Language :
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် “၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ”ကို ၂.၁.၂၀၂၀ ရက်နေ့မှ ၇.၁.၂၀၂၀ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ - MGJEA
Read More...
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရွှေကြာပင် ကျောက်မျက်နှင့် လက်ဝတ်ရတနာသက်မွေးမှု နည်းပညာ သင်တန်းကျောင်း (နေပြည်တော်) အတွက် သင်တန်းသား/သူ များခေါ်ယူခြင်း သင်တန်းတက်ရောက်လိုသူများသည် - အခြေခံပညာ အလယ်တန်းအဆင့်ရှိရမည် - အသက် (၁၇)နှစ်နှင့် (၂၅)နှစ်ကြား ရှိရမည် -သင်တန်းပြီးဆုံးအောင်မြင်သည်အထိတက်နိုင်မည့် သင်တန်းသား/သူ များကို ဦးစားပေးလက်ခံသွားမည်။ သင်တန်းတက်ရောက်ခွင့်ရသူများသည်... - သင်တန်းကြေးအခမဲ့ - နေစားရိတ်အခမဲ့ - စားစရိတ်လစဉ် (၃)သောင်းကျပ် - သင်တန်းသား/သင်တန်းသူ ဦးရေ အယောက်(၁၀၀)လက်ခံသွားမည် စာတွေ့လက်တွေ့ ကျွမ်းကျင်မှုအခြေပြု‌သင်ရိုး ညွှန်းတမ်းများဖြင့်သင်ကြားပေးမှာဖြစ်ပြီး (၁၅-၁၁-၂၀၁၉)ရက်နေ့နောက်ဆုံးထားလက်ခံသွားမည်။ ဆက်သွယ်ရန်- ဦးကျော်ရွှေ(ကျောင်းအုပ်ကြီး) ၀၉-၄၁၇၂၉၂၄၀ ၊ ဦးခိုင်မိုး(ဒုတိယကျောင်းအုပ်ကြီး)၀၉-၄၀၀၀၁၆၇၄၁ ဦးခိုင်မိုး(ရုံးအဖွဲ့မှူး)၀၉-၇၉၈၂၄၁၅၄၅ ၊ ဦးနေလင်း ၀၉-၉၇၀၄၉၅၃၄၈ - MGJEA
Read More...မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်၏ လမ်းညွန်မှုဖြင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)မှ ဦးဆောင်ကျင်းပမည့်ကျောက်စိမ်း အရိုင်း၊အချောထည်နှင့်ကျောက်မျက်ရတနာများကိုမြန်မာကျပ်ငွေဖြင့်ရောင်းချပွဲကျင်းပမည့်အချိန်××××××××××××၂၀၁၉ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့ဗုဒ္ဓဟူးနေ့ မှ အောက်တိုဘာလ ၂၉ရက်နေ့ အင်္ဂါနေ့(နေ့စဥ် မနက် ၇နာရီ မှ ညနေ ၅နာရီအတွင်း)ကျင်းပမည့်နေရာ××××××××××××MANDALAY CONVENTION CENTRE (MCC)သိပ္ပံလမ်း ၊ ချမ်းမြသာစည်မြို့နယ်၊မန္တလေးမြို့။Source : MGJEA-MDY
Read More...
လုံးခင်း - ဖားကန့် ရတနာနယ်‌မြေတွင်ကျောက်စိမ်း တူးဖော်မှု လုပ်ငန်းများကို မိုးရာသီကာလအတွင်း (၁.၇.၂၀၁၉) မှ (၃၀.၉.၂၀၁၉) ထိ ယာယီရပ်ဆိုင်း ထားခဲ့မှုကာလ ပြည့်မြောက်ပြီ ဖြစ်သဖြင့် (၁-၁၀-၂၀၁၉) ရက်နေ့မှ စတင်၍ ပြန်လည်တူးဖော် လုပ်ကိုင်ခွင့်ပြုကြောင်း (သက်တမ်းကျန်ရှိကုမ္ပဏီများသာ) နှင့် ယာယီရပ်ဆိုင်းခဲ့သည့်ကာလကို မူလသက်တမ်းတွင် ဖြည့်စွက် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ‌ရောင်းဝယ်ရေးလုပ်ငန်းမှ သိရှိရပါသည်။ - MGJEA
Read More...
