announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ အလှူငွေများ လှူဒါန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ၃၀.၃.၂၀၂၀ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပရာ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ကျပ် သိန်း (၁,၀၀၀/-)မတည်၍ ကျောက်မျက်ကုမ္ပဏီ (၁၉) ခုတို့ မှ အလှူငွေ ကျပ်(၃၁၀,၀၅၀,၀၀၀/-) စုစုပေါင်း ကျပ် (၄၁၀,၀၅၀,၀၀၀/ -)လှူဒါန်းခဲ့ပါသည်။
 
အခမ်းအနားတွင် မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးနေဝင်းထွန်းနှင့် ဦးဇော်ဘိုခန့်၊ ဘဏ္ဍာရေးမှူး ဒေါက်တာဒေါ်ဖြူဖြူမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးနန်းဝင်းတို့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံသို့ အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
 
ကျောက်မျက် လုပ်ငန်းရှင်များမှ ဖားကန့်မြို့တွင် ကျပ်သိန်း (၁,၀၀၀/-) နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ သို့ ကျပ်သိန်း(၂,၀၀၀/-) ကိုလည်း လှူဒါန်းပြီးဖြစ်ပါသည်။ လှူဒါန်းငွေ စုစုပေါင်း မှာ (ကျပ် ၇၁၀,၀၅၀,၀၀၀/-)ဖြစ်ပါသည်။
 
လှူဒါန်းမှု အစုစုသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကျန်းမာရေးအတွက် လိုအပ်သည်များကို နိုင်ငံသားများ ပီသစွာဖြင့် ပါဝင်လှူဒါန်းခြင်းဖြစ်ပြီး ကပ်ရောဂါ ကာကွယ် တိုက်ဖျက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အထောက်ကူပြုနိုင်ပါစေရန် ရည်ရွယ်ပါသည်။
 
- MGJEA

ဆက်စပ်သတင်းများ