မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကျောက်မျက်ရတနာသင်တန်းကျောင်းဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
၁။မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှနေပြည်တော် ရွှေကြာပင်ရှိနည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေး ကျောက်မျက်ရတနာသင်တန်းကျောင်းတွင်စီမံ ခန့်ခွဲရေးဆိုင်ရာရုံးဝန်ထမ်းသစ်များခန့်ထားရန်အတွက် အောက်ဖော်ပြပါရာထူးများအားလျှောက်ထားနိုင်ပါသည်-
(က) စီမံရေးရာအရာရှိ (၁) ဦး
(ခ) စာရင်းကိုင် (၁) ဦး
(ဂ) ရုံးစာရေး (ပြည်သူ့ဆက်ဆံရေးရာဋ္ဌာန) (၁) ဦး
(ဃ) ရုံးစာရေး (ရုံးနှင့်ဝန်ထမ်းစီမံရေးရာဋ္ဌာန) (၁) ဦး
(င) အထွေထွေပြုပြင်ထိမ်းသိမ်းရေးဝန်ထမ်း(ကျား) (၂) ဦး
(စ) ယာဉ်မောင်း (၁) ဦး
(ဆ) စတိုထိန်း (၁) ဦး
(ဇ) လုံခြုံရေးဝန်ထမ်း(ကျား) (၂) ဦး
(ဈ) သန့်ရှင်းရေးဝန်ထမ်း(ကျား/မ) (၂) ဦး
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။
(ဂ) စိတ်ရောကိုယ်ပါကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ)သက်ဆိုင်ရာရာထူးအလိုက်သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူ ဖြစ်ရမည်။
(င) နေပြည်တော်တွင် မိမိ အစီအစဉ်ဖြင့် နေထိုင်နိုင်သူဖြစ်ရမည်။
၃။ စာပိုဒ် ၁ ပါရာထူးများအတွက် လျှောက်ထားသူသည်
(က) ရာထူးအတွက် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုနှင့် Management Diploma ရရှိပြီးသူဖြစ်ပြီး Admin & HRအတွေ့အကြုံ (၅) နှစ်၊ စတိုပိုင်းအတွေ့အကြုံရှိရမည်။ အသက်(၃၅) နှစ်အောက်ဖြစ်ရမည်။
(ခ) ရာထူးအတွက် စီးပွားရေးတက္ကသိုလ်မှ B.Act ဘွဲ့ (သို့) စာရင်းကိုင် အောင်လက်မှတ်ရထားသူအသက်(၃၅) နှစ်အောက်ဖြစ်ရမည်။
(ဂ) ရာထူးအတွက် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီး Marketing, Social Media ကျွမ်းကျင်သူ၊ Digital Marketing ကျွမ်းကျင်သူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူ၊ အသက် (၃၅) နှစ် အောက်ဖြစ်ရမည်။
(ဃ) ရာထူးအတွက် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုနှင့် Computer, Internet, email စာစီစာရိုက် ကျွမ်းကျင်ပြီးအသက်(၃၅) နှစ်အောက်ဖြစ်ရမည်။
(င) ရာထူးအတွက် အခြေခံပညာအလယ်တန်းအဆင့်ထိ သင်ယူဖူးသူဖြစ်ရမည်။ လျှပ်စစ်မီးလိုင်း၊ရေပိုက်လိုင်း နှင့် အထွေထွေ ပြုပြင်ထိန်းသိမ်းနိုင်သူဖြစ်ရမည်။
(စ) ရာထူးအတွက် ယာဉ်မောင်းလိုင်စင်(ခ) သက်တမ်း(၂) နှစ်နှင့်အထက်ရှိရမည်။ ကားကိုစနစ်တကျပြုပြင်ထိမ်းသိမ်းနိုင်သူ ဖြစ်ရမည်။
(ဆ) ရာထူးအတွက် အခြေခံပညာ အထက်တန်းအဆင့် အောင်မြင်သူဖြစ်ရမည်။ စတိုအတွေ့ကြုံရှိ ရမည်။အသက်(၄၀) နှစ်အောက်ဖြစ်ရမည်။
(ဇ) ရာထူးအတွက် အမျိုးသားဖြစ်ရမည်။ ကျန်းမာသန်စွမ်းသူုဖြစ်ရမည်။ လုံခြုံရေးအသိ သတိ ရှိရမည်။
မနက် နှင့် ည တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(ဈ) ရာထူးအတွက် ကျန်းမာသန်စွမ်းသူဖြစ်ရမည်။ အသက်(၄၀)နှစ် အောက်ဖြစ်ရမည်။
