announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းများ

၂၀၂၁ ခုနှစ် ၊ နှစ်သစ်မင်္ဂလာဆုတောင်း

ပျော်ရွှင်စိတ်ချမ်းမြေ့စရာ ၂၀၂၁ ခုနှစ် နှစ်သစ်မင်္ဂလာအပေါင်းနှင့် ‌ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။   ဥက္ကဋ္ဌ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း     #HappyNewYear

Read More...

၂၀၂၁ ခုနှစ် ၊ နှစ်သစ်မင်္ဂလာဆုတောင်း

၂၀၂၁ ခုနှစ် ၊ နှစ်သစ်မင်္ဂလာဆုတောင်းနိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ကပ်ရောဂါဘေး ကင်းဝေးကြပြီး စီးပွား လာဘ်လာဘများ တိုးပွားကြလို့ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ။ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် အေးချမ်း သာယာသော နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း(၁.၁.၂၀၂၁) #HappyNewYear

Read More...

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးလဖိုင်ခွန်ဆာ၏ "Value Creation In Business" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်း

Myanmar B2B Management Magazine မှ ပြုလုပ်သော B2B E-Summit 2020 တွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးလဖိုင်ခွန်ဆာ၏ "Value Creation In Business" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်း ရုပ်သံဖိုင်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -Video Link => Value Creation In Business

Read More...

မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဖွင့်လှစ်မည့် နိုင်ငံတကာအဆင့်မီ ကျောက်မျက် ဓါတ်ခွဲခန်းတွင် စီစဉ်ထားရှိမှုများအား လာရောက်ကြည့်ရှု

မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာသည် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ ဖွင့်လှစ်မည့် နိုင်ငံတကာအဆင့်မီ ကျောက်မျက် ဓါတ်ခွဲခန်းတွင် စီစဉ်ထားရှိမှုများအား လာရောက်ကြည့်ရှုပြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရန် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်မှု ပြုခဲ့ကြောင်း သတင်းရရှိပါသည်။ - MGJEA 

Read More...

၂၀၂၀ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့ ထိုင်းစံတော်ချိန်ညနေ (၃) နာရီမှစတင်၍

၂၀၂၀ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့တွင် ပြုလုပ်ခဲ့သော "Thailand Gems & Jewelry Traders' Association" မှ ကြီးမူးကျင်းပသည့် 9th ASEAN + 6 Gems & Jewelry Presidents' Summit Zoom meeting တွင် မြန်မာနိင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ကိုယ်စား ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာအောင်ကျော်ဝင်းမှ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။   အဆိုပါ 9th ASEAN + 6 Gems & Jewelry Presidents' Summit တွင်နိင်ငံပေါင်း (၁၂) နိင်ငံမှ ဥက္ကဌများ/ ဒုတိယဥက္ကဌများတက်ရောက်၍ "World Economic Crisis 2020" ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။   Zoom meeting အခမ်းအနားမှနေ၍ ၂၀၂၀ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့ ထိုင်းစံတော်ချိန်ညနေ (၃) နာရီမှစတင်၍ " Webinar meeting with Global Leaders of Gems & Jewelry" ခေါင်းစဉ်ဖြင့် အာဆီယံနှင့် အာဆီယံမဟုတ်သောတိုင်းပြည်များမှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည့်အတွက် စိတ်ပါဝင်စားသည့် အသင်းချုပ်နှင့်တကွနယ်အသင်းခွဲမှတာဝန်ရှိသူများ အထက်ပါ ZOOM Conference meeting ကိုတက်ရောက်နိင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။   အဆိုပါ Webinar Meeting ၏ Website Link, ID နှင့် Password တို့ကို သိရှိနိုင်ပါရန် ကြိုတင်အသိပေး ဖော်ပြအပ်ပါသည်-   //us02web.zoom.us/j/82252537071?pwd=cG5DWEVMbW1qODY5b3Bvek9Ga0FCdz09 Webinar ID: 822 5253 7071 Passcode: tgjta

Read More...

စတုတ္ထအကြိမ် မြန်မာ့ကျောက်မျက်ရတနာနေ့ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြန်မာ့ကျောက်မျက် ရတနာနေ့ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့  ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၃) ရက်နေ့  နံနက် (၅ : ၀၀ မှ ၈ : ၁၅ နာရီအထိ) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးကျော်သီဟ၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊  သတ္တုရေးရာအမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။အခမ်းအနား အစီအစဉ်အရ ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက နေပြည်တော်မစိုးရိမ်စာသင်တိုက်မှ ပင့်သံဃာများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာနေ့အခမ်းအနားကို ဆက်လက်ကျင်းပသည်။- MGJEA

Read More...

