announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းများ

နေပြည်တော် (ရွှေကြာပင်) ကျောက်မျက်သင်တန်းကျောင်းအတွက် သင်တန်းဆရာများ ခေါ်ယူခြင်း

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးကျောက်မျက်ရတနာသင်တန်းကျောင်း နေပြည်တော်(ရွှေကြာပင်) သင်တန်းကျောင်းနည်းပြလျှောက်လွှာခေါ်ယူခြင်း   ၁။ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှနေပြည်တော် ရွှေကြာပင်ရှိ နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေး ကျောက်မျက်ရတနာသင်တန်းကျောင်း ဖွင့်လှစ်ရန်အတွက် အောက်ဖော်ပြပါ ရာထူးများအားလျှောက်ထားနိုင်ပါသည် -   (က) ကျောက်စိမ်းလက်ကောက်ထုတ်လုပ်မှုနည်းပြ (၁) ဦး (ခ) ကျောက်စိမ်းလုံးချောထုတ်လုပ်မှုနည်းပြ (၁) ဦး (ဂ) ကျောက်စိမ်းအရောင်တင်နည်းပြ (၁) ဦး (ဃ) ကျောက်စိမ်းပုတီး နည်းပြ (၁) ဦး (င) ကျောက်စိမ်း ရုပ်ထု၊ ပန်းပုနည်းပြ (၁) ဦး (စ) ကျောက်စိမ်း CNC နည်းပြ (၁) ဦး (ဆ) ကျောက်စိမ်း 3D /5Dနည်းပြ (၁) ဦး (ဇ) ကျောက်စိမ်းပန်းပု အရောင်တင် နည်းပြ  (၁) ဦး (ဈ) ကျောက်မျက်ပန်းချီနည်းပြ (၂) ဦး (ည) ကျောက်မျက်ကျောက်သွေးနည်းပြ (၂) ဦး (ဋ) 2D ဒီဇိုင်းနည်းပြ (၁) ဦး (ဌ) 3D CAD-CAM နည်းပြ (၁) ဦး (ဍ) ဖယောင်းနည်းပြ (၁) ဦး (ဍ္ဎ) မိုနည်းပြ (၁) ဦး (ဏ) ပန်းတိမ်နည်းပြ (၁) ဦး (တ) စိန်၊ကျောက်တပ်နည်းပြ (၁) ဦး   ၂။ စာပိုဒ်(၁)ပါ ရာထူးပါ လျှောက်ထားသူသည် - (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ (ခ) အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။ (ဂ) စိတ်ရောကိုယ်ပါကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ (ဃ)သက်ဆိုင်ရာရာထူးအလိုက်သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူ ဖြစ်ရမည်။ (င) သက်ဆိုင်ရာအသုံးပြုမည့် လုပ်ငန်းသုံးပစ္စည်းများ/ စက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာကိုင်တွယ်တတ်ရမည်။ (စ) သင်ကြားရေးဝါသနာပါသူဖြစ်ရမည်။ (ဆ) သင်တန်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။   ၃။ အလုပ်လျှောက်ထားသူသည်- (က) အလုပ်လျှောက်ထားသည့် ရာထူး၊ မျှော်မှန်းလစာ၊ အလုပ်လျှောက်ရသည့် အကြောင်းအရင်းနှင့် ပြည့်စုံသည့် CV Form၊ (ခ) လျှောက်ထားသည့ရ် ာထူးနှင့် ပတ်သက်သည့် လုပ်ငန်းအတွေ့အကြုံ အထောက်အထားတို့နှင့် အတူ အောက်ဖော်ပြပါ လိပ်စာများသို့ ပေးပို့ လျှောက်ထားနိုင်သည်။   ၄။ လျှောက်လွှာနှင့်အတူအောက်ပါတို့ကို ပြည့်စုံစွာပူးတွဲတင်ပြလျှောက်ထားရပါမည်- (က) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြစ်မှုကင်းရှင်းကြောင်းသက်ဆိုင်ရာမြို့နယ်ရဲစခန်း တို့၏ တစ်လအတွင်း ထောက်ခံချက် မူရင်း (ခ) ကျန်းမာရေးကောင်းမွန်ကြောင်း ကျန်းမာရေးဦးစီးဋ္ဌာန၏ တစ်လအတွင်း ဆေးစစ်ချက် မူရင်း (ဂ) (၆)လအတွင်းပြုလုပ်ထားသောအလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ   ၅။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့်ကိုက်ညီမှုရှိရမည်။ (က) ကျောက်စိမ်းလက်ကောက် ထုတ်လုပ်မှုနည်းပြ ရာထူးအတွက် လက်ကောက် ထုတ်လုပ်မှုအတွက်ကျွမ်းကျင်စွာ ခဲပေးနိုင်သူဖြစ်ရမည်။ ဒီဇယ်ခုံ ၊ ရေခုံ များကို ကိုင်တွယ်တတ်ပြီး စက်ပစ္စည်းများကို