announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၊ သတင်းပို့အဖွဲ့၏ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများကိုအကျယ်တဝင့် သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ၁၁.၂.၂၀၂၀ (အင်္ဂါနေ့) နံနက်(၉:၃၀)နာရီတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး၊ မြန်မာ့ ကျောက်မျက်ရတနာအရောင်းခန်းမ၊ ရန်ကုန် (ကမ္ဘာအေး)၌ ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ဝင်း၊ လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်စန္ဒာလင်း၊ လက်ထောက်မန်နေဂျာ ဒေါ်ကျိန်ရှမ်းလွန်၊ ငွေကြေးဆိုင်ရာမှုခင်း တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးခင်မောင်အေး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဒေါ်ချယ်ရီစံတို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသော ဦးလှစိုးဦးနှင့် ဦးဇော်ဘိုခန့်၊ အသင်းအကြံပေး ဦးအောင်မြင့်၊ အတွင်းရေးမှူး(၁) ဦးသောင်းထွန်း၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးအောင်ကျော်မြတ်၊ ဗဟိုအလုပ် အမှုဆောင် ဦးသူရိန်စိုး၊ အလုပ်အမှုဆောင် ဦးမော်ဦး၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌ ဒေါ်မြင့်သက်နိုင်၊ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်ဇင်၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးကျော်လွင်၊ အလုပ်အမှုဆောင် ဦးကိုကိုနှင့် ဦးစပ်ဟန်ကြည်တို့ တက်ရောက်ခဲ့ကြပါသည်။
 
အခမ်းအနားတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ဝင်းနှင့် ငွေကြေးဆိုင်ရာမှုခင်း တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးခင်မောင်အေးတို့မှ PowerPoint Slide များဖြင့်ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်၏ ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဒုတိယ ဥက္ကဋ္ဌများမှ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၊ သတင်းပို့အဖွဲ့၏ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ကျောက်မျက်အသင်းချုပ်အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီး အသင်းချုပ်အောက်ရှိ အသင်းခွဲများနှင့် အသင်းသားလုပ်ငန်းရှင်များအား ဆက်လက်ဆင့်ပွား အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများမှ Compliant Officer ထားရှိရေး၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာနည်းတူဆောင်ရွက်နိုင်ရေး၊ အသိပညာပေးနည်းလမ်းများ၊ အလုပ်ရုံဆွေးနွေးပွဲ Workshop များ ပြုလုပ်နိုင်ရေးတို့အတွက် အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
 
-MGJEA
 

ဆက်စပ်သတင်းများ