Language :
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျောက်မျက်တွဲများနှင့် ကျောက်စိမ်းတွဲများ စတင်ခင်းကျင်း ပြသရောင်းချခြင်းကို ယနေ့ (၀၈:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် (သတ္တုရေးရာ) ဦးမင်းမင်းဦး၊ ပြပွဲဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ရတနာပြပွဲဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာ ကျောက်စိမ်းခန်းမ ပထမထပ်ရှိ ကျောက်မျက်တွဲများ ခင်းကျင်းထားရှိမှု အခြေအနေနှင့် မဏိရတနာ ကျောက်စိမ်းခန်းမဝင်းအတွင်း ကျောက်ခင်းကွင်း နယ်မြေများရှိ ကျောက်စိမ်းတွဲများ ခင်းကျင်းထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ဇွန်လ (၈) ရက်နေ့မှ (၁၃) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ကျောက်မျက်တွဲ (၂၆၀) တွဲ ကို ၁၀.၆.၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ ကျောက်စိမ်းတွဲ (၃၁၀၈) တွဲကို ၁၁.၆.၂၀၁၉ ရက်နေ့ မှ ၁၃.၆.၂၀၁၉ ရက်နေ့အထိလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။
Read More...
မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမ (ကမ္ဘာအေး)တွင် အောက်ဖော်ပြပါ အဆင့်မြင့်လက်ဝတ်ရတနာ ဆိုင်ခန်း (၆)ခန်းအား ငှားရမ်းရန် လစ်လပ်လျှက်ရှိပါသည်။အဆိုပါ လက်ဝတ်ရတနာဆိုင်ခန်းများကို ကျောက်မျက်ရတနာ လုပ်ငန်း လုပ်ကိုင်သူ မည်သူမဆို ငှားရမ်း လျောက်ထားရယူပြီး လုပ်ငန်းဆောင်ရွက်နိုင်ပါသည်။ - (B-7 / B-8 / B-9 / C-3 / D-5 / D-9) မျက်နှာစာ ၁၂ပေ xအနံ ၁၁ပေ - စုစုပေါင်း လစ်လပ် ဆိုင်ခန်း (၆)ခန်း ဖြစ်ပါသည်။ - ဆိုင်ခန်းခမှာ (၁)လျှင် ၆၀၀,၀၀၀/- (ကျပ်ခြောက်သိန်းတိတိ)ဖြစ်ပြီး လစဉ်ငွေ ကြိုတင် ပေးသွင်းရမည် ဖြစ်ပါသည်။ - ဆိုင်ခန်းရယူလိုသူများ အမှတ်(၆၈) ကမ္ဘာအေးဘုရားလမ်းမရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ရှိမြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း(ကမ္ဘာအေး) ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
Read More...
၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲတွင် ရတနာကုန်သည်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ အသိပေးကြေညာချက်များ
Read More...
မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ(မူကြမ်း)အား အကြံပြုနိုင်ရေးအတွက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းတို့၏ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ၂၂.၅.၂၀၁၉(ဗုဒ္ဓဟူးနေ့) နေ့လည်(၁၃း၀၀)နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ အစည်းအဝေးခန်းမတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ဥပဒေဆိုင်ရာအကြံပေးအဖွဲ့(သတ္တုရေးရာ) ဥက္ကဋ္ဌ ဦးကိုကိုလွင်၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာများဖြစ်ကြသော ဦးမင်းသူ၊ ဦးသန်းဇော်ဦး နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ဒု-ဥက္ကဋ္ဌ(၄) ဦးကျော်သူရ၊ ဒု-ဥက္ကဋ္ဌ(၅) ဦးဇော်ဘိုခန့်၊ ဗဟိုအလုပ်အမှုဆောင်/ အလုပ်အမှုဆောင်များ၊ အသင်းခွဲများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းမှ ဥပဒေအကြံပေးများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြပါသည်။
Read More...
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း၊ အမှတ်(၆၈)ရှိ မြန်မာ့ ကျောက်မျက်ရတနာပြပွဲခန်းမအား (၁၂.၆.၂၀၁၈)ရက်နေ့မှ (၁၁.၆.၂၀၂၃)ရက်နေ့အထိ (၅)နှစ် သက်တမ်းအနက်မှ ပထမသက်တမ်းဖြစ်သော (၁၂.၆.၂၀၁၈)ရက်နေ့မှ (၁၃.၆.၂၀၁၉)ရက်နေ့ အထိ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၂.၅.၂၀၁၉(ဗုဒ္ဓဟူးနေ့) နံနက်(၁၁း၀၀)နာရီတွင် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ အစည်းအဝေးခန်းမတွင် ကျင်းပပါသည်။ အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ဒု-ဥက္ကဋ္ဌ(၃) ဒေါက်တာအောင်ကျော်ဝင်း၊ ဒု-ဥက္ကဋ္ဌ(၄) ဦးကျော်သူရ၊ ဗဟိုအလုပ်အမှုဆောင်/ အလုပ်အမှုဆောင်များ နှင့် ဥပဒေအကြံပေးများ၊ ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲနှင့်အတူ မြန်မာ့ကျောက်မျက် ရတနာအရောင်းခန်းမ(ကမ္ဘာအေး)ရှိ အဆင့်မြင့်လက်ဝတ်ရတနာဆိုင်များ၏ အရောင်း မြှင့်တင်ရေးကိစ္စများ၊ ဈေးသာယာရေးနှင့် မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ ဈေးကွက်မြှင့်တင်ခြင်း၊ ကျောက်မျက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် အကြံပြုတင်ပြခြင်းများနှင့် ဝန်ကြီးဌာန၏ လမ်းညွှန်မူ့ခံယူခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
Read More...