အသေးစိတ်နားလည် ပြုပြင်တတ်ရမည်။အတွေ့အကြုံအနည်းဆုံး(၅) နှစ်ရှိရပါမည်။ (ခ) ကျောက်စိမ်းလုံးချောထုတ်လုပ်မှုနည်းပြ ရာထူးအတွက် ခဲပေး၍ ကျောက်များကို ကိုယ်တိုင်ဖြတ်တောက်နိုင်ရမည်။ ကျောက်အကြောင်းကို ပိုင်နိုင်စွာ နားလည်တတ်ကျွမ်းရမည်။ ပုံသဏ္ဍန်အစုံ ၊ ဆိုဒ်စုံပုံဖော် သွေးတတ်ရမည်။ စကေးကိုက်သွေးတတ်ရမည်။ အတွေ့အကြုံအနည်းဆုံး(၅) နှစ်ရှိရပါမည်။ (ဂ) ကျောက်စိမ်းအရောင်တင်နည်းပြ ရာထူးအတွက် ကျောက်စိမ်းအသား၊ အရည်အသွေး ၊ ထုလုပ်ထားသည့်ပုံသဏ္ဍန်၊ အရွယ်အစား ကိုစနစ်တကျ လေ့လာပြီး အရောင်တင်တတ်ရမည်။ အတွေ့အကြုအနည်းဆုံး(၅)နှစ်ရှိရပါမည်။ (ဃ) ကျောက်စိမ်းပုတီး နည်းပြရာထူးအတွက် ကျောက်စိမ်းပုတီးပြုလုပ်ရန်အတွက် ကျောက်သားရွေးခြယ်ခြင်း၊ခဲပေးခြင်း၊ ဖြတ်တောက်ခြင်း၊ ပုံသဏ္ဍန်ဖော်ခြင်း နှင့် အချောကိုင်ခြင်း၊ ပုတီးပေါက်ဖောက်ခြင်း တို့ကို အသုံးပြုမည့် စက်ကိရိယာများဖြင့် ကျွမ်းကျင်စွာပြုလုပ်နိုင်ရမည်။ အတွေ့အကြုံအနည်းဆုံး(၅) နှစ်ရှိရပါမည်။ (င) ကျောက်စိမ်း ရုပ်ထု၊ ပန်းပုနည်းပြ ရာထူးအတွက် ပန်းချီအခြေခံဖြင့် ပုံဖော် ရေးဆွဲတတ်ရမည်။ ကျောက်စိမ်းသားပေါ်တွင် ထုလုပ်မည့် ပုံသဏ္ဍန်ကိုဖော်၍ ဖြတ်တောက်ခြင်း၊ အနုစိတ် ရေးဆွဲ ခြင်း၊ ကိရိယာများဖြင့် အနုစိတ်ပုံဖော်ဆောင်ရွက်နိုင်ရမည်။ အတွေ့အကြုံအနည်းဆုံး(၅) နှစ်ရှိရပါမည်။ (စ) ကျောက်စိမ်း CNC နည်းပြရာထူးအတွက် သက်ဆိုင်ရာဆော့ဖ်ဝဲလ်ဖြင့်ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်ရမည်။ ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲတတ်ရမည်။ အတွေ့အကြုံ အနည်းဆုံး(၅)နှစ်ရှိရပါမည်။ (ဆ) ကျောက်စိမ်း 3D /5Dနည်းပြ ရာထူးအတွက် သက်ဆိုင်ရာဆော့ဖ်ဝဲလ်ဖြင့်ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်ရမည်။ ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲတတ်ရမည်။ အတွေ့အကြုံအနည်းဆုံး(၅)နှစ်ရှိရပါမည်။ (ဇ) ကျောက်စိမ်းအချောကိုင် နည်းပြ ရာထူးအတွက် ကျောက်စိမ်း အသား၊ ကျောက်စိမ်း အရည်အသွေးကိုလိုက်၍ အရောင်တင် အချောကိုင် ကျွမ်းကျင်သူဖြစ်ရမည်။အတွေ့အကြုံအနည်းဆုံး(၅)နှစ်ရှိရပါမည်။ (ဈ) ကျောက်မျက်ပန်းချီနည်းပြ ရာထူးအတွက် ပန်းချီသင်တန်းကျောင်းဆင်းဖြစ်ရမည်။ (ညနေ၊ အချိန်ပိုင်း၊နေ့တက္ကသိုလ်)၊ လုပ်သက်အတွေ့ အကြုံ အနည်းဆုံး (၃) နှစ်မှ (၅) နှစ်ရှိရမည်။ အသက်(၃၀) နှစ်အထက်ဖြစ်ရမည်။ (ည) ကျောက်မျက်ကျောက်သွေးနည်းပြ ရာထူးအတွက် ကျောက်မျက် ရတနာမျိုးစုံကို နားလည် တတ်ကျွမ်းသူဖြစ်ရမည်။ သက်ဆိုင်ရာကိရိယာများကိုအသုံးပြု၍ ပုံသဏ္ဍန်မျိုးစုံဖြင့် ပုံဖော်သွေးနိုင်ရမည်။အတွေ့အကြုံအနည်းဆုံး(၅)နှစ်ရှိရပါမည်။ (ဋ) 2D ဒီဇိုင်းနည်းပြ ရာထူးအတွက် အခြေခံပညာအလယ်တန်းအဆင့်အောင်မြင် ပြီးသူဖြစ်ပြီး ပန်းချီပညာကိုနားလည်ကျွမ်းကျင်သူဖြစ်ရမည်။ ယဉ်ကျေးမှု တက္ကသိုလ် ကျောင်းဆင်း(ပန်းချီ)(ပန်းချီ၊ပန်းပုကျောင်းဆင်းလက်မှတ်ရှိသူဦးစားပေးမည်။)အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။ (ဌ) 3D CAD-CAM နည်းပြ ရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူဖြစ်ပြီး 3D oftware အား (GEM VISION MATRIX) ကျွမ်းကျင်စွာ အသုံးပြုပြီး လက်ဝတ်ရတနာ ဒီဇိုင်းအမျိုးမျိုးအား