"Thailand Gems & Jewelry Traders' Association" မှ ကြီးမူးကျင်းပသည့် 9th ASEAN + 6 Gems & Jewelry Presidents' Summit Zoom meeting တွင် မြန်မာနိင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ကိုယ်စား ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာအောင်ကျော်ဝင်းမှ တက်ရောက်ပါဝင်ဆွေးနွေး

၂၀၂၀ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့တွင် "Thailand Gems & Jewelry Traders' Association" မှ ကြီးမူးကျင်းပသည့် 9th ASEAN + 6 Gems & Jewelry Presidents' Summit Zoom meeting တွင် မြန်မာနိင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ကိုယ်စား ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာအောင်ကျော်ဝင်းမှ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။အဆိုပါ 9th ASEAN + 6 Gems & Jewelry Presidents' Summit တွင်နိင်ငံပေါင်း (၁၂) နိင်ငံမှ ဥက္ကဌများ/ ဒုတိယဥက္ကဌများတက်ရောက်ရျ် " World Economic Crisis 2020" ခေါင်းစဉ်ဖြင့်ပါဝင်ဆွေးနွေးကြသည်။ဆွေးနွေးပွဲတွင် တက်ရောက်သည့်နိင်ငံများမှ COVID-19 ကာလအတွင်းနိင်ငံတကာကျောက်မျက်ရတနာကဏ္ဍတစ်ခုလုံးတွင်တွေ့ကြုံခံစားနေရသည့်အခက်အခဲများ စိန်ခေါ်မူများကိုပွင့်ပွင့်လင်းလင်းဆွေးနွေးကြသည့်အပြင် ကျောက်မျက်အချောထည်နှင့်လက်ဝတ်ရတနာကဏ္ဍဖွံ့ဖြိုးတိုးတက်မူ့အတွက်အဓိက အဟန့်အတားဖြစ်သည့်အကောက်ခွန်နူန်းထားများ Valued Added Tax များကောက်ခံခြင်းနှင့်ပက်သက်၍လည်း သက်ဆိုင်ရာနိင်ငံအလိုက်ကြိုးပမ်းအားထုတ်မူ့များတင်ပြကြပြီး အမြင်များဖလှယ်ခဲ့ကြပါသည်။ထို့အပြင် ASEAN + 6 Gems & Jewelry Presidents' Summit ကိုစတင်တည်ထောင်ခဲ့သည့် ထိုင်းနိင်ငံမှ Mr Sun Chai မှလည်း Summit ကြီးတည်ထောင်ရခြင်းရည်ရွယ်ချက်နှင့်ရရှိခဲ့သည့်အကျိုးကျေးဇူးများကိုလည်းဆွေးနွေးခဲ့ပါသည်။Summit ကြီးကိုတက်ရောက်လာသည့်နိင်ငံများအနေနဲ့ အနာဂတ်တွင်အဖွဲ့ဝင်နိင်ငံများအကြားပူးပေါင်းဆောင်ရွက်မူ့များပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ကျောက်မျက်ရတနာသတင်းအချက်အလက်များ ပိုမိုလျင်မြန်စွာဖြန့်ဖြူးနိင်ရေး နည်းပညာရပ်များအဆင့်မြှင့်တင်ရန်အတွက်ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကိုပွင့်လင်းမြင်သာစွာဆွေးနွေးပြီးအမြင်ခြင်းဖလှယ်ကြပါသည်။'အဆိုပါ Zoom meeting အခမ်းအနားမှနေ၍ ၂၀၂၀ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့ ထိုင်းစံတော်ချိန်ညနေ (၃) နာရီမှစတင်၍ " Webinar meeting with Global Leaders of Gems & Jewelry" ခေါင်းစဉ်ဖြင့် အာဆီယံနှင့် အာဆီယံမဟုတ်သောတိုင်းပြည်များမှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးမည်ဖြစ်သည့်အတွက်စိတ်ပါဝင်စားသည့် အသင်းချုပ်နှင့်တကွနယ်အသင်းခွဲမှတာဝန်ရှိသူများ အထက်ပါ ZOOM Conference meeting ကိုတက်ရောက်နိင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။၂၀၂၀ခုနှစ် ဩဂုတ်လ (၆) ရက်နေ့ ကြာသပတေးနေ. မြန်မာစံတော်ချိန်နေ့လည် (၂:၃၀)နာရီတွင် ကျင်းပမည့် Webinar Meeting ရဲ့ ID နှင့် Password ကိုမကြာခင်အသင်းချုပ်ရဲ့ facebook page နှင့် Website တို့မှတဆင့်ကြိုတင်အသိပေးမည်ဖြစ်ပါသည်။- MGJEA

Read More...

