၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ် နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ (၇၅၃)တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း(၆၂၃)တွဲ ရောင်းချ ရကြောင်း ထုတ်ပြန်ကြေညာသည်။
ပြပွဲအဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း (၁၀၀၀)တွဲကို ပြည်တွင်း ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သတ်မှတ် တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ယင်း ကျောက်စိမ်းအတွဲပေါင်း (၁၀၀၀)တွဲ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူ များက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ အောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည် ဖြစ်သည်။ ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပုလဲအတွဲ(၃၀၀)နှင့် ကျောက်မျက်အတွဲ (၇၃)တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဈေးနှုန်း ပိုမိုစွာဖြင့် ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ပြပွဲတွင်ကျောက်စိမ်းအတွဲပေါင်း (၄၀၄၅) တွဲကို နေ့ရက်အလိုက် ပြည်တွင်း ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း (၇၅၀) အနက် ကျောက်စိမ်းအတွဲ(၇၀၂)တွဲကို လည်းကောင်း၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၇၅၀)အနက် ကျောက်စိမ်းအတွဲ (၆၀၁)တွဲကိုလည်းကောင်း၊ ပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၇၅၃)တွဲအနက် ကျောက်စိမ်းအတွဲ(၆၂၃)တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောက်စိမ်းအတွဲ (၁၇၉၂)တွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၂၈ ရက် အထိ ပြည်တွင်းရတနာ ကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Source : Myanmar Gems Enterprise