ဖန်တီးရေးဆွဲနိုင်ရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၅) နှစ်ရှိရမည်။ (ဍ) ဖယောင်းနည်းပြ ရာထူးအတွက် အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး၊ ဖယောင်း အထည်အမျိုးမျိုးကို နားလည်တတ်ကျွမ်း ရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။ (ဍ္ဎ) မိုနည်းပြရာထူးအတွက် အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး၊ မိုယူခြင်း ၊ မိုခွဲခြင်း၊ ဖယောင်းထုတ်ခြင်း၊ဖယောင်းပြင်ခြင်း နှင့် သက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။ (ဏ) ပန်းတိမ်နည်းပြ ရာထူးအတွက် အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး၊ အထည်အမျိုးမျိုးကို ရွှေ၊ငွေ၊ ကြေး ၊ သတ္တု များဖြင့် အစ မှ အဆုံးထိ ကျွမ်းကျင်စွာ ပြုလုပ်နိုင်ရမည်။စက်ပန်းတိမ် ၊ လက်ပန်းတိမ် ပညာကို နားလည်တတ်ကျွမ်း ရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။ (တ) စိန်၊ကျောက်တပ်နည်းပြ ရာထူးအတွက် အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီး၊ ကျောက်မျက်အရည်အသွေးကို ကောင်းစွာနားလည် တတ်ကျွမ်းရမည်။ ကျောက်တပ်နည်း အမျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်တတ်ကျွမ်းရမည်။ အသက်(၃၀)နှစ်အထက်ဖြစ်ရမည်။ လုပ်သက်အတွေ့အကြုံ (၁၀) နှစ်ရှိရမည်။   ၆။ ဝင်ခွင့ေ် လျှာက်လွှာများကို ( ၅.၁၀.၂၀၁၉)ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍အောက်ဖော်ပြပါ နည်းလမ်းများဖြင့်ပေးပို့လျှောက်ထားနိုင်ပါသည်- (က) Viber ဖြင့ ် ပေးပို့လျှောက်ထားခြင်း။ (၁) ဦးကျော်ရွှေ (ကျောင်းအုပ်ကြီး) ၀၉-၄၂၁၇၂၉၂၄၀ (၂) ဦးမျိုးနိုင် (ဒုတိယကျောင်းအုပ်ကြီး) ၀၉-၄၀၀၀၁၆၇၄၁ (ခ) မူရင်းလျှောက်လွှာများကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း သို့ လိပ်မူ၍ လူကိုယ်တိုင်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ၊ E-mail ဖြင့်ဖြစ်စေ အောက်ပါအတိုင်းပေးပို့နိုင် ပါသည် -   (၁) ဦးခိုင်မိုး (ရုံးအဖွဲမှူး) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (နေပြည်တော်) မဏိရတနာကျောက်စိမ်းခန်းမ၊ ဇမ္ဗူသီရိမြို့နယ် ၊ နေပြည်တော်။ ၀၆၇-၄၃၂၃၈၅ Mail: mgjea.npt@gmail.com   (၂) ဦးနေလင်း (၀၉-၉၇၀၄၉၅၃၄၈) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (ရန်ကုန်) အမှတ်(၆၈)၊ ကမ္ဘာအေးဘုရားလမ်း၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၆၆၃၀၈၀ Mail: info@mgjea.org   ၇။လူဦးရေ ကန့်သတ်ထားပါသဖြင့် လျှောက်လွှာဦးစွာရောက်ရှိမှုအပေါ် ဦးစားပေးအစီအစဉ်ဖြင့်ခေါ် ယူဆောင်ရွက်သွားပါမည်။   လျှောက်လွှာများကို စီစစ်ပြီး လူတွေ့စစ်ဆေးခြင်းအား စက်တင်ဘာ-၂၆ ရက်နေ့ နှင့် အောက်တိုဘာ ၈ရက်နေ့များတွင် နံနက်၁၀း၀၀ နာရီမှစတင်၍ နေပြည်တော် ရွှေကြာပင် ကျောက်မျက်ရတနာ သင်တန်းကျောင်းတွင် ရုံးချိန်အတွင်းလူတွေ့/လက်တွေ့ ပြုလုပ်စစ်ဆေးသွားပါမည်။သင်တန်းကာလအတွင်း နေထိုင် ၊ စားသောက်ရေး စီစဉ်ပေးမည်။   အသေးစိတ်အချက်လက်များအား Myanmar Gems and Jewellery Enterpreneurs Association face book page နှင့် //www.mgjea.org တွင် အချိန်နှင့်တစ်ပြေးညီဝင်ရောက ်ကြည့်ရှု နိုင် ပါသည်။   မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

