announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းများ

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ဆက်လက်ကျင်းပ

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ယနေ့အတွက် ပုလဲတင်ဒါ အမှတ် (၃) မှ ပုလဲအတွဲ ၁၁၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲ အားလုံးရောင်းချရခြင်း ဖြစ်သည်။   အလားတူ ဧပြီ ၂၃ ရက်တွင်လည်း ပုလဲတင်ဒါအမှတ် (၁) မှ ပုလဲအတွဲ ၁၁၀ တွဲနှင့် ပုလဲတင်ဒါအမှတ် (၂) မှ ပုလဲအတွဲ ၁၁၀ တို့ကိုလည်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲ ၂၂၀ တွဲ ရောင်းချရသဖြင့် ယခု (၅၇) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် တင်ပြသည့် ပုလဲအတွဲ ၃၃၀ တွဲ ရောင်းချရကြောင်း သိရသည်။   ပြပွဲ တတိယနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြပြီး ရောင်းချမည့် ပုလဲအတွဲအမှတ် (၃) မှ ပုလဲအတွဲ အမှတ် (၂၂၁ မှ ၃၃၀) ကို မွန်းတည့် ၁၂ နာရီတွင် ဖွင့်ဖောက်စစ်ဆေးရောင်းချရာ တင်ပြ ထားသည့် ပုလဲအတွဲ ၁၁၀ ကို ရောင်းချရကြောင်း ကြေညာသဖြင့် တင်ပြသည့် ပုလဲ အတွဲအားလုံး ရောင်းချရကြောင်း သိရသည်။   ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ် ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေ တို့ဖြင့် ပေးချေရမည်ဖြစ်ပြီး ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ယူရိုငွေ ဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိကာ ရတနာကုန်သည်များအနေဖြင့် အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ တို့ဖြင့် ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။   ယခု ကျင်းပသည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ အတွဲ ၃၃၀ ကိုတင်ပြခဲ့ရာ ပုလဲအတွဲအားလုံးကိုရောင်းချခဲ့ရကြောင်းနှင့် ပြပွဲစတုတ္ထနေ့ တွင် ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ ခင်းကျင်းပြသထားသည့် ကျောက်မျက်အတွဲ ၁၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။   အလားတူ ကျောက်စိမ်းအတွဲ ၂၀၀၀ ကို ဧပြီ ၂၂ ရက်မှ ၂၅ ရက်အထိ ခင်းကျင်း ပြသပြီး ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။   Source : Ministry of Natural Resources and Environmental Conservation

Read More...

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ ယနေ့တွင် ပုလဲအတွဲ ၂၂၀ ရောင်းချနိုင်ခဲ့

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုခဲ့ကြပြီး ရတနာ ကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့်ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။   ၂၀၂၂ ခုနှစ် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တင်ပြ ရောင်းချမည့် ပုလဲအတွဲ ၃၃၀ အနက်မှ  ဧပြီ ၂၃ ရက်တွင် ပုလဲတင်ဒါအမှတ် (၁) မှ (၁၁၀) တွဲ၊ တင်ဒါအမှတ် (၂) မှ ၁၁၀ တွဲ စုစုပေါင်း ပုလဲအတွဲ ၂၂၀ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် တင်ပြရောင်းချခဲ့ရာ ၂၂၀ တွဲကို ရောင်းချခဲ့ပြီး ဧပြီ ၂၄ ရက်တွင် ပုလဲ တင်ဒါအမှတ် (၃) မှ ပုလဲအတွဲ ၁၁၀ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချသွားမည်ဖြစ်သည်။   ပုလဲအတွဲများကို ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်မျက်အတွဲများကို ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ ခင်းကျင်း ပြသပြီး ဧပြီ ၂၅ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲ များကို ဧပြီ ၂၂ ရက်မှ ၂၅ ရက် အထိ ခင်းကျင်း ပြသပြီး ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။   ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ် ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ် ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေ တို့ဖြင့် လည်းကောင်း ပေးချေရမည်ဖြစ်ပြီး ကျောက်မျက်၊ ကျောက်စိမ်းအတွဲ များကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိကာ ရတနာကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေတို့ဖြင့် ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။   ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ် ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူ များဖြင့် စည်ကားလျက်ရှိပြီး (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။   Source : Ministry of Natural Resources and Environmental Conservation

Read More...

