announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

ကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာအကြီးအကဲများအား မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များမှ သွားရောက်တွေ့ဆုံ

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များသည် ကျောက်မျက်ပညာသင်တန်း(ရန်ကုန်)မှ ပါမောက္ခ ဆရာကြီးများ၊ ကျောက်မျက် ဓါတ်ခွဲခန်းပညာရှင်များ၊ နေပြည်တော် ရွှေကြာပင်ကျောက်မျက်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီးများနှင့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ ASK Education Service မှ Consultant နှင့် ဆောက်လုပ်ရေးဆိုင်ရာပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များနှင့်အတူ  ၂၆.၂.၂၀၂၀ရက်နေ့၊ နေ့လည်(၁၂)နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၉)သို့သွားရောက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများအား ကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၏လမ်းညွှန်မှုကို ခံယူခဲ့ကြပါသည်။
 
- MGJEA

ဆက်စပ်သတင်းများ