announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆိုင်ရာ သတင်းအချက်အလက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ

၂ဝ၂၄ခုနှစ်၊ (၅၉)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲဆိုင်ရာ

သတင်းအချက်အလက်များ

၁။       သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီသည် ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ၂၈၂၄ခုနှစ်၊ မေလ (၃)ရက်နေ့မှ မေလ (၁၂)ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။       ပုလဲအတွဲများအတွက် အခြေခံဈေးနှုန်းကို နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်၍ တန်ဖိုး ငွေပေးချေခြင်းကို နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ(သို့မဟုတ်) ခွင့်ပြုသတ်မှတ်ထားရှိသည့် နိုင်ငံခြားသုံးငွေအမျိုးအစားဖြင့် ပေးချေရမည်ဖြစ်ပါသည်။

၃။       ကျောက်မျက်အတွဲများအတွက် အခြေခံဈေးနှုန်းကို နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်၍ တန်ဖိုးငွေပေးချေခြင်းကို နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ (သို့မဟုတ်) အမေရိကန်ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ(သို့မဟုတ်) ယွမ်ငွေ(သို့မဟုတ်) ထိုင်းဘတ်ငွေဖြင့် ပေးချေရမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲများအတွက် အခြေခံဈေးနှုန်းကို နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်၍ တန်ဖိုးငွေပေးချေခြင်းကို (A) နှင့် (B)အုပ်စုမှ ကျောက်စိမ်း အတွဲများနှင့် ကျောက်စိမ်းအချောထည်အတွဲများအတွက် နိုင်ငံခြားသုံးငွေ အမေရိကန် ဒေါ်လာ(သို့မဟုတ်) အမေရိကန်ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ(သို့မဟုတ်) ယွမ်ငွေ(သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့် ပေးချေရမည်ဖြစ်ပါသည်။

၄။       ပုလဲအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး အခြေခံဈေးနှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          စဉ်                         အမျိုးအစား                                                               အခြေခံဈေး

          (က)    ပုလဲအတွဲများ                                              အမေရိကန်ဒေါ်လာ (၁၀၀၀)နှင့်အထက်

          ( ခ )    ကျောက်မျက်အတွဲများ                               အမေရိကန်ဒေါ်လာ (၅ဝဝ)နှင့်အထက်

          ( ဂ )    (A)နှင့်(B)အုပ်စု ကျောက်စိမ်းအတွဲများ       အမေရိကန်ဒေါ်လာ (၅၀၀၀)နှင့်အထက်

          (ဃ)    ကျောက်စိမ်းအချောထည်အတွဲများ           အမေရိကန်ဒေါ်လာ (၁၀၀၀)နှင့်အထက်

၅။       ကျင်းပပြီးစီးခဲ့သည့် ရတနာပြပွဲများတွင် ပြပွဲပြစ်ဒဏ်ကျခံရသည့် ပြည်ပရတနာကုန်သည်များမှ အပ အောက်ဖော်ပြပါ ပြည်ပရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေကိုပေးသွင်း၍ ၂၀၂၄ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ခွင့်ရှိပါသည် -

(က)    ပြည်တွင်းအကျိုးဆောင်ကုမ္ပဏီများမှတစ်ဆင့် ဖိတ်စာတောင်းခံရရှိသူ၊

( ခ )    ပြည်ပကျောက်စိမ်းအသင်းအဖွဲ့များမှတစ်ဆင့် ဖိတ်စာတောင်းခံရရှိသူ၊

( ဂ )    သက်ဆိုင်ရာသံရုံးနှင့်ကောင်စစ်ဝန်ချုပ်ရုံးများမှ ဖိတ်စာရယူ၍ ပြပွဲတက်ရောက်မည့်သူ။

(ဃ)   အဆိုပါ ပြည်ပရတနာကုန်သည်များသည် ကျောက်မျက်ရတနာအမျိုးအစားအလိုက် ပြပွဲဗဟိုကော်မတီက သတ်မှတ်ထားသည့် အာမခံစပေါ်ငွေကို ပေးသွင်းရမည်ဖြစ်ပြီး အနည်းဆုံးပေးသွင်းရမည့် အာမခံစပေါ်ငွေနှင့် ဝယ်ယူခွင့်ပြုမည့် ကျောက်အတွဲတန်ဖိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          စဉ်      ကျောက်တွဲ                                       အနည်းဆုံးပေးသွင်းရမည့်                 ဝယ်ယူခွင့်ပြုမည့်

                  အမျိုးအစား                            အာမခံစပေါ်ငွေ                 ကျောက်အတွဲတန်ဖိုး

                                                             (အမေရိကန်ဒေါ်လာ)               (အမေရိကန်ဒေါ်လာ)

          (၁)      ပုလဲ                                          ၂,၀၀၀                            -

