announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းအသေးစိတ်

ထွန်းသစ်စနေမင်းကြီးကဲ့သို့ ထွန်းတောက်တဲ့ မြန်မာ့ပတ္တမြား၏ စံချိန်တင်ရောင်းချရမှု

ကမ္ဘာအကြီးဆုံးပတ္တမြားများထဲမှ မြန်မာ့ပတ္တမြားတစ်ပွင့်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ဆိုသီဘီလေလံပွဲ (Sotheby)တွင် စံချိန်တင် ဈေးအမြင့်ဆုံးရရှိခဲ့ပါသည်။ ထိုမြန်မာ့ပတ္တမြားကြီးကို ထွန်းသစ်စ နေမင်းကြီးကဲ့သို့ လူအများသိရှိကြပြီး ၂၅.၅၉ကာရတ် အလေးချိန်ရှိပါသည်။ ကမ္ဘာ့အရောင်း စံချိန်သစ်ဖြစ်ခဲ့ပြီး ဆွစ်ဇာလန်ဒေါ်လာ ၂၈.၂၅သန်း(အမေရိကန်ဒေါ်လာ ၃၀.၄၂ သန်း)ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။
 
ထိုပတ္တမြားကြီးသည် ပြီးခဲ့သောနှစ်များက ရောင်းဝယ်ခဲ့သော ဈေးနှုန်းများထက် ထူးခြားမြင့်မားသော ဈေးနှုန်းဖြင့် ကမ္ဘာ့စံချိန်သစ်တင်ခဲ့ပါသည်။
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ပတ္တမြားများ၏ ကာရတ်အလိုက် တန်ဖိုးမြင့်တက်လာမှု ဖြစ်စဉ်မှတ်တမ်း
 
-    ၂၀၁၂ ခုနှစ်တွင် မြန်မာ့ပတ္တမြား(၃၂.၀၈ကာရတ်) တစ်ပွင့်ကို US$ ၆.၇ သန်း
(၁ကာရတ်လျှင် US$ 209,000)
-    ၂၀၁၂ ခုနှစ်တွင် မြန်မာ့ပတ္တမြား(၆.၀၄ကာရတ်) တစ်ပွင့်ကို US$ ၃.၃ သန်း
(၁ကာရတ်လျှင် US$ 551,000)
-    ၂၀၁၄ ခုနှစ်တွင် မြန်မာ့ပတ္တမြား(၈.၆၂ကာရတ်) တစ်ပွင့်ကို US$ ၈.၅၇ သန်း
(၁ကာရတ်လျှင် US$ 994,000)
-    ၂၀၁၅ ခုနှစ်တွင် မြန်မာ့ပတ္တမြား(၂၅.၅၉ကာရတ်) တစ်ပွင့်ကို စံချိန်သစ်တင်ပြီး US$ ၃၀.၄၂ သန်း
(၁ကာရတ်လျှင် US$ 1.18 million)
 
-    MGJEA

ဆက်စပ်သတင်းများ