လေးစားရပါသောလုပ်ငန်းရှင်များခင်ဗျား
သင်၏ စီးပွားရေးလုပ်ငန်း အခြေအနေ ဘယ်လိုရှိပါသလဲ
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ အဖွဲ့အစည်းများသည် ကိုဗစ် ၁၉ ၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်နေသော စီးပွားရေးလုပ်ငန်းများ၏အကျိုးသက်ရောက်မှုများကို သိရှိနိုင်ရန်အတွက် စီးပွားရေးဆိုင်ရာစစ်တမ်း များ ပြုလုပ်လျက်ရှိပါသည်။ MMRD မှလည်း အလားတူစစ်တမ်းများကို ပြုလုပ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအခြေအနေများကို လေ့လာဆန်းစစ်လျက်ရှိပါသည်။
ယခုစစ်တမ်းရလဒ်များ၏ ခိုင်မာမှုကို UMFCCI နှင့် အစိုးရအဖွဲ့ဝင်များမှ ၂၀၁၆ ခုနှစ်ကတည်း အသိအမှတ်ပြု လက်ခံထားပါသည်။ လူကြီးမင်းတို့၏ ပါဝင်ကူညီဖြေဆိုမှုသည်
(၁) လူကြီးမင်း၏ စီးပွားရေးလုပ်ငန်း အခြေအနေကိုလေ့လာဆန်းစစ်ပေးနိုင်ခြင်း
(၂) ပုဂ္ဂလိက ကဏ္ဍ၏ အသံများကို ကိုယ်စားပြုနိုင်ခြင်း
(၃) မြန်မာ့စီးပွားရေးကဏ္ဍ ကောင်းမွန်တိုးတက်စေရန်ထိုထွင်းသိမြင်နိုင်စေပါသည်။
ထို့ကြောင့် လူကြီးမင်းအနေဖြင့် ဤစစ်တမ်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့ (သောကြာနေ့) နေ့လည် ၁၂ နာရီမတိုင်မီ ပါဝင်ဖြေဆိုပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။ လူကြီးမင်း၏ လုပ်ဖော်ကိုင်ဖက် လုပ်ငန်းရှင်များအားလည်း တိုက်တွန်းပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
ယခုစစ်တမ်းသည် (၁၅)မိနစ်မျှသာ ကြာမြင့်ပါမည်။ ဖြေဆိုမှုများကို လျှို့ဝှက်စွာ ထိန်းသိမ်းပေးမည်ဟု အာမခံပါသည်။ စစ်တမ်းအောင်မြင်စွာ ပြီးဆုံးသွားပါက လူကြီးမင်းတို့၏ ဖြေဆိုမှုအား အသိအမှတ်ပြု သည့်အနေဖြင့် ကံစမ်းမဲအစီအစဉ်များအပြင် အခြားသော ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါ သည်။
ပါဝင်ဖြေကြားပေးမှုအတွက် ကျေးဇူးအထူး တင်ရှိပါသည်။
Links:
------
[1] //www.surveymonkey.com/r/Retail_wholesales
[2] //www.surveymonkey.com/
[3] //www.mmrdrs.com