announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

Myanmar B2B Management Magazine မှ ကြီးမှူးကျင်းပသော

Myanmar B2B Management Magazine မှ ကြီးမှူးကျင်းပသော “ B2B စကားဝိုင်း ”တွင်  "မြန်မာ့ကျောက်မျက်ရတနာနှင့် နိုင်ငံတကာဈေးကွက်အခွင့်အလမ်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ်၊ UMFCCI (မင်္ဂလာခန်းမ)တွင်  ၂၀၁၉ခုနှစ် ၊ မေလ ၂၁ ရက် ၊ အင်္ဂါနေ့ (မနက်-၈နာရီမှ မွန်းတည့်-၁၂နာရီအထိ) ကျင်းပရာ ဆွေးနွေးမှုမစတင်မီ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ "Think Positive, Be Positive “ ဆိုသော ခေါင်းစဉ်ဖြင့် Keynote speech ပြောကြားပါသည်။
 
    ထို့နောက် ဆရာကြီးဒေါက်တာအောင်ထွန်းသက်မှ ဦးဆောင်မေးမြန်းပြီး (၁) ဒေါက်တာ အောင်ကျော်ဝင်း ဒုဥက္ကဋ္ဌ(မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း) ဥက္ကဋ္ဌ (ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစု) ၊ (၂)ဦးဇော်ဘိုခန့် ဒုဥက္ကဋ္ဌ(မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း) ဥက္ကဋ္ဌ (ခန့်ရွှေပြည် ကုမ္ပဏီလီမီတက်)နှင့် (၃) ဒေါ်လုလု မန်နေးဂျင်း ဒါရိုက်တာ (The Rich Gems) တို့မှ ကျောက်မျက်ရတနာနှင့်ပတ်သက်ပြီး နိုင်ငံတကာဈေးကွက်အခြေအနေ၊ ဈေးကွက်သို့ မည်သို့မည်ပုံထိုးဖောက်ဆောင်ရွက်သင့်ကြောင်း အကြံပြုချက်များ၊ ကျောက်မျက်ရတနာဥပဒေ၊ အခွန်ကိစ္စ၊ Environmental Management Plan(EMP)ကိစ္စတို့နှင့်ပတ်သက်ပြီး ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မီဒီယာများ၏တွေ့ဆုံမေးမြန်းမှုများကို ရှင်းလင်းဖြေကြား ပေးခဲ့ကြပါသည်။ 

ဆက်စပ်သတင်းများ