မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း
စာနာဝမ်းနည်းကြောင်းထုတ်ပြန်ကြေညာချက်
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၄)ရက်
၁၃၈၂ ခုနှစ် ၊ ပထမဝါဆိုလပြည့်နေ့
၁။ ၂.၇.၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော်ရှိ ကျောက်စိမ်းလုပ်ကွက်တွင် မြေပြိုကျ၍ ကျောက်စိမ်း ရှာဖွေသူများ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးခဲ့ကြောင်း သိရှိရပါသည်။
၂။ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါဖြစ်စဉ်အတွက် ယနေ့အချိန် အထိ ငွေကျပ်သိန်းတစ်ထောင်(၁၀၀,၀၀၀,၀၀၀)ထောက်ပံ့ကူညီခဲ့ပြီး လုပ်ငန်းရှင်အချို့မှလည်း တတ်စွမ်းသမျှ ထောက်ပံ့ကူညီပေးလျှက်ရှိကြပါသည်။
၃။ ဆက်လက်၍လည်း ထပ်မံပံ့ပိုးကူညီနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ် အစိုးရများနှင့် ချိတ်ဆက်ကာ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် CEC/EC များ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ပူးပေါင်း၍ အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကွယ်လွန်သွားသူများအတွက် မိသားစုများနှင့် ထပ်တူ အထူးကြေကွဲ ဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။
“ကွယ်လွန်သူများကောင်းရာသုဂတိလားပါစေ”
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း