Myanmar B2B Management Magazine မှ ကြီးမှူးကျင်းပသော “ B2B စကားဝိုင်း ”တွင် "မြန်မာ့ကျောက်မျက်ရတနာနှင့် နိုင်ငံတကာဈေးကွက်အခွင့်အလမ်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ်၊ UMFCCI (မင်္ဂလာခန်းမ)တွင် ၂၀၁၉ခုနှစ် ၊ မေလ ၂၁ ရက် ၊ အင်္ဂါနေ့ (မနက်-၈နာရီမှ မွန်းတည့်-၁၂နာရီအထိ) ကျင်းပရာ ဆွေးနွေးမှုမစတင်မီ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ "Think Positive, Be Positive “ ဆိုသော ခေါင်းစဉ်ဖြင့် Keynote speech ပြောကြားပါသည်။ ထို့နောက် ဆရာကြီးဒေါက်တာအောင်ထွန်းသက်မှ ဦးဆောင်မေးမြန်းပြီး (၁) ဒေါက်တာ အောင်ကျော်ဝင်း ဒုဥက္ကဋ္ဌ(မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း) ဥက္ကဋ္ဌ (ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစု) ၊ (၂)ဦးဇော်ဘိုခန့် ဒုဥက္ကဋ္ဌ(မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း) ဥက္ကဋ္ဌ (ခန့်ရွှေပြည် ကုမ္ပဏီလီမီတက်)နှင့် (၃) ဒေါ်လုလု မန်နေးဂျင်း ဒါရိုက်တာ (The Rich Gems) တို့မှ ကျောက်မျက်ရတနာနှင့်ပတ်သက်ပြီး နိုင်ငံတကာဈေးကွက်အခြေအနေ၊ ဈေးကွက်သို့ မည်သို့မည်ပုံထိုးဖောက်ဆောင်ရွက်သင့်ကြောင်း အကြံပြုချက်များ၊ ကျောက်မျက်ရတနာဥပဒေ၊ အခွန်ကိစ္စ၊ Environmental Management Plan(EMP)ကိစ္စတို့နှင့်ပတ်သက်ပြီး ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မီဒီယာများ၏တွေ့ဆုံမေးမြန်းမှုများကို ရှင်းလင်းဖြေကြား ပေးခဲ့ကြပါသည်။
Read More...
ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ် (Environmental Management Plan - EMP) အစည်းအဝေးကို ၂၁.၅.၂၀၁၉ရက်(အင်္ဂါနေ့)၊ နံနက်(၀၉း၀၀)နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ဒု-ဥက္ကဋ္ဌ(၄) ဦးကျော်သူရ ၊ ဒု-ဥက္ကဋ္ဌ(၆)ဦးမြင့်ဟန် နှင့် ဗဟိုအလုပ်အမှုဆောင်/အလုပ်အမှုဆောင်များ ဥပဒေအကြံပေးနှင့် EMP ဆိုင်ရာပညာရှင်များနှင့် Valentis & Coffey Co., Ltd မှ CEO - MR. LACHLAN FOY, HEAD OF DIVISION - MR. BARTON NAPIER, TRANSLATOR - SAW BENJANIUM THULAYPHAW တို့ တက်ရောက်ကြပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်းမှ ဒုအထွေထွေမန်နေဂျာ ဦးသက်ခိုင်နှင့် လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းစိုးတို့တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် Valentis & Coffey Co., Ltd မှရေးဆွဲထားသော EMP ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပါသည်။
Read More...
ကချင်ပြည်နယ်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဒုတိယအကြိမ် ကျောက်စိမ်းအရောင်းပြပွဲကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် ၊ ဇုန်(၁) အချောထည်ရောင်းဝယ်ရေးစင်တာ စက်မှုဇုန်တွင် (၁၄.၅.၂၀၁၉)မှ (၁၈.၅.၂၀၁၉)အထိ ကျင်းပမည်ဖြစ်ပါသည်။
Read More...သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ၂၀၁၉ခုနှစ်၊ ဇွန်လ(၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်
Read More...