announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

ကြေညာချက်အသေးစိတ်

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော်မရှင် ၂ဝ၂၂ - ၂ဝ၂၅ ခုနှစ်၊ ဆဋ္ဌမသက်တမ်း အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ရေးဆိုင်ရာ စည်းကမ်းထုတ်ပြန်ချက်

ရွေးချယ်ခံမည့် အသင်းဝင်များသည် -
(က) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဆဋ္ဌမအကြိမ်မြောက်အလုပ်အမှုဆောင် အဖွဲ့၏ ရွေးချယ်တင်မြှောက်ပွဲကို UMFCCI ၏ Online နည်းပညာစနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ ( ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် ပဉ္စမသက်တမ်း အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ၇/ ၂၀၂၁ ဆုံးဖြတ်ချက်)
 
(ခ) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတွင် မှတ်ပုံတင်ထားသော အသင်းဝင် သက်တမ်း (၂)နှစ်ရှိသူဖြစ်ရမည်။
စည်းမျဉ်း ၂၂ (ခ)။
 
(ဂ) မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေအရ ထုတ်ပေးသော ခွင့်ပြုမိန့် (သို့မဟုတ်) လုပ်ငန်း လိုင်စင်ကိုင်ဆောင်သောလုပ်ငန်းရှင် (သို့မဟုတ်) ကျောက်မျက်ရတနာလုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီပိုင်ရှင် (သို့မဟုတ်)သမဝါယမအသင်းပိုင်ရှင် ဖြစ်ရမည်
 
(၁) ခွင့်ပြုမိန့်ကိုင်ဆောင်သော လုပ်ငန်းရှင်ဖြစ်ပါက (၂၀၁၆)ခုနှစ်အထိ သက်တမ်းရှိသော ခွင့်ပြုမိန့် အထောက်အထား တင်ပြရမည်။
(၂) လုပ်ငန်းလိုင်စင် ကိုင်ဆောင်သော လုပ်ငန်းရှင်ဖြစ်ပါက (၂၀၁၈ -၂၀၁၉)ခုနှစ်အထိ သက်တမ်းရှိသော လုပ်ငန်းလိုင်စင် အထောက်အထား တင်ပြရမည်။ ၂၉-၁-၂ဝ၂၂ ရက်နေ့တွင် ကျင်းပသည့် (၁၁)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးမှ အတည်ပြုပြင်ဆင်ချက် စည်းမျဉ်း ၂၂ (စ)၊ ၂၄ (စ)၊ ၂၅ (စ)
 
(ဃ) နိုင်ငံတော်သို့ ကျောက်မျက်ရတနာလုပ်ငန်းမှ ဝင်ငွေအပေါ် ဝင်ငွေခွန်ထမ်းဆောင်နေသူ ဖြစ်ရမည်
(၁) ခွင့်ပြုမိန့်ကိုင်ဆောင်သော လုပ်ငန်းရှင်ဖြစ်ပါက (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်အထိ ဝင်ငွေခွန်ပေးဆောင်ရှင်းလင်းပြီးသည့် အထောက်အထား တင်ပြရမည်။
(၂) လုပ်ငန်းလိုင်စင် ကိုင်ဆောင်သော လုပ်ငန်းရှင်ဖြစ်ပါက (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ်အထိ ဝင်ငွေခွန် ပေးဆောင်ရှင်းလင်းပြီးကြောင်း အထောက်အထားတင်ပြရမည်။ ၂၉-၁-၂ဝ၂၂ ရက်နေ့တွင် ကျင်းပသည့်(၁၁)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးမှ အတည်ပြုပြင်ဆင်ချက် စည်းမျဉ်း ၂၂ (ဆ)၊ ၂၄ (ဆ)၊ ၂၅ (ဆ)
 
၂။ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးရာထူးများတွင် (၃)နှစ် သက်တမ်း (၂)ကြိမ်အထိသာ တစ်ဆက်တည်း ရွေးချယ်ခံပိုင်ခွင့်ရှိသည်။ (၃)နှစ်သက်တမ်း (၂)ကြိမ် ထမ်းဆောင်ပြီးသော ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများသည် လက်ရှိရာထူးအဆင့်ထက် မြင့်သောရာထူးတာဝန်သို့ အဆိုပြု၍ ရွေးချယ်ခံခွင့်ရှိသည်။ အဆင့်တူအဆင့်နိမ့်ရာထူးများသို့ အဆိုပြု၍ ရွေးချယ်ခံခွင့်
မရှိပါ။
 
စည်းမျဉ်း၊ ၃၆။
၃။ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဝင်ဖြစ်သည့်အပြင် အသင်းခွဲ၏ အသင်းဝင်ဖြစ်သော လုပ်ငန်းရှင်သည် ရွေးချယ်ခံခြင်းနှင့် ဆန္ဒမဲပေးခြင်းကို အသင်းခွဲတွင် ဆောင်ရွက်ပြီးပါက ဤရွေးချယ်တင်မြှောက်ပွဲတွင် ရွေးချယ်ခံခွင့်နှင့် ဆန္ဒမဲပေးခွင့်မရှိပါ။
 
