Language :
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ အမှတ်(၆၈)ရှိ မြန်မာ့ ကျောက်မျက်ရတနာပြပွဲခန်းမအား (၁၂.၆.၂၀၁၈)ရက်နေ့မှ (၁၁.၆.၂၀၂၃)ရက်နေ့အထိ (၅)နှစ် သက်တမ်းအနက်မှ ပထမသက်တမ်းဖြစ်သော (၁၂.၆.၂၀၁၈)ရက်နေ့မှ (၁၃.၆.၂၀၁၉)ရက်နေ့ အထိ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၂.၅.၂၀၁၉(ဗုဒ္ဓဟူးနေ့) နံနက်(၁၁း၀၀)နာရီတွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ အစည်းအဝေးခန်းမတွင် ကျင်းပပါသည်။ အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ဒု-ဥက္ကဋ္ဌ(၃) ဒေါက်တာအောင်ကျော်ဝင်း၊ ဒု-ဥက္ကဋ္ဌ(၄) ဦးကျော်သူရ၊ ဗဟိုအလုပ်အမှုဆောင်/ အလုပ်အမှုဆောင်များ နှင့် ဥပဒေအကြံပေးများ၊ ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲနှင့်အတူ မြန်မာ့ကျောက်မျက် ရတနာအရောင်းခန်းမ(ကမ္ဘာအေး)ရှိ အဆင့်မြင့်လက်ဝတ်ရတနာဆိုင်များ၏ အရောင်း မြှင့်တင်ရေးကိစ္စများ၊ ဈေးသာယာရေးနှင့် မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ ဈေးကွက်မြှင့်တင်ခြင်း၊ ကျောက်မျက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် အကြံပြုတင်ပြခြင်းများနှင့် ဝန်ကြီးဌာန၏ လမ်းညွှန်မူ့ခံယူခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
Read More...
Myanmar B2B Management Magazine မှ ကြီးမှူးကျင်းပသော “ B2B စကားဝိုင်း ”တွင် "မြန်မာ့ကျောက်မျက်ရတနာနှင့် နိုင်ငံတကာဈေးကွက်အခွင့်အလမ်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ်၊ UMFCCI (မင်္ဂလာခန်းမ)တွင် ၂၀၁၉ခုနှစ် ၊ မေလ ၂၁ ရက် ၊ အင်္ဂါနေ့ (မနက်-၈နာရီမှ မွန်းတည့်-၁၂နာရီအထိ) ကျင်းပရာ ဆွေးနွေးမှုမစတင်မီ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ "Think Positive, Be Positive “ ဆိုသော ခေါင်းစဉ်ဖြင့် Keynote speech ပြောကြားပါသည်။ ထို့နောက် ဆရာကြီးဒေါက်တာအောင်ထွန်းသက်မှ ဦးဆောင်မေးမြန်းပြီး (၁) ဒေါက်တာ အောင်ကျော်ဝင်း ဒုဥက္ကဋ္ဌ(မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း) ဥက္ကဋ္ဌ (ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစု) ၊ (၂)ဦးဇော်ဘိုခန့် ဒုဥက္ကဋ္ဌ(မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း) ဥက္ကဋ္ဌ (ခန့်ရွှေပြည် ကုမ္ပဏီလီမီတက်)နှင့် (၃) ဒေါ်လုလု မန်နေးဂျင်း ဒါရိုက်တာ (The Rich Gems) တို့မှ ကျောက်မျက်ရတနာနှင့်ပတ်သက်ပြီး နိုင်ငံတကာဈေးကွက်အခြေအနေ၊ ဈေးကွက်သို့ မည်သို့မည်ပုံထိုးဖောက်ဆောင်ရွက်သင့်ကြောင်း အကြံပြုချက်များ၊ ကျောက်မျက်ရတနာဥပဒေ၊ အခွန်ကိစ္စ၊ Environmental Management Plan(EMP)ကိစ္စတို့နှင့်ပတ်သက်ပြီး ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မီဒီယာများ၏တွေ့ဆုံမေးမြန်းမှုများကို ရှင်းလင်းဖြေကြား ပေးခဲ့ကြပါသည်။
Read More...
ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ် (Environmental Management Plan - EMP) အစည်းအဝေးကို ၂၁.၅.၂၀၁၉ရက်(အင်္ဂါနေ့)၊ နံနက်(၀၉း၀၀)နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ဒု-ဥက္ကဋ္ဌ(၄) ဦးကျော်သူရ ၊ ဒု-ဥက္ကဋ္ဌ(၆)ဦးမြင့်ဟန် နှင့် ဗဟိုအလုပ်အမှုဆောင်/အလုပ်အမှုဆောင်များ ဥပဒေအကြံပေးနှင့် EMP ဆိုင်ရာပညာရှင်များနှင့် Valentis & Coffey Co., Ltd မှ CEO - MR. LACHLAN FOY, HEAD OF DIVISION - MR. BARTON NAPIER, TRANSLATOR - SAW BENJANIUM THULAYPHAW တို့ တက်ရောက်ကြပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်းမှ ဒုအထွေထွေမန်နေဂျာ ဦးသက်ခိုင်နှင့် လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းစိုးတို့တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် Valentis & Coffey Co., Ltd မှရေးဆွဲထားသော EMP ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပါသည်။
Read More...
ကချင်ပြည်နယ်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဒုတိယအကြိမ် ကျောက်စိမ်းအရောင်းပြပွဲကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ၊ ဇုန်(၁) အချောထည်ရောင်းဝယ်ရေးစင်တာ စက်မှုဇုန်တွင် (၁၄.၅.၂၀၁၉)မှ (၁၈.၅.၂၀၁၉)အထိ ကျင်းပမည်ဖြစ်ပါသည်။
Read More...သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ၂၀၁၉ခုနှစ်၊ ဇွန်လ(၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်
Read More...
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်ထားသည့် မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ(ကမ္ဘာအေး) ရှိ အဆင့်မြင့်လက်ဝတ်ရတနာအရောင်းဆိုင်များ၏ အရောင်းမြှင့်တင်ရေးနှင့် ဈေးသာယာရေးကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ၉.၅.၂၀၁၉ (ကြာသပတေးနေ့)၊ နေ့လည် (၁၃း၀၀) နာရီတွင် လည်းကောင်း၊ "ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ" ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယင်းနေ့ နေ့လည်(၁၄း၀၀)နာရီတွင် လည်းကောင်း မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမ(ကမ္ဘာအေး) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ(၃) ဒေါက်တာအောင်ကျော်ဝင်း ၊ ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်စိုး နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များမှ တာဝန်ရှိသူများ၊ အသင်းရုံးတာဝန်ရှိသူများ တက်ရောက်ကြပြီး ဆိုင်ခန်းငှားရမ်းခြင်းဆိုင်ရာ ကိစ္စများ ၊ စည်းမျဉ်းစည်းကမ်းရေးရာကိစ္စများ၊ ဆိုင်ခန်းများအတွက် လိုအပ်သည့်ပံ့ပိုးမှုဆိုင်ရာများနှင့် ကျောက်မျက်ဈေးကွက်မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
Read More...
ကျောက်မျက်ရတနာသင်တန်းကျောင်း (နေပြည်တော်)တွင် တာဝန်ထမ်းဆောင်ရန် ကျောင်းအုပ်ကြီး နှင့် ဒု-ကျောင်းအုပ်ကြီး ရာထူးများအတွက် လျှောက်လွှာခေါ်ယူခြင်း ..
Read More...
