မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမ (ကမ္ဘာအေး)တွင် အောက်ဖော်ပြပါ အဆင့်မြင့်လက်ဝတ်ရတနာ ဆိုင်ခန်း (၆)ခန်းအား ငှားရမ်းရန် လစ်လပ်လျှက်ရှိပါသည်။အဆိုပါ လက်ဝတ်ရတနာဆိုင်ခန်းများကို ကျောက်မျက်ရတနာ လုပ်ငန်း လုပ်ကိုင်သူ မည်သူမဆို ငှားရမ်း လျောက်ထားရယူပြီး လုပ်ငန်းဆောင်ရွက်နိုင်ပါသည်။
- (B-7 / B-8 / B-9 / C-3 / D-5 / D-9) မျက်နှာစာ ၁၂ပေ xအနံ ၁၁ပေ
- စုစုပေါင်း လစ်လပ် ဆိုင်ခန်း (၆)ခန်း ဖြစ်ပါသည်။
- ဆိုင်ခန်းခမှာ (၁)လျှင် ၆၀၀,၀၀၀/- (ကျပ်ခြောက်သိန်းတိတိ)ဖြစ်ပြီး လစဉ်ငွေ ကြိုတင် ပေးသွင်းရမည် ဖြစ်ပါသည်။
- ဆိုင်ခန်းရယူလိုသူများ အမှတ်(၆၈) ကမ္ဘာအေးဘုရားလမ်းမရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ရှိမြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း(ကမ္ဘာအေး) ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။