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ မန်းငြိမ်းမောင်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများသည် ရတနာပစ္စည်းများ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပုလဲနှင့်ကျောက်မျက်ရတနာများ ရောင်းချရာတွင် နိုင်ငံခြားငွေများ ဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ် တို့အပြင် နောင်ပြပွဲများတွင် ဟောင်ကောင် ဒေါ်လာနှင့် ထိုင်းဘတ်ငွေ တို့ဖြင့်ပါ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူ များကို မှာကြားသည်။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လည်းကောင်း၊ ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအရိုင်းအတွဲများနှင့် ယခုပြပွဲတွင် ပြသထားသည့် (၃၅) တန်ရှိ အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။အဆိုပါ အကြီးဆုံးကျောက်စိမ်းတုံးကြီးမှာ လုံးခင်း၊ ဖားကန့် ရတနာနယ်မြေ မက်လင်ချောင်မှော်၊ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်(၂)မှ တူးဖော်ရရှိသည့် (၃၀၈)တန် ခန့်ရှိ ကျောက်စိမ်းတုံးကြီးဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သည့် အသားကျောက် အမျိုးအစားဖြစ်ပြီး အခြေခံဈေးနှုန်းအနေဖြင့် ယူရိုငွေ(၅)သန်းကျော် ခန့်မှန်းတွက်ချက်ရရှိ ထားကြောင်း သိရှိရသည်။ယနေ့ပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့မှ (၂၈) ရက်နေ့အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ပြပွဲတွင် ပုလဲအတွဲပေါင်း (၃၃၀)၊ ကျောက်မျက်အတွဲပေါင်း (၁၂၀)၊ ကျောက်စိမ်းအတွဲပေါင်း အတွဲ(၂၀၀၀)ကျော်တို့ကို ပြည်တွင်း/ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ် ဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပုဂ္ဂလိကကျောက်မျက်ရတနာအချောထည် အရောင်း ပြခန်းများလည်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း၊ ကျောက်စိမ်းကျောက်မျက် ပုလဲ အတွဲများ ဝယ်ယူရာတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားရှိပြီး ငွေပေးချေရာတွင် ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်ငွေ တို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေ တို့ဖြင့် လည်းကောင်း ပေးချေနိုင်ကြောင်း၊ ကျောက်မျက် ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားရှိပြီး ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ တို့ဖြင့် ပေးချေနိုင်ကြောင်း သိရှိရသည်။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်စိမ်းဥယျာဉ် ပြန်လည်အဆင့်မြှင့်တင်ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး နှင့် မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး တို့က ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။အဆိုပါ ကျောက်စိမ်းဉယျာဉ်အား ၂၀၁၀ ပြည့်နှစ်၌ မြေဧရိယာ အကျယ်အဝန်း (၈.၂၆) ဧကပေါ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဥယျာဉ်အတွင်း ကျောက်စိမ်းအရိုင်းတုံးပေါင်း (၅၁၁၇)တုံး နှင့် အခြား ကျောက်ရိုင်းပေါင်း (၁၄၂၅၂)တုံး ထားရှိကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ဥယျာဉ်အား ပြန်လည်ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။Source : Ministry of Natural Resources and Environmental Conservation

Read More...

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပမည်

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၂ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်တွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရန်လျာထားပါကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များသို့ အသိပေးအကြောင်းကြားအပ်ပါသည်။မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

Read More...

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ အသုံးပြုမည့် Website နှင့် Email Name များအား အသိပေးအကြောင်းကြားခြင်း

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ လက်ရှိအသုံးပြုနေသော Website နှင့် Email များအပြင် ဆက်လက်အသုံးပြုဆောင်ရွက်သွားမည့် Website အမည်မှာ www.mgjea.com နှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ မဏိရတနာကျောက်စိမ်းခန်းမ နေပြည်တော်တွင် လက်ရှိအသုံးပြုနေသော Email အား mgjea.npt@gmail.com နှင့် info@mgjea.com တို့ဖြင့် ဖြည့်စွက်၍ အသုံးပြုသွားမည် ဖြစ်ပါကြောင်း အသိပေးကြောင်းကြားအပ်ပါသည်။ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း

Read More...

၂၀၂၁ ခုနှစ် ၊ နှစ်သစ်မင်္ဂလာဆုတောင်း

ပျော်ရွှင်စိတ်ချမ်းမြေ့စရာ ၂၀၂၁ ခုနှစ် နှစ်သစ်မင်္ဂလာအပေါင်းနှင့် ‌ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။   ဥက္ကဋ္ဌ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း     #HappyNewYear

Read More...

၂၀၂၁ ခုနှစ် ၊ နှစ်သစ်မင်္ဂလာဆုတောင်း

၂၀၂၁ ခုနှစ် ၊ နှစ်သစ်မင်္ဂလာဆုတောင်းနိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ကပ်ရောဂါဘေး ကင်းဝေးကြပြီး စီးပွား လာဘ်လာဘများ တိုးပွားကြလို့ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ။ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် အေးချမ်း သာယာသော နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း(၁.၁.၂၀၂၁) #HappyNewYear

Read More...

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးလဖိုင်ခွန်ဆာ၏ "Value Creation In Business" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်း

Myanmar B2B Management Magazine မှ ပြုလုပ်သော B2B E-Summit 2020 တွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးလဖိုင်ခွန်ဆာ၏ "Value Creation In Business" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်း ရုပ်သံဖိုင်အပြည့်အစုံကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -Video Link => Value Creation In Business

Read More...

မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဖွင့်လှစ်မည့် နိုင်ငံတကာအဆင့်မီ ကျောက်မျက် ဓါတ်ခွဲခန်းတွင် စီစဉ်ထားရှိမှုများအား လာရောက်ကြည့်ရှု

မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာသည် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ ဖွင့်လှစ်မည့် နိုင်ငံတကာအဆင့်မီ ကျောက်မျက် ဓါတ်ခွဲခန်းတွင် စီစဉ်ထားရှိမှုများအား လာရောက်ကြည့်ရှုပြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရန် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်မှု ပြုခဲ့ကြောင်း သတင်းရရှိပါသည်။ - MGJEA 

Read More...