Read More...

နေပြည်တော် (ရွှေကြာပင်) ကျောက်မျက်သင်တန်းကျောင်းအတွက် ဝန်ထမ်းများ ခေါ်ယူခြင်း

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကျောက်မျက်ရတနာသင်တန်းကျောင်းဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း   ၁။မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှနေပြည်တော် ရွှေကြာပင်ရှိနည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေး ကျောက်မျက်ရတနာသင်တန်းကျောင်းတွင်စီမံ ခန့်ခွဲရေးဆိုင်ရာရုံးဝန်ထမ်းသစ်များခန့်ထားရန်အတွက် အောက်ဖော်ပြပါရာထူးများအားလျှောက်ထားနိုင်ပါသည်-   (က) စီမံရေးရာအရာရှိ (၁) ဦး (ခ) စာရင်းကိုင် (၁) ဦး (ဂ) ရုံးစာရေး (ပြည်သူ့ဆက်ဆံရေးရာဋ္ဌာန) (၁) ဦး (ဃ) ရုံးစာရေး (ရုံးနှင့်ဝန်ထမ်းစီမံရေးရာဋ္ဌာန) (၁) ဦး (င) အထွေထွေပြုပြင်ထိမ်းသိမ်းရေးဝန်ထမ်း(ကျား) (၂) ဦး (စ) ယာဉ်မောင်း (၁) ဦး (ဆ) စတိုထိန်း (၁) ဦး (ဇ) လုံခြုံရေးဝန်ထမ်း(ကျား) (၂) ဦး (ဈ) သန့်ရှင်းရေးဝန်ထမ်း(ကျား/မ) (၂) ဦး   ၂။ လျှောက်ထားသူသည်- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ (ခ) ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။ (ဂ) စိတ်ရောကိုယ်ပါကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ (ဃ)သက်ဆိုင်ရာရာထူးအလိုက်သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူ ဖြစ်ရမည်။ (င) နေပြည်တော်တွင် မိမိ အစီအစဉ်ဖြင့် နေထိုင်နိုင်သူဖြစ်ရမည်။   ၃။ စာပိုဒ် ၁ ပါရာထူးများအတွက် လျှောက်ထားသူသည် (က) ရာထူးအတွက် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုနှင့် Management Diploma ရရှိပြီးသူဖြစ်ပြီး Admin & HRအတွေ့အကြုံ (၅) နှစ်၊ စတိုပိုင်းအတွေ့အကြုံရှိရမည်။ အသက်(၃၅) နှစ်အောက်ဖြစ်ရမည်။ (ခ) ရာထူးအတွက် စီးပွားရေးတက္ကသိုလ်မှ B.Act ဘွဲ့ (သို့) စာရင်းကိုင် အောင်လက်မှတ်ရထားသူအသက်(၃၅) နှစ်အောက်ဖြစ်ရမည်။ (ဂ) ရာထူးအတွက် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီး Marketing, Social Media ကျွမ်းကျင်သူ၊ Digital Marketing ကျွမ်းကျင်သူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူ၊ အသက် (၃၅) နှစ် အောက်ဖြစ်ရမည်။ (ဃ) ရာထူးအတွက် တက္ကသိုလ်မှ ဘွဲ့တစ်ခုခုနှင့် Computer, Internet, email စာစီစာရိုက် ကျွမ်းကျင်ပြီးအသက်(၃၅) နှစ်အောက်ဖြစ်ရမည်။ (င) ရာထူးအတွက် အခြေခံပညာအလယ်တန်းအဆင့်ထိ သင်ယူဖူးသူဖြစ်ရမည်။ လျှပ်စစ်မီးလိုင်း၊ရေပိုက်လိုင်း နှင့် အထွေထွေ ပြုပြင်ထိန်းသိမ်းနိုင်သူဖြစ်ရမည်။ (စ) ရာထူးအတွက် ယာဉ်မောင်းလိုင်စင်(ခ) သက်တမ်း(၂) နှစ်နှင့်အထက်ရှိရမည်။ ကားကိုစနစ်တကျပြုပြင်ထိမ်းသိမ်းနိုင်သူ ဖြစ်ရမည်။ (ဆ) ရာထူးအတွက် အခြေခံပညာ အထက်တန်းအဆင့် အောင်မြင်သူဖြစ်ရမည်။ စတိုအတွေ့ကြုံရှိ ရမည်။အသက်(၄၀) နှစ်အောက်ဖြစ်ရမည်။ (ဇ) ရာထူးအတွက် အမျိုးသားဖြစ်ရမည်။ ကျန်းမာသန်စွမ်းသူုဖြစ်ရမည်။ လုံခြုံရေးအသိ သတိ ရှိရမည်။ မနက် နှင့် ည တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။ (ဈ) ရာထူးအတွက် ကျန်းမာသန်စွမ်းသူဖြစ်ရမည်။ အသက်(၄၀)နှစ် အောက်ဖြစ်ရမည်။   ၄။ လျှောက်ထားသူသည် လျှောက်လွှာတွင် လျှောက်ထားသည့်ရာထူးကို ဖော်ပြ၍ အောက်ပါအချက် များပါ ်ပြီး၊ လျှောက်ထားသူကိုယ်တိုင် လက်မှတ်ရေးထိုးပေးပို့ရမည်- (က) အမည်နှင့် နိုင်ငံသား စိစစ်ရေးကတ်အမှတ် (ခ) မွေးသက္ကရာဇ် နှင့် အသက် (ဂ) လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ (ဃ) ပညာအရည်အချင်းနှင့်အောင်မြင်သည့်ခုနှစ် (င) မျှော်မှန်းလစာ (စ) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အလုပ်အကိုင်နှင့်နေရပ်လိပ်စာ (ဆ) အလုပ်သမားမှတ်ပုံတင်အမှတ်နှင့်မှတ်ပုံတင်သည့်ရက်စွဲ (ဇ) ဆက်သွယ်ရန်နေရပ်လိပ်စာနှင့်တယ်လီဖုန်းအမှတ် (ဈ) အမြဲတမ်းနေရပ်လိပ်စာအပြည့်စုံ။   ၅။ လျှောက်လွှာနှင့်အတူအောက်ပါတို့ကို ပြည့်စုံစွာပူးတွဲတင်ပြလျှောက်ထားရပါမည်- (က) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြစ်မှုကင်းရှင်းကြောင်းသက်ဆိုင်ရာမြို့နယ်ရဲစခန်း တို့၏ တစ်လအတွင်း ထောက်ခံချက် မူရင်း (ခ) ကျန်းမာရေးကောင်းမွန်ကြောင်း ကျန်းမာရေးဦးစီးဋ္ဌာန၏ တစ်လအတွင်း ဆေးစစ်ချက် မူရင်း (ဂ) အမှတ်စဉ်(က) (ခ)(ဂ)(ဃ) ရာထူးများအတွက် ဘ့လွဲ က်မှတ်မိတ္တူ (သို့မဟုတ်)ဘွဲ့ရရှိကြောင်း ထောက်ခံချက်မူရင်း။ (ဃ) (၆)လအတွင်းပြုလုပ်ထားသောအလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ   ၆။ ဝန်ထမ်းလျှောက်လွှာများကို ( ၅.၁၀.၂၀၁၉)ရက် နေ့ရုံးချိန်အတွင်း နောက်ဆုံးထား၍အောက်ဖော်ပြပါနည်းလမ်းများဖြင့်ပေးပို့လျှောက်ထားနိုင်ပါသည်-   (က) Viber ဖြင့ ် ပေးပို့လျှောက်ထားခြင်း။ (၁) ဦးကျော်ရွှေ (ကျောင်းအုပ်ကြီး) ၀၉-၄၂၁၇၂၉၂၄၀ (၂) ဦးမျိုးနိုင် (ဒုတိယကျောင်းအုပ်ကြီး) ၀၉-၄၀၀၀၁၆၇၄၁ (ခ) မူရင်းလျှောက်လွှာများကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း သို့ လိပ်မူ၍လူကိုယ်တိုင်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ၊ E-mail ဖြင့်ဖြစ်စေ အောက်ပါအတိုင်းပေးပို့နိုင်ပါသည် -   (၁) ဦးခိုင်မိုး (ရုံးအဖွဲမှူး) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (နေပြည်တော်) မဏိရတနာကျောက်စိမ်းခန်းမ၊ ဇမ္ဗူသီရိမြို့နယ် ၊ နေပြည်တော်။ ၀၆၇-၄၃၂၃၈၅ Mail: mgjea.npt@gmail.com   (၂) ဦးနေလင်း (၀၉-၉၇၀၄၉၅၃၄၈) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (ရန်ကုန်) အမှတ်(၆၈)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ၀၁-၆၆၃၀၈၀ Mail: info@mgjea.org   ၇။လူဦးရေ ကန့်သတ်ထားပါသဖြင့် လျှောက်လွှာဦးစွာရောက်ရှိမှုအပေါ် ဦးစားပေးအစီအစဉ်ဖြင့်ခေါ် ယူဆောင် ရွက်သွားပါမည်။လျှောက်လွှာများကို စီစစ်ပြီး လူတွေ့စစ်ဆေးခြင်းအား စက်တင်ဘာ-၂၆ ရက်နေ့ နှင့် အောက်တိုဘာ ၈ရက်နေ့များတွင် နံနက်၁၀း၀၀ နာရီမှစတင်၍ နေပြည်တော် ရွှေကြာပင် ကျောက်မျက်ရတနာ သင်တန်းကျောင်းတွင် ရုံးချိန်အတွင်းလူတွေ့ ပြုလုပ်စစ်ဆေးသွားပါမည်။အသေးစိတ်အချက်လက်များအား Myanmar Gems and Jewellery Enterpreneurs Association facebook page နှင့် //www.mgjea.org တွင် အချိန်နှင့်တစ်ပြေးညီဝင်ရောက ်ကြည့်ရှု နိုင် ပါသည်။   မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