၂၀၁၉ခုနှစ် ၊ မတ် ၁၁ရက်မှ ၂၀ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ပြုလုပ်သော ၅၆ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း၅၂၆၃တွဲ ရောင်းချမှုမှ ယူရို ၄၇၄ဒသမ ၁၄သန်းရရှိသကဲ့သို့ ကျောက်မျက်အတွဲ ၆၉တွဲ ရောင်းချမှုမှ ယူရို ၁ဒသမ ဝ၂သန်းရရှိခဲ့ကာ ပုလဲ၂၆၉တွဲရောင်းချမှုမှ ယူရို ၁ဒသမ ၅၂သန်းရရှိခဲ့သဖြင့် စုစုပေါင်းကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲရောင်းချခဲ့ရသည့်တန်ဖိုးသည် ယူရို ၄၇၆ဒသမ ၆၈သန်း ဖြစ်သည်။ ယခုပြီးစီးသွားခဲ့သော ၅၆ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲသည် ယခင်ပြပွဲများထက် ကျောက်စိမ်းများ ဈေးကောင်း ပိုမိုရရှိခဲ့သည်။ ရတနာပြပွဲသို့ တရုတ်ကုန်သည် ၂၈၈၀ဦး၊ ထိုင်းကုန်သည် ၂၃ဦး၊ သြစတြေးလျကုန်သည် ၁ဦး ၊ အမေရိကန်ကုန်သည် ၂ ဦး ၊ အိန္ဒိယကုန်သည် ၆ဦးနှင့် ပြည်တွင်းကုန်သည် ၁၆၄၉ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။
Read More...
ဖားကန့်/လုံးခင်းရတနာနယ်မြေမှ ဥရုချောင်းပျက်စီးမှုများကို စနစ်တကျ လေ့လာဆန်းစစ်မှုများပြုလုပ်သွားရန် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် Total Business Solution Co., Ltd တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၃)ရက်နေ့ မွန်းလွဲ(၁)နာရီက ကမ္ဘာအေးဘုရားလမ်းရှိ ကျောက်မျက်အသင်းရုံးတွင် ကျင်းပခဲ့သည်။ ဥရုချောင်းသည် ၂၂၆ကီလိုမီတာခန့် ရှည်လျားပြီး ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်ကြောင်း၊ ဥရုချောင်း ပျက်စီးမှုများကို ပြုပြင်ထိန်းသိမ်းရန်အတွက် အခြေခံအချက်များနှင့် အရေးကြီးသောနေရာများမှစတင်ပြီး လိုအပ်သောအချက်အလက်များကို လေ့လာကောက်ခံရန်လိုအပ်ကြောင်းသိရသည်။ ဥရုချောင်းတစ်လျှောက်တွင် ကျောက်စိမ်းတူးဖော်ခြင်း၊ ရွှေတူးဖော်ခြင်းများ ပြုလုပ်မှုကြောင့် ချောင်းမှာ ပျက်စီးမှုများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဓိကပျက်စီးမှုမှာ ဖားကန့်/လုံးခင်းတစ်ဝိုက်တွင် ဖြစ်သော်လည်း သယံဇာတတူးဖော်မှုလုပ်ငန်းများကြောင့် အခြားနေရာများတွင်လည်း ပျက်စီးမှုများဖြစ်ပေါ်နေကြောင်း ထို့ကြောင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ချောင်းတစ်လျှောက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဥရုချောင်းပျက်စီးမှုများနှင့်ပတ်သက်ပြီး နှစ်စဉ်နှစ်တိုင်းသန့်ရှင်းရေးပြုလုပ်နေသော်လည်း နည်းပညာများ နောက်ကျနေသည့် အတွက် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ပြန်လည်ထူထောင်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း၊ လေ့လာဆန်းစစ်မှုများပြုလုပ်ရာတွင် မြန်မာပညာရှင်များအပြင် နိုင်ငံခြားပညာရှင်များပါ ပါဝင်မည်ဖြစ်ပြီး တိုင်းတာရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ပြည်တွင်းပညာရှင်များဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Read More...