Language :
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်
Language :
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ကိုယ်စားဒုတိယဥက္ကဌ (၃) ဖြစ်သူဒေါက်တာအောင်ကျော်ဝင်းမှ " Cooperation of Jewelry Trading Between China and Ten ASEAN Nations" ခေါင်းစဉ်ဖြင့် (၁၅) မိနစ်ကြာဆွးနွေးခဲ့ပြီးအသင်းချုပ်ရဲ့ Corporate Video (၅) မိနစ်ကြာပြသပြီးကြွရောက်လာသောနိုင်ငံပေါင်း(၂၀) ခန့်မှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းများမှတက်ရောက်လာသူအားလုံးကို ၂၀၁၉ ခုနှစ်ဇနန်ဝါရီလတွင်ကျင်းပမည့် 2nd Yangon International Gems and Jewelry fair နှင့်တဆက်တည်းကျင်းပမည့် 1st Mandalay Yatanar Mall Gems and Jewelry Fair များကိုဆွေးနွေးပွဲတွင်တရားဝင်ကြေငြာပြီးဖိတ်ကြားခဲ့ပါတယ်။နိုင်ငံတကာမှလည်းမြန်မာ့ကျောက်မျက်လက်ဝတ်ရတနာကဏ္ဍရဲ့ဖြစ်ပေါ်တိုးတက်မူ့များအတွက်များစွာအားပေးဂုဏ်ယူကြပါတယ်။ထို့ပြင်နိုင်ငံပေါင်း(၂၀) ခန့်မှတင်ရောက်လာတဲ့တာဝန်ရှိပုဂ္ဂိုလ်များနှင့် MOU Agreement ရေးထိုးခဲ့ပါတယ်။ လာမည့်နှစ် ၂၀၁၉ အောက်တိုဘာလတွင် Turkey နိုင်ငံ Istanbul မှာကျင်းပမည့် (၈) ကြိမ်မြောက် Summit ကြီးကို 8th ASEAN Gems and Jewelry Summit အဖြစ်အမည်ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း လက်ရှိဥက္ကဌဖြစ်သူ ထိုင်းနိုင်ငံမှ Mr Suttipong ကတရားဝင်ကြေငြာခဲ့ပါတယ်