စာနာဝမ်းနည်းကြောင်းထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းစာနာဝမ်းနည်းကြောင်းထုတ်ပြန်ကြေညာချက်၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၄)ရက်၁၃၈၂ ခုနှစ် ၊ ပထမဝါဆိုလပြည့်နေ့၁။        ၂.၇.၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော်ရှိ ကျောက်စိမ်းလုပ်ကွက်တွင် မြေပြိုကျ၍ ကျောက်စိမ်း ရှာဖွေသူများ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးခဲ့ကြောင်း သိရှိရပါသည်။၂။         ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါဖြစ်စဉ်အတွက် ယနေ့အချိန် အထိ ငွေကျပ်သိန်းတစ်ထောင်(၁၀၀,၀၀၀,၀၀၀)ထောက်ပံ့ကူညီခဲ့ပြီး လုပ်ငန်းရှင်အချို့မှလည်း တတ်စွမ်းသမျှ ထောက်ပံ့ကူညီပေးလျှက်ရှိကြပါသည်။၃။        ဆက်လက်၍လည်း ထပ်မံပံ့ပိုးကူညီနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ် အစိုးရများနှင့် ချိတ်ဆက်ကာ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် CEC/EC များ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ပူးပေါင်း၍ အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကွယ်လွန်သွားသူများအတွက် မိသားစုများနှင့် ထပ်တူ အထူးကြေကွဲ ဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။ “ကွယ်လွန်သူများကောင်းရာသုဂတိလားပါစေ”   မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

Read More...

Survey Link - A Comprehensive Quarterly Survey Reviewing The Status Of Businesses In Myanmar

လေးစားရပါသောလုပ်ငန်းရှင်များခင်ဗျား သင်၏ စီးပွားရေးလုပ်ငန်း အခြေအနေ ဘယ်လိုရှိပါသလဲ   ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ အဖွဲ့အစည်းများသည် ကိုဗစ် ၁၉ ၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်နေသော စီးပွားရေးလုပ်ငန်းများ၏အကျိုးသက်ရောက်မှုများကို သိရှိနိုင်ရန်အတွက် စီးပွားရေးဆိုင်ရာစစ်တမ်း များ ပြုလုပ်လျက်ရှိပါသည်။ MMRD မှလည်း အလားတူစစ်တမ်းများကို ပြုလုပ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအခြေအနေများကို လေ့လာဆန်းစစ်လျက်ရှိပါသည်။   ယခုစစ်တမ်းရလဒ်များ၏ ခိုင်မာမှုကို UMFCCI နှင့် အစိုးရအဖွဲ့ဝင်များမှ ၂၀၁၆ ခုနှစ်ကတည်း အသိအမှတ်ပြု လက်ခံထားပါသည်။ လူကြီးမင်းတို့၏ ပါဝင်ကူညီဖြေဆိုမှုသည် (၁) လူကြီးမင်း၏ စီးပွားရေးလုပ်ငန်း အခြေအနေကိုလေ့လာဆန်းစစ်ပေးနိုင်ခြင်း (၂) ပုဂ္ဂလိက ကဏ္ဍ၏ အသံများကို ကိုယ်စားပြုနိုင်ခြင်း (၃) မြန်မာ့စီးပွားရေးကဏ္ဍ ကောင်းမွန်တိုးတက်စေရန်ထိုထွင်းသိမြင်နိုင်စေပါသည်။   ထို့ကြောင့် လူကြီးမင်းအနေဖြင့် ဤစစ်တမ်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့ (သောကြာနေ့) နေ့လည် ၁၂ နာရီမတိုင်မီ ပါဝင်ဖြေဆိုပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။ လူကြီးမင်း၏ လုပ်ဖော်ကိုင်ဖက် လုပ်ငန်းရှင်များအားလည်း တိုက်တွန်းပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။   ယခုစစ်တမ်းသည် (၁၅)မိနစ်မျှသာ ကြာမြင့်ပါမည်။ ဖြေဆိုမှုများကို လျှို့ဝှက်စွာ ထိန်းသိမ်းပေးမည်ဟု အာမခံပါသည်။ စစ်တမ်းအောင်မြင်စွာ ပြီးဆုံးသွားပါက လူကြီးမင်းတို့၏ ဖြေဆိုမှုအား အသိအမှတ်ပြု သည့်အနေဖြင့် ကံစမ်းမဲအစီအစဉ်များအပြင် အခြားသော ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါ သည်။ ပါဝင်ဖြေကြားပေးမှုအတွက် ကျေးဇူးအထူး တင်ရှိပါသည်။   Links: ------ [1] //www.surveymonkey.com/r/Retail_wholesales [2] //www.surveymonkey.com/ [3] //www.mmrdrs.com

Read More...