announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

ကျောက်မျက်ရတနာသင်တန်း၊နေပြည်တော် အမှတ်စဉ် (၅) ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

        နေပြည်တော်၊ ကျောက်မျက်ရတနာသင်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အမှတ်စဉ်(၅) သင်တန်းဖွင့်လှစ်ပွဲအခမ်းအနားကို (၁၇.၁၁.၂၀၂၄) ရက်နေ့ နံနက် (၁ဝး၀၀) နာရီချိန်တွင် အဆိုပါ သင်တန်းကျောင်း န၀ရတ်ခန်းမ၌ ကျင်းပခဲ့ပါသည်။

         အခမ်းအနားသို့သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးမင်းသူ နှင့်ဖိတ်ကြားထားသူများ၊မြန်မာ့ ကျောက် မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမောင်မောင်ရှိမ်း နှင့် ဌာနဆိုင်ရာ အရာရှိများ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းမှ စီမံခန့်ခွဲရေးကော်မတီဝင်များ ၊နယ်အသင်း ခွဲမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ GTC နှင့်ကျောက်မျက် ရတနာသင်တန်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဘိုခန့်နှင့် ကော်မတီဝင်များ၊ရွှေကြာပင် ကျောက်မျက်ရတနာဈေးဝန်းမှ လုပ်ငန်းရှင်များ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်နည်းပြ၊ ဝန်ထမ်းများ ၊ အမှတ် စဉ်(၅) သင်တန်း သား/သူ စုစုပေါင်း (၄၃)ဦး စုစုပေါင်း (၁၃၅)ဦး တက်ရောက်ခဲ့ပါသည်။ 

အမှတ်စဉ် (၅)သင်တန်းတွင် သင်တန်း(၃)ခုတွင် ကျောက်စိမ်းနှင့်ပတ်သက်သော ဘာသာရပ် (၄)ခု ၊ကျောက်မျက်နှင့်ပတ်သက်သော ဘာသာရပ် (၂)ခု ၊ လက်ဝတ်ရတနာနှင့်ပတ်သက်သောဘာသာရပ် (၆)ခု စုစုပေါင်း ဘာသာရပ် (၁၂)ခု သင် ကြားပေးမည် ဖြစ်ပြီး သင်တန်းကာလမှာ စာတွေ့၊လက်တွေ့ (၅)လ ၊လုပ်ငန်း ခွင်ကျွမ်းကျင် (၁)လ စုစုပေါင်း (၆)လ သင်ကြားပေး သွားမည် ဖြစ်ပါသည်။

ဆက်စပ်သတင်းများ