Read More...

၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအစည်းအဝေးကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ၁၆.၉.၂၀၁၉ ရက်နေ့မှ ၂၅.၉.၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။   ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပြပွဲဗဟိုကော်မတီအစည်းအဝေးကို ၃၀.၈.၂၀၁၉ ရက်နေ့ (၁၄:၀၀) နာရီတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမရှိ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပြပွဲဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပြပွဲအထောက်အကူပြု လုပ်ငန်းကော် မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများ၊ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းတို့ တက်ရောက်ခဲ့ကြပါသည်။   အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေးအစီအစဉ်အရ သက်ဆိုင်ရာလုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက ပြပွဲ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို အသေးစိတ် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။   လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အသေးစိတ် ညှိနှိုင်းဖြည့်ဆည်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို (၁၅:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။   

Read More...

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမသက်တမ်း စီမံခန့်ခွဲရေးကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမသက်တမ်း စီမံခန့်ခွဲရေးကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ၂၆.၈.၂၀၁၉ ရက် (တနင်္လာနေ့) နေ့လည်(၁၃း၀၀)နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ (အစည်းအဝေးခန်းမ)တွင် ကျင်းပရာ မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အသင်း၏ ဥပဒေအကြံပေးများ တက်ရောက်ကြပါသည်။   -MGJEA 

Read More...

၂၀၁၉ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆိုင်ရာ သတင်းအချက်အလက်များ

- ရတနာပြပွဲ ဝင်ခွင့်ကတ် (RFID Card)များ ကြိုတင်ဆောင်ရွက်နိုင်ရန်ကိစ္စ - ရတနာပြပွဲတက်ရောက်မည့်သူ အမျိုးအစားအလိုက် ကောက်ခံမည့် ဝင်ကြေးငွေနှုန်းထားများ - ပြပွဲတက်ရောက်ခွင့် တင်ပြသည့် ရတနာကုန်သည် အမျိုးအစားအလိုက် လိုအပ်သည့် စာရွက်စာတမ်းများ - ဝင်ကြေးငွေ၊ အာမခံစပေါ်ငွေနှင့် ကျောက်အတွဲတန်ဖိုးများ ပေးသွင်းရမည့် ဘဏ်အမည်နှင့် ငွေစာရင်းအမှတ်များ 

Read More...