စည်းမျဉ်း၊ ၃၉။
၄။ Online နည်းပညာစနစ်အရ ပေါ်ထွက်လာသော ကိန်းဂဏန်းရလဒ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများကို အဆုံးအဖြတ်ပေးသည့် ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်စေရမည်။ (၄-၂-၂ဝ၂၂)ရက်နေ့ (ရွေးချယ်တင်မြှောက်ရေးကြီးကြပ်မှုကော်မရှင်၏ (၁/၂ဝ၂၂)အစည်းအဝေး ဆုံးဖြတ်ချက်)
 
၅။ ဆန္ဒမဲပေးမည့်အသင်းဝင်များသည် -
(က) အသင်းချုပ်၏ အသင်းဝင်ဖြစ်သည့်နေ့မှစ၍ သက်တမ်း (၁)နှစ် ရှိပြီးသူဖြစ်ရပါမည်။
 
စည်းမျဉ်း၊ ၇ (ဃ)။
(ခ) ဆန္ဒမဲပေးရန် ဆန္ဒပြုလွှာတင်သွင်းထားသော အသင်းဝင်များသည် ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် ဖုန်းနံပါတ် (အင်တာနက်ချိတ်ဆက်ထားသည့်ဖုန်းနံပါတ်ဖြစ်ရပါမည်) ကော်မရှင်သို့ မှတ်ပုံတင်ထား ရမည်။
(ဂ) မဲဆန္ဒရှင်တစ်ဦးစီ၏ မှတ်ပုံတင်ထားသောဖုန်းနံပါတ်သို့သာ လင့်ခ်(Link)နှင့် ကုဒ် (Password Code) ပေးမည်ဖြစ်ဖြစ်ရာ အဆိုပါလင့်ခ် (Link)နှင့် ကုဒ် (Password Code)ကို မျှဝေခြင်းမပြုရပါ။
(ဃ) မှတ်ပုံတင်ထားသော ဖုန်းနံပါတ်မဟုတ်ပါက Link နှင့် Password ချပေးမည်မဟုတ်၍ ဖုန်းနံပါတ် ပြောင်းလဲခြင်းကြောင့် မဲပေးခွင့်၊ ရွေးချယ်ခံခွင့် ဆုံးရှုံးရပါက သက်ဆိုင်ရာ အသင်းဝင်၏ တာဝန်သာ ဖြစ်သည်။
(င) မဲဆန္ဒရှင်များသည် ဆဋ္ဌမသက်တမ်း အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ရေးတွင်အသုံးပြု မည့် OppaVote စနစ် Online မဲပေးခြင်း လမ်းညွှန်ချက်နမူနာပြထားသည့်အတိုင်း ဆောင်ရွက်ပြီး မဲဆန္ဒပြုရမည်။
(စ) အထက်အပိုဒ် ၈ ပါ အဆင့် (၄)ဆင့်ကို အဆင့် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရခြင်းဖြစ်ပါ၍ မဲဆန္ဒရှင်များသည် မိမိ၏ မဲပေးခွင့် အခွင့်အရေး နစ်နာမှု မရှိစေရန် မဲရုံဖွင့်ချိန်မှ မဲရုံပိတ်ချိန်အထိ မဲပေးစနစ်တွင် ရှိနေရမည်။
 
၆။ ဆန္ဒမဲပေးချိန်တွင် System Error/Fail ဖြစ်ခြင်းအပေါ် မည်သူ့တွင်မျှ တာဝန်မရှိစေရ။
 
၇။ ရွေးချယ်တင်မြှောက်ပွဲအတွင်း ဆုံးဖြတ်ဆောင်ရွက်ရန် ပေါ်ပေါက်သည့်ကိစ္စများတွင် ရွေးချယ်တင်မြှောက်ရေးကြီး ကြပ်မှုကော်မရှင်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
 
နည်း ၃၈ (ဂ)။
၈။ အဆင့် (၁)ဆင့်ချင်းအတွက် မဲဆန္ဒရှင် အသင်းဝင်များ၏ မှတ်ပုံတင်ထားသော ဖုန်းနံပါတ် အသီးသီး သို့ လင့်ခ်(Link)နှင့် ကုဒ် (Password Code)နံပါတ် တစ်ကြိမ်စီဖြင့် အဆင့်(၄)ဆင့်ရှိသည်ဖြစ်၍ လင့်ခ်(Link)နှင့် ကုဒ် (Code)နံပါတ် (၄)ကြိမ် ပေးပို့မည်ဖြစ်သည်။
 
၉။ ဆန္ဒမဲပေးခြင်းသည် ရာထူးအဆင့် (၄)မျိုးအတွက် (၄)ကြိမ် မဲပေးရမည် -
(က) အဆင့်(၁) ဥက္ကဋ္ဌ ရွေးချယ်ခြင်း - (၁)ဦး
(ခ) အဆင့် (၂) ဒုတိယဥက္ကဋ္ဌများ ရွေးချယ်ခြင်း - (၆)ဦး
(ဂ) အဆင့် (၃) အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများရွေးချယ်ခြင်း - (၆)ဦး
(ဃ) အဆင့် (၄) အလုပ်အမှုဆောင်အဖွဲ့ဝင်များ ရွေးချယ်ခြင်း - (၅၂)ဦး

  

ဆက်စပ်ကြေညာချက်များ