announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ၂၇-၉-၂၀၂၃ ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်းပြသ ရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှုနှင့် ရောင်းချမည့် အခြေအနေများအားလည်းကောင်း၊ ပြပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီ များက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့်  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Source : Myanmar Gems Enterprise


ဆက်စပ်သတင်းများ