announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

စတုတ္ထအကြိမ် မြန်မာ့ကျောက်မျက်ရတနာနေ့ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြန်မာ့ကျောက်မျက် ရတနာနေ့ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့  ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၃) ရက်နေ့  နံနက် (၅ : ၀၀ မှ ၈ : ၁၅ နာရီအထိ) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးကျော်သီဟ၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊  သတ္တုရေးရာအမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။

အခမ်းအနား အစီအစဉ်အရ ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက နေပြည်တော်မစိုးရိမ်စာသင်တိုက်မှ ပင့်သံဃာများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာနေ့အခမ်းအနားကို ဆက်လက်ကျင်းပသည်။

- MGJEA

ဆက်စပ်သတင်းများ