          (၂)      ကျောက်မျက်                             ၂,၀၀၀                                 ၂၀,၀၀၀

          (၃)      (A)အုပ်စုကျောက်စိမ်း              ၅၀,၀၀၀                                 ၅၀၀,၀၀၀

          (၄)      (B)အုပ်စုကျောက်စိမ်း              ၂၀,၀၀၀                                 ၂၀၀,၀၀၀

၆။       အနည်းဆုံးပေးသွင်းရန် သတ်မှတ်ထားသော အာမခံစပေါ်ငွေအပေါ် ဝယ်ယူခွင့်ပြုမည့် ကျောက်အတွဲ တန်ဖိုးထက် ပိုမိုဝယ်ယူလိုပါက ပိုမိုဝယ်ယူလိုသောတန်ဖိုး၏ (၁၀) ရာခိုင်နှုန်းကို အာမခံစပေါ်ငွေအဖြစ် သက်ဆိုင်ရာကျောက်တွဲအမျိုးအစားအလိုက် အောက်ပါနေ့ရက်များတွင် အပြီးပေးသွင်းရမည်ဖြစ်ပါသည် -

                    စဉ်      ကျောက်အတွဲ                              ရောင်းချမည့်စနစ်               အာမခံစပေါ်ငွေ အပြီး

                              အမျိုးအစား                                                                             ပေးသွင်းရမည့်နေ့ရက်

          (က)    ပုလဲ                                             အိတ်ဖွင့်တင်ဒါ                        ၃.၅.၂ဝ၂၄

          (ခ)      ကျောက်မျက်                               အိတ်ဖွင့်တင်ဒါ                        ၅.၅.၂၀၂၄

          ( ဂ )    (A)နှင့် (B)အုပ်စုကျောက်စိမ်း      အိတ်ဖွင့်တင်ဒါ                         ၆.၅.၂ဝ၂၄

 

၇။       ၂ဝ၂၄ ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့မှစတင်၍ မဏိရတနာကျောက်စိမ်းခန်းမ၊ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံတွင် ရတနာကုန်သည်စိစစ်လက်ခံရေးအဖွဲ့က ပြည်ပရတနာကုန်သည်များ၏ အာမခံစပေါ်ငွေပေးသွင်းမှုအား လက်ခံဆောင်ရွက်ပေးခြင်း၊ ပြပွဲဝင်ခွင့်ကတ်များ ကြိုတင်ပြုလုပ်ပေးခြင်းတို့ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၈။       ၂ဝ၂၄ ခုနှစ်၊ မတ်လ(၂၃)ရက်နေ့မှစတင်၍ ပြပွဲဝင်ခွင့်ပုံစံများကို www.mge.gov.mm_တွင် Download ရယူ၍ ကြိုတင်ဖြည့်စွက်မှတ်ပုံတင်နိုင်ရန်နှင့် Onlineမှတစ်ဆင့် လျှောက်ထား လိုပါက မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း Website www.mge.gov.mm, On-line Pre-Registration System တွင် ဝင်ရောက်လျှောက်ထားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၉။       ရတနာပြပွဲဝင်ခွင့်ကတ်ပြုလုပ်ရာတွင် အောက်ပါအချက်အလက်များ လိုအပ်မည်ဖြစ်ပါသည် –

          (က)    အမည်နှင့်နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)အမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် (ပတ်စ်ပို့ ထုတ်ပေးသည့်နိုင်ငံ)၊

          ( ခ )    ကြည်လင်ပြတ်သားသော ပတ်စ်ပို့မိတ္တူ၊

          ( ဂ )    (၁)လအတွင်း ရိုက်ကူးထားသော ကြည်လင်ပြတ်သားသည့် ရောင်စုံလိုင်စင်ဓာတ်ပုံ(၂)ပုံ၊

          (ဃ)    ဖုန်းနံပါတ်၊ ဖက်(စ်)နံပါတ်၊ E-mail ၊ ဆက်သွယ်ရန်လိပ်စာအပြည့်အစုံ၊

          ( င )    ရတနာပြပွဲဝင်ကြေး အမေရိကန်ဒေါ်လာ(၁၀၀)၊

          ( စ )    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေး (Vaccine) သတ်မှတ် အကြိမ်ပြည့်ထိုးနှံပြီးစီးကြောင်း စာရွက်စာတမ်းအထောက်အထား။ ( ကျန်းမာရေး စစ်ဆေးခြင်း အတွက် ကုန်ကျစရိတ်နှင့် ကျန်းမာရေးအာမခံထားရှိရမည့် ကုန်ကျစရိတ်များကို ရတနာကုန်သည်ကိုယ်တိုင်ကျခံရမည်)

