announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း (၉၉၉)တွဲရောင်းချနိုင်ခဲ့

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း ရတနာကုန်သည်များက မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့်  ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှု ကြသည်။

ယနေ့ပြပွဲတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အုပ်စု(C) မှ ကျောက်စိမ်းအသားကျောက် (၁၀၀၀)တွဲကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်းရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း (၉၉၉)တွဲ ရောင်းချရကြောင်းကြေညာသည်။

ပြပွဲ နောက်ဆုံးနေ့တွင်  ရောင်းချမည့် ကျောက်စိမ်းအသားကျောက် (၇၉၂)တွဲကို ပြည်တွင်း ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ယင်း ကျောက်စိမ်းအတွဲပေါင်း (၇၉၂)တွဲ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိ သူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၂၈ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည် ဖြစ်သည်။

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပုလဲအတွဲ(၃၀၀)နှင့် ကျောက်မျက်အတွဲ ( ၇၃ )တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်းပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။ ထို့ပြင် ပြပွဲတွင်ကျောက်စိမ်းအတွဲပေါင်း (၄၀၄၅) တွဲကို နေ့ရက်အလိုက် ပြည်တွင်း ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း (၇၅၀) အနက် ကျောက်စိမ်းအတွဲ(၇၀၂)တွဲကို လည်းကောင်း၊ ပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၇၅၀)အနက် ကျောက်စိမ်းအတွဲ (၆၀၁)တွဲကိုလည်းကောင်း၊ ပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၇၅၃) အနက် ကျောက်စိမ်းအတွဲပေါင်း( ၆၂၃ )တွဲနှင့် ပြပွဲ အဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း(၁၀၀၀) အနက် ကျောက်စိမ်းအတွဲပေါင်း(၉၉၉)တွဲကို ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲပေါင်း (၇၉၂)တွဲကို ပြပွဲနောက်ဆုံးနေ့ဖြစ်သည့် အောက်တိုဘာ ၂၈ ရက်တွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source : Myanmar Gems Enterprise

ဆက်စပ်သတင်းများ