတွဲတင်ပြလျှောက်ထားပါမည် -
(က) အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်းတို့၏ တစ်လအတွင်း ထောက်ခံချက်မူရင်း
(ခ) ကျန်းမာရေးကောင်းမွန်ကြောင်း ကျန်းမာရေးဦးစီးဌာန၏ တစ်လအတွင်းဆေးစစ်ချက်မူရင်း
(ဂ) အမှတ်စဉ် (က) ၊ (ခ)၊ (ဂ) ရာထူးများအတွက် ဘွဲ့လက်မှတ်မိတ္ထု (သို့မဟုတ်) ဘွဲ့ရရှိကြောင်း ထောက်ခံချက်မူရင်း
(ဃ) (၆)လအတွင်း ပြုလုပ်ထားသော အလုပ်သမားမှတ်ပုံတင်ကဒ်ပြားမိတ္တူ
၆။ ကျောက်မျက်ပညာရှင်များအား (၁၅-၂-၂၀၂၀)ရက်နေ့ နံနက် (၁၀))နာရီတွင် လူတွေ့စစ်ဆေးခြင်း၊
(၁၆/၁၇-၂-၂၀၂၀) ရက်နေ့များတွင် လက်တွေ့စစ်ဆေးခြင်းနှင့် အခြားဝန်ထမ်းများအား (၁၈-၂-၂၀၂၀)ရက်နေ့တွင် လူတွေ့စစ်ဆေးမှုများကို
မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ (ကမ္ဘာအေး)တွင်ပြုလုပ်မည်ဖြစ်ပါသည်။
၇။ လျှောက်လွှာများကို (၁၀.၂.၂၀၂၀)ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ အောက်ဖော်ပြပါနည်းလမ်းများဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။ မူရင်းလျှောက်လွှာများကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသို့ လိပ်မူ၍ လူကိုယ်တိုင်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ၊ E-mail ဖြင့်ဖြစ်စေ အောက်ပါအတိုင်းပေးပို့နိုင်ပါသည် -
(က) ဦးခိုင်မိုး (ရုံးအဖွဲ့မှူး)
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (နေပြည်တော်)
၀၆၇-၄၃၂၃၈၅ ၊ Mail : mgjea.npt@gmail.com
(ခ) ဦးနေလင်း (ဌာနမှူး) ၊
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (ရန်ကုန်)
ဖုန်း ၀၁-၆၆၃၀၈၀ ၊
အမှတ် (၆၈)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
Mail: info@mgjea.org
အသေးစိတ်အချက်အလက်များအား
www.facebook.com/mgjea.org/ (Myanmar Gems and Jewellery Entrepreneurs Association Facebook Page) နှင့်
www.mgjea.org တို့ တွင် အချိန်နှင့်တပြေးညီဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

