announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲနှင့်အတူ မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ ဈေးကွက်မြှင့်တင်ခြင်း၊ ကျောက်မျက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ အကြံပြုတင်ပြ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ အမှတ်(၆၈)ရှိ မြန်မာ့ ကျောက်မျက်ရတနာပြပွဲခန်းမအား (၁၂.၆.၂၀၁၈)ရက်နေ့မှ (၁၁.၆.၂၀၂၃)ရက်နေ့အထိ (၅)နှစ် သက်တမ်းအနက်မှ ပထမသက်တမ်းဖြစ်သော (၁၂.၆.၂၀၁၈)ရက်နေ့မှ (၁၃.၆.၂၀၁၉)ရက်နေ့ အထိ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၂.၅.၂၀၁၉(ဗုဒ္ဓဟူးနေ့) နံနက်(၁၁း၀၀)နာရီတွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ အစည်းအဝေးခန်းမတွင် ကျင်းပပါသည်။
     အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ  ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ဒု-ဥက္ကဋ္ဌ(၃) ဒေါက်တာအောင်ကျော်ဝင်း၊ ဒု-ဥက္ကဋ္ဌ(၄) ဦးကျော်သူရ၊ ဗဟိုအလုပ်အမှုဆောင်/ အလုပ်အမှုဆောင်များ နှင့် ဥပဒေအကြံပေးများ၊ ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
     အစည်းအဝေးတွင် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲနှင့်အတူ မြန်မာ့ကျောက်မျက် ရတနာအရောင်းခန်းမ(ကမ္ဘာအေး)ရှိ အဆင့်မြင့်လက်ဝတ်ရတနာဆိုင်များ၏ အရောင်း မြှင့်တင်ရေးကိစ္စများ၊ ဈေးသာယာရေးနှင့် မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ ဈေးကွက်မြှင့်တင်ခြင်း၊ ကျောက်မျက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် အကြံပြုတင်ပြခြင်းများနှင့် ဝန်ကြီးဌာန၏ လမ်းညွှန်မူ့ခံယူခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ဆက်စပ်သတင်းများ