announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲ ၆၀၁ တွဲ ရောင်းချနိုင်ခဲ့

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမ အတွင်းဘက်နှင့် အပြင်ဘက်တို့တွင် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။

ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ ၇၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၆၀၁ တွဲ ရောင်းချရကြောင်း ကြေညာသည်။

ပြပွဲ သတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၇၅၃ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။
ကျောက်စိမ်းအတွဲပေါင်း ၇၅၃ ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲ များ အောက်တိုဘာလ ၂၆ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်း အတွဲများအား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချ သည့် ပုလဲအတွဲပေါင်း ၃၀၀ ကို အောက်တိုဘာလ ၂၁ ရက်မှ ၂၂ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲ အတွဲပေါင်း ၃၀၀ ရောင်းချပေးနိုင်ခဲ့ပြီး ကျောက်မျက်အတွဲပေါင်း ၁၆၀ အနက် ၇၃ တွဲကို ရောင်းချ နိုင်ခဲ့ကာ ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၀ အနက် ၇၀၂ တွဲကို ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ကျန်ရှိနေသည့် ကျောက်စိမ်းတွဲများကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာလ ၂၈ ရက်နေ့ထိ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source : Myanmar Gems Enterprise

ဆက်စပ်သတင်းများ