Language :
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ၂၀၁၉ခုနှစ်၊ ဇွန်လ(၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်
Read More...
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်ထားသည့် မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ(ကမ္ဘာအေး) ရှိ အဆင့်မြင့်လက်ဝတ်ရတနာအရောင်းဆိုင်များ၏ အရောင်းမြှင့်တင်ရေးနှင့် ဈေးသာယာရေးကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ၉.၅.၂၀၁၉ (ကြာသပတေးနေ့)၊ နေ့လည် (၁၃း၀၀) နာရီတွင် လည်းကောင်း၊ "ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ" ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယင်းနေ့ နေ့လည်(၁၄း၀၀)နာရီတွင် လည်းကောင်း မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမ(ကမ္ဘာအေး) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ(၃) ဒေါက်တာအောင်ကျော်ဝင်း ၊ ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်စိုး နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များမှ တာဝန်ရှိသူများ၊ အသင်းရုံးတာဝန်ရှိသူများ တက်ရောက်ကြပြီး ဆိုင်ခန်းငှားရမ်းခြင်းဆိုင်ရာ ကိစ္စများ ၊ စည်းမျဉ်းစည်းကမ်းရေးရာကိစ္စများ၊ ဆိုင်ခန်းများအတွက် လိုအပ်သည့်ပံ့ပိုးမှုဆိုင်ရာများနှင့် ကျောက်မျက်ဈေးကွက်မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
Read More...
ကျောက်မျက်ရတနာသင်တန်းကျောင်း (နေပြည်တော်)တွင် တာဝန်ထမ်းဆောင်ရန် ကျောင်းအုပ်ကြီး နှင့် ဒု-ကျောင်းအုပ်ကြီး ရာထူးများအတွက် လျှောက်လွှာခေါ်ယူခြင်း ..
Read More...
၂၀၁၉ခုနှစ် ၊ မတ် ၁၁ရက်မှ ၂၀ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ပြုလုပ်သော ၅၆ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း၅၂၆၃တွဲ ရောင်းချမှုမှ ယူရို ၄၇၄ဒသမ ၁၄သန်းရရှိသကဲ့သို့ ကျောက်မျက်အတွဲ ၆၉တွဲ ရောင်းချမှုမှ ယူရို ၁ဒသမ ဝ၂သန်းရရှိခဲ့ကာ ပုလဲ၂၆၉တွဲရောင်းချမှုမှ ယူရို ၁ဒသမ ၅၂သန်းရရှိခဲ့သဖြင့် စုစုပေါင်းကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲရောင်းချခဲ့ရသည့်တန်ဖိုးသည် ယူရို ၄၇၆ဒသမ ၆၈သန်း ဖြစ်သည်။ ယခုပြီးစီးသွားခဲ့သော ၅၆ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲသည် ယခင်ပြပွဲများထက် ကျောက်စိမ်းများ ဈေးကောင်း ပိုမိုရရှိခဲ့သည်။ ရတနာပြပွဲသို့ တရုတ်ကုန်သည် ၂၈၈၀ဦး၊ ထိုင်းကုန်သည် ၂၃ဦး၊ သြစတြေးလျကုန်သည် ၁ဦး ၊ အမေရိကန်ကုန်သည် ၂ ဦး ၊ အိန္ဒိယကုန်သည် ၆ဦးနှင့် ပြည်တွင်းကုန်သည် ၁၆၄၉ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။
Read More...