တတိယအကြိမ် မြန်မာ့ကျောက်မျက်ရတနာနေ့ အခမ်းအနားနှင့် ဒသမအကြိမ် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးကျင်းပ

တတိယအကြိမ် မြန်မာ့ ကျောက်မျက်ရတနာနေ့ အခမ်းအနားကို (၃.၈.၂၀၁၉)ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပါသည်။ အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူး များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အသင်းတာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ၂၀၁၇ ခုနှစ်မှ စတင်၍ ဩဂုတ်လ ၃ ရက်ကို ကျောက်မျက်ရတနာကဏ္ဍ၏ နေ့ထူးနေ့မြတ်၊ မြန်မာ့ ကျောက်မျက်ရတနာနေ့အဖြစ် သတ် မှတ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း စတင်တည်ထောင်ခွင့် ရရှိသည့်အချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ကျောက်မျက်ရတနာ ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းခွဲများ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့သည့်အပြင် ဒေသခံ တိုင်းရင်းသားများ၏ ကျောက်မျက်ရတနာလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စေရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။   မြန်မာ့ ကျောက်မျက်ရတနာများသည် နိုင်ငံအတွက် နိုင်ငံခြားငွေ ရှာဖွေပေးနိုင်သကဲ့သို့ အခွန်ဘဏ္ဍာများစွာ ရရှိပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူပြု လျက်ရှိပါကြောင်း၊ ကျောက်မျက်ရတနာ ကဏ္ဍသည် နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်း များစွာကို ဖော်ဆောင်ပေးနေသည့် စီးပွားရေးကဏ္ဍတစ်ရပ်လည်း ဖြစ်ပါကြောင်း၊ မြန်မာ့ ကျောက်မျက်ရတနာ ကဏ္ဍ၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ရည်ရွယ်ချက်များ ပြည့်ဝအောင်မြင်စေရန်နှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏အကျိုး၊ နိုင်ငံတော်၏ အကျိုးကို ရှေ့ရှု၍ မြန်မာ့ ကျောက်မျက်ရတနာများကို သားစဉ် မြေးဆက်ထုတ်ယူသုံးစွဲနိုင်ရေး တာဝန်ရှိသူများ အားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း ဆောင် ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။   ထို့နောက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး အသင်း၏ စတုတ္ထသက်တမ်းဥက္ကဋ္ဌ ဦးရုံးမူက မြန်မာ့ ကျောက်မျက်ရတနာနေ့အတွက် ဂုဏ်ပြုစကား ပြောကြားသည်။   ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်းက လှူဒါန်းသည့် ဂေဟစနစ် ဖြည့်တင်းရေး စိုက်ခင်းဧက(၁၀၀)အတွက် အလှူငွေများကို လက်ခံရယူပြီး အသင်းဥက္ကဋ္ဌအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။   ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက မြန်မာ့ ကျောက်မျက်ရတနာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပြပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြသူများနှင့် အသင်းအဖွဲ့များ ကို ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ကြသည်။   မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ဒသမအကြိမ် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ အသင်းအလုပ်အမှုဆောင် အဖွဲ့၏ (၂၀၁၈-၂၀၁၉)ခုနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာ အကျင်းချုပ်ကို တင်ပြခြင်း၊ ငွေစာရင်း နှစ်ချုပ်ရှင်းတမ်း ရှင်းလင်းခြင်းနှင့် အသင်း၏ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း ဆိုင်ရာများ ရှင်းလင်းတင်ပြ ခြင်းများကို ဆောင်ရွက်ကြသည်။   -MGJEA 

Read More...

(၁၆)ကြိမ်မြောက် နန်နင်း-တရုတ်-အာဆီယံ ကုန်စည်ပြပွဲ" သို့ သွားရောက်ပြသကြမည့် ရတနာ ကုန်သည်များ၏ လုပ်ငန်း လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း..