၄။ လျှောက်ထားသူသည် လျှောက်လွှာတွင် လျှောက်ထားသည့်ရာထူးကို ဖော်ပြ၍ အောက်ပါအချက် များပါ ်ပြီး၊ လျှောက်ထားသူကိုယ်တိုင် လက်မှတ်ရေးထိုးပေးပို့ရမည်-
(က) အမည်နှင့် နိုင်ငံသား စိစစ်ရေးကတ်အမှတ်
(ခ) မွေးသက္ကရာဇ် နှင့် အသက်
(ဂ) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ
(ဃ) ပညာအရည်အချင်းနှင့်အောင်မြင်သည့်ခုနှစ်
(င) မျှော်မှန်းလစာ
(စ) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အလုပ်အကိုင်နှင့်နေရပ်လိပ်စာ
(ဆ) အလုပ်သမားမှတ်ပုံတင်အမှတ်နှင့်မှတ်ပုံတင်သည့်ရက်စွဲ
(ဇ) ဆက်သွယ်ရန်နေရပ်လိပ်စာနှင့်တယ်လီဖုန်းအမှတ်
(ဈ) အမြဲတမ်းနေရပ်လိပ်စာအပြည့်စုံ။
၅။ လျှောက်လွှာနှင့်အတူအောက်ပါတို့ကို ပြည့်စုံစွာပူးတွဲတင်ပြလျှောက်ထားရပါမည်-
(က) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြစ်မှုကင်းရှင်းကြောင်းသက်ဆိုင်ရာမြို့နယ်ရဲစခန်း တို့၏ တစ်လအတွင်း ထောက်ခံချက် မူရင်း
(ခ) ကျန်းမာရေးကောင်းမွန်ကြောင်း ကျန်းမာရေးဦးစီးဋ္ဌာန၏ တစ်လအတွင်း ဆေးစစ်ချက် မူရင်း
(ဂ) အမှတ်စဉ်(က) (ခ)(ဂ)(ဃ) ရာထူးများအတွက် ဘ့လွဲ က်မှတ်မိတ္တူ (သို့မဟုတ်)ဘွဲ့ရရှိကြောင်း ထောက်ခံချက်မူရင်း။
(ဃ) (၆)လအတွင်းပြုလုပ်ထားသောအလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ
၆။ ဝန်ထမ်းလျှောက်လွှာများကို ( ၅.၁၀.၂၀၁၉)ရက် နေ့ရုံးချိန်အတွင်း နောက်ဆုံးထား၍အောက်ဖော်ပြပါနည်းလမ်းများဖြင့်ပေးပို့လျှောက်ထားနိုင်ပါသည်-
(က) Viber ဖြင့ ် ပေးပို့လျှောက်ထားခြင်း။
(၁) ဦးကျော်ရွှေ (ကျောင်းအုပ်ကြီး) ၀၉-၄၂၁၇၂၉၂၄၀
(၂) ဦးမျိုးနိုင် (ဒုတိယကျောင်းအုပ်ကြီး) ၀၉-၄၀၀၀၁၆၇၄၁
(ခ) မူရင်းလျှောက်လွှာများကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း သို့ လိပ်မူ၍လူကိုယ်တိုင်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ၊ E-mail ဖြင့်ဖြစ်စေ အောက်ပါအတိုင်းပေးပို့နိုင်ပါသည် -
(၁) ဦးခိုင်မိုး (ရုံးအဖွဲမှူး)
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (နေပြည်တော်)
မဏိရတနာကျောက်စိမ်းခန်းမ၊ ဇမ္ဗူသီရိမြို့နယ် ၊ နေပြည်တော်။ ၀၆၇-၄၃၂၃၈၅
Mail: mgjea.npt@gmail.com
(၂) ဦးနေလင်း (၀၉-၉၇၀၄၉၅၃၄၈)
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (ရန်ကုန်)
အမှတ်(၆၈)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၆၆၃၀၈၀
Mail: info@mgjea.org
၇။လူဦးရေ ကန့်သတ်ထားပါသဖြင့် လျှောက်လွှာဦးစွာရောက်ရှိမှုအပေါ် ဦးစားပေးအစီအစဉ်ဖြင့်ခေါ် ယူဆောင်
ရွက်သွားပါမည်။လျှောက်လွှာများကို စီစစ်ပြီး လူတွေ့စစ်ဆေးခြင်းအား စက်တင်ဘာ-၂၆ ရက်နေ့ နှင့် အောက်တိုဘာ ၈ရက်နေ့များတွင် နံနက်၁၀း၀၀ နာရီမှစတင်၍ နေပြည်တော် ရွှေကြာပင် ကျောက်မျက်ရတနာ သင်တန်းကျောင်းတွင် ရုံးချိန်အတွင်းလူတွေ့ ပြုလုပ်စစ်ဆေးသွားပါမည်။အသေးစိတ်အချက်လက်များအား Myanmar Gems and Jewellery Enterpreneurs Association facebook page နှင့် //www.mgjea.org တွင် အချိန်နှင့်တစ်ပြေးညီဝင်ရောက ်ကြည့်ရှု နိုင် ပါသည်။
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း