announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌနှင့်အဖွဲ့အား အီတလီ လက်ဝတ်ရတနာကုမ္ပဏီ Bulgari မှ Ms. Emma Irwin နှင့် ဒါရိုက်တာအဖွဲ့ဝင်များက လာရောက်တွေ့ဆုံ

(၂၉.၁.၂၀၂၀)ရက်၊နေ့လည်(၁)နာရီတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး ရန်ကုန်(ကမ္ဘာအေး)၌ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဦးလဖိုင်ခွန်ဆာသည် ကျောက်မျက်ကဏ္ဍနှင့်ပတ်သက်ပြီး အီတလီ လက်ဝတ်ရတနာကုမ္ပဏီ Bulgariမှ Ms. Emma Irwin နှင့် ဒါရိုက်တာအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံခဲ့ပါသည်။
 
အခမ်းအနားသို့ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် အကြံပေး ဦးအောင်မြင့်၊ အတွင်းရေးမှူး(၁) ဦးသောင်းထွန်း၊   တွဲဖက်အတွင်းရေးမှူး(၁) ဦးအောင်ကျော်မြတ်၊  အလုပ်အမှုဆောင်     ဦးမော်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (စစ်ကိုင်း)မှ ဥက္ကဌ          ဦးအောင်ကြီး၊ ကျောက်မျက်ရတနာ  လုပ်ငန်းရှင်များအသင်း(မန္တလေး)မှ ဒုတိယဥက္ကဌ ဦးအေးနှင့် အလုပ် အမှုဆောင်ဒေါ်နော်ဆေးဖော၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်တို့ တက်ရောက်ခဲ့ကြပါသည်။
 
- MGJEA

ဆက်စပ်သတင်းများ