ဖားကန့်/လုံးခင်းရတနာနယ်မြေမှ ဥရုချောင်းပျက်စီးမှုများကို စနစ်တကျ လေ့လာဆန်းစစ်မှုများပြုလုပ်သွားရန် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် Total Business Solution Co., Ltd တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၃)ရက်နေ့ မွန်းလွဲ(၁)နာရီက ကမ္ဘာအေးဘုရားလမ်းရှိ ကျောက်မျက်အသင်းရုံးတွင် ကျင်းပခဲ့သည်။ ဥရုချောင်းသည် ၂၂၆ကီလိုမီတာခန့် ရှည်လျားပြီး ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်ကြောင်း၊ ဥရုချောင်း ပျက်စီးမှုများကို ပြုပြင်ထိန်းသိမ်းရန်အတွက် အခြေခံအချက်များနှင့် အရေးကြီးသောနေရာများမှစတင်ပြီး လိုအပ်သောအချက်အလက်များကို လေ့လာကောက်ခံရန်လိုအပ်ကြောင်းသိရသည်။ ဥရုချောင်းတစ်လျှောက်တွင် ကျောက်စိမ်းတူးဖော်ခြင်း၊ ရွှေတူးဖော်ခြင်းများ ပြုလုပ်မှုကြောင့် ချောင်းမှာ ပျက်စီးမှုများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဓိကပျက်စီးမှုမှာ ဖားကန့်/လုံးခင်းတစ်ဝိုက်တွင် ဖြစ်သော်လည်း သယံဇာတတူးဖော်မှုလုပ်ငန်းများကြောင့် အခြားနေရာများတွင်လည်း ပျက်စီးမှုများဖြစ်ပေါ်နေကြောင်း ထို့ကြောင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ချောင်းတစ်လျှောက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဥရုချောင်းပျက်စီးမှုများနှင့်ပတ်သက်ပြီး နှစ်စဉ်နှစ်တိုင်းသန့်ရှင်းရေးပြုလုပ်နေသော်လည်း နည်းပညာများ နောက်ကျနေသည့် အတွက် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ပြန်လည်ထူထောင်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း၊ လေ့လာဆန်းစစ်မှုများပြုလုပ်ရာတွင် မြန်မာပညာရှင်များအပြင် နိုင်ငံခြားပညာရှင်များပါ ပါဝင်မည်ဖြစ်ပြီး တိုင်းတာရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ပြည်တွင်းပညာရှင်များဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Read More...
(၁၄.၃.၂၀၁၉) ခုနှစ် နေပြည်တော် Hotel Max မှာ ကျင်းပသည့်အရှဒေသတွင်းကျောက်စိမ်းထိပ်သီးအစည်းအဝေးတွင်ကြွရောက်ချီးမြှင့်ပြီးအဖွင့်အမှာစကားပြောကြားပေးပါသောစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် သယံဇာတနှင့်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်(၂) ရပ်စလုံးမှသယံဇာတရေးရာကေည်မတီမှဥက္ကဌများ နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများမှညွှန်ကြားရေးမှူးချုပ်နှင့်ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်မှဥက္ကဌ ဦးလဖိုင်ခွန်ဆာနှင့်ဒုတိယဥက္ကဌများနှင့် CEC အဖွဲ့ဝင်များ နယ်အသင်းခွဲများမှ CEC အဖွဲ့ဝင်များနှင့်လုပ်ငန်းရှင်များစုံညီစွာကြွရောက်ကျသည့်အပြင် တရုတ်နိုင်ငံ Guaungdong Research Institute of Jade Diamond and Jewelry Association မှဦးဆောင်၍ associations (11) ခုခန့်တက်ရောက်သည့်အပြင် ကျောက်စိမ်းအချောထည်ကဏ္ဍနှင့်လက်ဝတ်ရတနာကဏ္ဍဖြစ်ပေါ်တိုးတက်မှူ့များ အရှိန်အဟုန်ဖြင့်ပြောင်းလဲနေတဲ့ e-commerce လုပ်ငန်းစဉ်များ ကျောက်စိမ်းကျောက်မျက်များကိုဝယ်ယူသူများယုံယုံကြည်ကြည်နဲ့ဝယ်ယူနိင်သည့်ဈေးကွက်ဖြစ်ထွန်းစေရန် စံချိန်စံညွှန်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ မြန်မာ့ကျောက်မျက်ရတနာဥပဒေအသစ်နှင့်ကျောက်စိမ်းတူးဖော်ခြင်းကဏ္ဍများ နယ်စပ်ဖြတ်ကျော်ရောင်းဝယ်ရေးအတွက်နိုင်ငံ(၂) ခုမှသတ်မှတ်ထားတဲ့အကောက်ခွန်နူန်းထားများနှင့်ပက်သက်၍ဆွေးနွေးပြီး မြန်မာနိုင်ငံအတွင်းတွင်ခေတ်မီ ကျောက်မျက်ရတနာဓာတ်ခွဲခန်းတည်ထောင်အကောင်အထည်ဖော်ခြင်း တန်ဖိုးဖြတ်အဖွဲ့ထားရှိခြင်းဖြင့်ဝယ်ယူသူများရဲ့ယုံကြည်ချက်မြင့်မားလာစေပြီးပြည်တွင်းဈေးကွက်ခိုင်မာအောင်ဆောင်ရွက်န်င်သကဲ့သို့ပြည်ပဈေးကွက်သို့ထိုးဖောက်ပြီး နှစ်နိင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်ပက်သက်၍လေးလေးနက်နက်ထားဆွေးနွေးကာအခမ်ူအနားကိုညနေ(၆:၀၀) အချိန်ဉ်အောင်မြင်စွာရုပ်သိမ်းခဲ့ပါကြောင်းအသိပေးအပ်ပါသည်။
Read More...
