announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကြည့်ရှုအားပေး

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျောက်မျက်တွဲများနှင့် ကျောက်စိမ်းတွဲများ စတင်ခင်းကျင်း ပြသရောင်းချခြင်းကို ယနေ့ (၀၈:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် (သတ္တုရေးရာ) ဦးမင်းမင်းဦး၊ ပြပွဲဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ရတနာပြပွဲဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
 
ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာ ကျောက်စိမ်းခန်းမ ပထမထပ်ရှိ ကျောက်မျက်တွဲများ ခင်းကျင်းထားရှိမှု အခြေအနေနှင့် မဏိရတနာ ကျောက်စိမ်းခန်းမဝင်းအတွင်း ကျောက်ခင်းကွင်း နယ်မြေများရှိ ကျောက်စိမ်းတွဲများ ခင်းကျင်းထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။
 
၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ဇွန်လ (၈) ရက်နေ့မှ (၁၃) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ကျောက်မျက်တွဲ (၂၆၀) တွဲ ကို ၁၀.၆.၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ ကျောက်စိမ်းတွဲ (၃၁၀၈) တွဲကို ၁၁.၆.၂၀၁၉ ရက်နေ့ မှ ၁၃.၆.၂၀၁၉ ရက်နေ့အထိလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။

ဆက်စပ်သတင်းများ