"(၁၆)ကြိမ်မြောက် နန်နင်း-တရုတ်-အာဆီယံ ကုန်စည်ပြပွဲ" သို့ သွားရောက်ပြသကြမည့် ရတနာ ကုန်သည်များ၏ လုပ်ငန်း လိုအပ်ချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးလှစိုးဦး၊ အသင်း အကြံပေး ဦးအောင်မြင့်၊ တွဲဖက်အတွင်းရေးမှူး (၁) ဦးအောင်ကျော်မြတ်နှင့် ဗဟိုအလုပ်အမှုဆောင် ၊ အလုပ်အမှုဆောင်များသည် (၂၉.၇.၂၀၁၉)ရက် နေ့လည်(၁း၀၀)နာရီတွင် နေပြည်တော် စီးပွား/ကူးသန်းဝန်ကြီးဌာန မူဝါဒနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

Read More...

နေပြည်တော်ရွှေကြာပင်ကျောက်မျက်သင်တန်းကျောင်းကိုမွမ်းမံပြီးမြန်မာနိုင်ငံရဲ့ပထမဦးဆုံးကျောက်မျက်ရတနာသက်မွေးပညာ နည်းပညာသင်တန်းကျောင်းကိုရေရှည်အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ(၃) ဒေါက်တာအောင်ကျော်ဝင်းဦးဆောင်သည့် ထိုင်းနိုင်ငံခရီးစဉ်

နေပြည်တော်ရွှေကြာပင်ကျောက်မျက်သင်တန်းကျောင်းကိုမွမ်းမံပြီးမြန်မာနိုင်ငံရဲ့ပထမဦးဆုံးကျောက်မျက်ရတနာသက်မွေးပညာ နည်းပညာသင်တန်းကျောင်းကိုရေရှည်အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ(၃) ဒေါက်တာအောင်ကျော်ဝင်းဦးဆောင်၍ အကြံပေးကိုအေးချမ်းကိုကို ကျောင်းအုပ်ကြီးဦးကျော်ရွှေ ဒုတိယကျောင်းအုပ်ကြီးဦးမျိုးနိုင်တို့သည်ဇူလိုင်လ(၂၃) ရက်နေ့မှ (၂၆) ရက်နေ့အထိထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Golden Jubilee Royal Thai Goldsmith College ကိုသွားရောက်လေ့လာခဲ့သည် အဆိုပါျကာလိပ်တွင်တာဝန်ရှိပုဂ္ဂိုလ် ဒါရိုက်တာများ ကျောင်းအုပ်ကြီးနှင့် အတွင်းရေးမူးအဖွဲ့တို့နှင့်တွေ့ဆုံ၍ သင်တန်းကျောင်းရေရှည်အောင်မြင်စွာအကောင်အထည်ဖော်နိင်အောင်တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် Apprenticeship program အကောင်အထည်ဖော်မူ့များ သင်တန်းကျောင်းနှင့်လုပ်ငန်းရှင်များကြားတွင် Apprenticeship program အောင်မြင်ရေးအတွက်အပြန်ပြန်အလှန်လှန်အထောက်အပံ့ပေးမူ့များအားဆွေးနွေးခဲ့ပြီးအမြင်ချင်းဖလှယ်ခဲ့ပါတယ်   ထို့နောက် ဘန်ကောက်မြို့ Gemopolis တွင် apprenticeship program ကိုအောင်မြင်အောင်အကောင်အထည်ဖော်နေသည့် Mini company တွင်ထည့်မံဆွေးနွေးခဲ့ပါသည် ထို့နောက် ကျောက်သွေးအလုပ်ရုံနှင့်စက်ရုံများကိုအသေးစိတ်လေ့လာပြီးလိုအပ်သည်များမေးမြန်းခဲ့ပြီး Video မှတ်တမ်းများရယူခဲ့ပါသည် နောက်ဆုံးတွင်ကမ္ဘာကျော်ဆွစ်စလန်နိင်ငံမှကျောက်သွေးကုမ္ပဏီကိုအသေးစိတ်ျလ့လာခွင့်ရခဲ့ပြီး ဘန်ကောက်မြို့ Silom လမ်းမပေါ်ရှိ Gems Trading Center ကို့လေ့လာပြီးလေ့လာရေးခရီးစဉ်အဆုံးသတ်ခဲ့ပါတယ်   ခရီးစဉ်တလျှောက်အစစအရာရာပြီးစီးအောင်မြင်ဖို့အတွက်ကူညီစီမံဆောင်ရွက်ပြီးခရီးစဉ်တလျှောက်လိုလေသေူမရှိအောင်ကူညီပေးခဲ့သည့် ASEAN Gems & Jewellers Association မှ Chairman ဖြစ်သူ Mr Suttipong နှင့်တကွတာဝန်ရှိသူများကိုကျေးဇူးအထူးတင်ရှိကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်

Read More...