ရတနာပြပွဲတွင် ကျောက်စိမ်းတွဲများတင်ပြရောင်းချမည့် ကုမ္ပဏီများသည် မိမိတို့၏ကုမ္ပဏီမှတ်ပုံတင်လက်မှတ်များကို online ၌ MyCo စနစ်ဖြင့် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏(www.myco.dica.gov.mm ) ဝက်ဆိုဒ်တွင် မှတ်ပုံတင်ထားရှိသည့် အထောက်အထားမိတ္တူများဖြင့်သာ တင်ပြလျှောက်ထားကြရန်နှင့်မှတ်ပုံတင်ထားခြင်းမရှိပါက တင်ပြရောင်းချခွင့်ပြုမည် မဟုတ်ကြောင်းအသိပေး ကြေညာအပ်ပါသည်။
Read More...
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ ပံ့ပိုးကူညီမှုတို့ဖြင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း(ရန်ကုန်)မှ ကျင်းပပြုလုပ်သည့် “ ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာအချောထည့်ပြပွဲ” ကိုရန်ကုန်မြို့၊ Lotte Hotal တွင် 2019 ခုနှစ်၊ ဇန်နဝါရီလ ၉ရက်နေ့မှ ၁၃ရက်နေ့အထိ ကျင်းပပြုလုပ်ပါသည်။ ၎င်းပြပွဲတွင် ဆိုင်ခန်းပေါင်း (၁၁၀)ကျော်ဖွင့်လှစ်ရောင်းချပြီး ယခုနှစ် ဒုတိယအကြိမ် ကျင်းပသည့်ပွဲတွင် ကျောက်စိမ်း/ကျောက်မျက်လေလံပွဲပါဝင်ပြီး ကျောက်မျက်အတွဲပေါင်း(၁၀၀) ကျော်ကို လေလံတင်ရောင်ချသွားမည်ဖြစ်ပါသည်။ ယခုပွဲ၏ ထူးခြားချက်များအနေဖြင့် Semi-precious Stone Crystals များကို စတင်ရောင်းချပေးသွားမည်ဖြစ်ပါသည်။
Read More...
နေပြည်တော် ၊ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်သည့် အိန္ဒိယနိုင်ငံသမ္မတ H.E. Mr. Ram Nath Kovind ၏ဇနီးနှင့် သမီးဖြစ်သူသည် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်စန်းစန်းယုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)သို့ (၁၁.၁၂.၂၀၁၈)ရက်၊ အင်္ဂါနေ့(၁၀၂၀)နာရီ အချိန်မှ (၁၁၁၅) နာရီအချိန်အထိ လာရောက်လေ့လာခဲ့ပါသည်။ဧည့်သည်တော်အဖွဲ့အား မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) ပြတိုက်မှူး ဒုတိယအထွေထွေ မန်နေဂျာ ဦးသက်ဇော်ဦးတို့က ကြိုဆိုနှုတ်ဆက်၍ ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ၊ ငွေထည်နှင့် သယံဇာတပစ္စည်းများ ပြကွက်တို့ကို တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ပါသည်။ ဧည့်သည်တော်များသည် ရတနာဈေး၊ ရေတံခွန်ပြကွက်နှင့် ဆင်ရေပန်းတို့ကို ကြည့်ရှုလေ့လာခဲ့ပါသည်။
Read More...