၁၀။     ရတနာပြပွဲသို့ တက်ရောက်မည့် ပြည်ပရတနာကုန်သည်များကို အောက်ဖော်ပြပါ ဝတ်စား ဆင်ယင်မှုဖြင့်သာ ရတနာပြပွဲသို့တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ဘောင်းဘီတို၊ တီရှပ်၊ စပို့ရှပ်၊ စွပ်ကျယ် စသည့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်၍ ပြပွဲသို့ တက်ရာက်ခွင့်မပြုပါ -

          (က)    အမျိုးသား။      ပြပွဲစတင်ကျင်းပသည့်နေ့ရက် (ဖွင့်ပွဲအခမ်းအနား)တွင် အနောက်တိုင်း ဝတ်စုံပြည့်၊ အင်္ကျီလက်ရှည်အဖြူ သို့မဟုတ် အပြာ၊ ဘောင်ဘီရှည်၊ ရှူးဖိနပ်/ Walking Shoe ကျန်နေ့ရက်များတွင် ကော်လံပါရှပ်အင်္ကျီလက်ရှည်(အဖြူ သို့မဟုတ် အရောင်ဖျော့)နှင့် အားကစားဝတ်စုံမဟုတ်သည့် ဘောင်းဘီရှည် သပ်ရပ်စွာဝတ်ဆင်ရန်၊

          ( ခ )    အမျိုးသမီး။         ဒူးအောက်ရှိသော စကပ် သို့မဟုတ် ဘောင်းဘီရှည်နှင့် လည်ဟိုက်/လက်ပြတ်/ ခါးတိုမဟုတ်သည့်အင်္ကျီ သပ်ရပ်စွာဝတ်ဆင်ရန်။

၁၁။     ရတနာပြပွဲတွင် ကျောက်အတွဲများ ဝယ်ယူရန် အာမခံစပေါ်ငွေပေးသွင်းခြင်း၊ ဝယ်ယူခွင့်ရရှိသည့် ကျောက်အတွဲများအတွက် တန်ဖိုးငွေပေးချေခြင်း၊ ငွေပေးချေပြီး ကျောက်အတွဲများ တင်ပို့ခြင်းတို့ကို ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိပါက သက်ဆိုင်ရာ ပြည်တွင်း အကျိုးဆောင်ကုမ္ပဏီသို့ တရားဝင်ကိုယ်စား လှယ်လွှဲအပ်ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းသို့ ကိုယ်စားလှယ်လွှဲအပ်မှုကို စီမံရေးရာလုပ်ငန်းကော်မတီသို့ မပျက်မကွက် တင်ပြရမည်။ ကျောက်အတွဲများ ဝယ်ယူခွင့်မရရှိပါက ပေးသွင်းထားသည့် အာမခံစပေါ်ငွေအား လွှဲပြောင်းသုံးစွဲခြင်းကို လွှဲပြောင်းပေးသူ၊ လက်ခံသူနှင့် အကျိုးဆောင်ကုမ္ပဏီတို့က စီမံရေးလုပ်ငန်းကော်မတီ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီးမှသာ လွှဲပြောင်းဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပါသည်။

၁၂။     ရတနာပြပွဲတွင် ကျောက်အတွဲများ ဝယ်ယူခွင့်ရရှိသည့် ရတနာကုန်သည်များသည် ဝယ်ယူခွင့်ရရှိသော ကျောက်အတွဲများအတွက် တန်ဖိုးငွေများကို အရောင်းအဝယ်စာချုပ် (Sale Agreement) ပါ သတ်မှတ်ချက်များနှင့်အညီ တန်ဖိုးငွေပေးချေရန် ကာလရက်ပေါင်း(၉၀)အတွင်း မပျက်မကွက် ပေးချေရပါမည်။ ပေးချေရန်ပျက်ကွက်ပါက ရတနာပြပွဲဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၃။     ၂ဝ၂၄ခုနှစ်၊ (၅၉)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ဝယ်ယူခွင့်ရရှိပြီး တန်ဖိုးငွေပေးချေ ပြီးသောကျောက်အတွဲများကို EX Works စနစ်ဖြင့် ဝယ်ယူသူထံတင်ပို့နိုင်ရေး ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပြီး ဝယ်ယူခွင့်ရရှိသော ကျောက်အတွဲများကို တန်ဖိုးငွေအပြည့်အဝပေးချေပြီးသည်နှင့်လျင်မြန်စွာ တင်ပို့နိုင်ရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိပါသည်။ EX Works စနစ်ဖြင့် ရောင်းချခြင်းဖြစ်၍ နေပြည်တော်၊ ပြပွဲခန်းမမှ မော်တော်ယာဉ်ပေါ်သို့ တင်ပို့ပေးခြင်းနှင့် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကိုရတနာပြပွဲ ဗဟိုကော်မတီက တာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

 

 

 

                                                                                                                                                                                                                                                                          မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ

ဆက်စပ်သတင်းများ