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမ သက်တမ်း အလုပ်အမှုဆောင်အဖွဲ့၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို (၃၀.၉.၂၀၁၉)ရက်နေ့၊ နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ (အစည်းအဝေးခန်းမ)၌ ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ ၊ ဒု-ဥက္ကဌ (၁) ဦးလှစိုးဦး၊ ဒု-ဥက္ကဌ (၂) ဦးနေဝင်းထွန်း၊ ဒု-ဥက္ကဌ (၄) ဦးကျော်သူရ ၊ ဒု-ဥက္ကဌ (၆) ဦးမြင့်ဟန်၊ အသင်း၏ ဥပဒေ အကြံပေး များဖြစ်ကြသော ဒေါ်ခင်မြမြထွန်း နှင့် ဦးသန်းဝင်း၊ အတွင်းရေးမှူး(၁) ဦးသောင်းထွန်း၊ အတွင်းရေးမှူး(၂) ဒေါ်မေပွင့်သော်၊ အတွင်းရေးမှူး(၃) ဦးသက်မောင်မြင့်၊ တွဲဖက် အတွင်းရေးမှူး(၁) ဦးအောင်ကျော်မြတ်၊ တွဲဖက် အတွင်းရေးမှူး(၂) ဦးထွန်းနေဦး၊ တွဲဖက် အတွင်းရေးမှူး(၃) ဦးသောင်းကြည်၊ ဗဟိုအလုပ်အမှုဆောင် ၊ အလုပ်အမှုဆောင်များ၊ အသင်းခွဲများမှ ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များ၊ အသင်းအကြံပေးများ၊ ပညာရှင်များ စုံညီစွာတက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။ -MGJEA
Read More...
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ၁၆.၉.၂၀၁၉ ရက်နေ့မှ ၂၅.၉.၂၀၁၉ ရက်နေ့အထိ နေပြည်တော်၊ မဏိ ရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်းရတနာကုန်သည် (၁၉၇၃)ဦးနှင့် ပြည်ပ ရတနာကုန်သည် (၃၀၇၆)ဦး စုစုပေါင်း(၅၀၄၉)ဦး တက်ရောက်ခဲ့ကြပါသည်။ ရတနာပြပွဲ ဒသမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း (၁၃၀၀)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချခဲ့ရာ အတွဲပေါင်း (၁၀၂၈)တွဲကို တန်ဖိုးယူရို (၆၆.၃၃၇) သန်းဖြင့် ရောင်းချခဲ့ရသည်။ ၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း (၄၀)တွဲ ကို တန်ဖိုးယူရို (၀.၃၇၈) သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း (၅၈၄၅)တွဲကို တန်ဖိုး ယူရို (၅၀၆.၅၃၅) သန်းဖြင့်လည်းကောင်း ရောင်းချခဲ့ရပြီး အရောင်းစာရင်းထုတ်ပြန်ခြင်းကို ၂၅. ၉.၂၀၁၉ (၁၆:၀၀) နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ နဝရတ်ကိုးသွယ်ဂိတ်ရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းမီဒီယာများ တက်ရောက် သတင်းရယူခဲ့ပြီး တာဝန်ရှိသူများက ရတနာပြပွဲနှင့်ပတ်သက်သည့် ကိန်းဂဏန်းအချက်အလက်များ ကို ထုတ်ပြန်ပေးခဲ့ပါသည်။
Read More...
၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်မ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ၂၃.၉.၂၀၁၉ ရက်နေ့ (အဋ္ဌမမြောက်နေ့)တွင် ကျောက်စိမ်းအတွဲ (၁၃၀၀)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း (၉၇၅)တွဲကို တန်ဖိုးယူရို (၆၀.၉၆၈) သန်းဖြင့် ရောင်းချခဲ့ရပါသည်။ ၂၄.၉.၂၀၁၉ ရက်နေ့တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းတွဲအမှတ် (၅၂၁၂) မှ (၆၅၁၁) ထိကို ရတနာကုန်သည်များက စိတ်ကြိုက် စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်းပေးသွင်းလွှာများကို စနစ်တကျ ထည့် သွင်းခဲ့ကြပါသည်။ Source : Myanma Gems Enterprise
Read More...
၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော် ၊ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိရာ ၁၉.၉.၂၀၁၉ ရက်နေ့၌ ကျောက်မျက်အတွဲပေါင်း(၄၈၁)တွဲ တင်ပြသည့် အနက်မှ ယူရိုငွေ ၃၇၈,၀၀၀ တန်ဖိုးရှိ အတွဲပေါင်း (၄၀)ကို ရောင်းချရကြောင်း သိရှိရပါသည်။ - MGJEA
Read More...
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ကျောက်မျက်ရတနာများ စတင်ခင်းကျင်းပြသ ရောင်းချခြင်းကို ယနေ့ (၀၈:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၂) နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟနှင့် အတွင်းရေးမှူး ဦးစခင်ဇော်လင်း၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးအေးနိုင်၊ ပြပွဲဗဟိုကော်မတီ ဝင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ရတနာပြပွဲ ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဒုတိယသမ္မတသည် မဏိရတနာကျောက်စိမ်းခန်းမ ပထမထပ်ရှိ ရှင်းလင်းဆောင်သို့ ရောက် ရှိရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကျောက်မျက်ရတနာပြပွဲ ကျင်းပနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှုတင်ပြချက် ဗီဒီယိုမှတ်တမ်းကို LED Display Board ဖြင့် ရှင်း လင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် ဒုတိယသမ္မတသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းထားသော ကျောက်စိမ်း၊ ကျောက်မျက်ပြခန်းများနှင့် ပြပွဲကာလအတွင်း ဖွင့်လှစ်ထားသော ရတနာဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး (၀၉:၁၈) နာရီတွင် ပြန်လည်ထွက်ခွာသွားပါသည်။ Source : Myanma Gems Enterprise
Read More...