Language :
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြန်မာ့ကျောက်မျက် ရတနာနေ့ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၃) ရက်နေ့ နံနက် (၅ : ၀၀ မှ ၈ : ၁၅ နာရီအထိ) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးကျော်သီဟ၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ သတ္တုရေးရာအမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။အခမ်းအနား အစီအစဉ်အရ ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက နေပြည်တော်မစိုးရိမ်စာသင်တိုက်မှ ပင့်သံဃာများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာနေ့အခမ်းအနားကို ဆက်လက်ကျင်းပသည်။- MGJEA
Read More...၂၀၂၀ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့တွင် "Thailand Gems & Jewelry Traders' Association" မှ ကြီးမူးကျင်းပသည့် 9th ASEAN + 6 Gems & Jewelry Presidents' Summit Zoom meeting တွင် မြန်မာနိင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ကိုယ်စား ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာအောင်ကျော်ဝင်းမှ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။အဆိုပါ 9th ASEAN + 6 Gems & Jewelry Presidents' Summit တွင်နိင်ငံပေါင်း (၁၂) နိင်ငံမှ ဥက္ကဌများ/ ဒုတိယဥက္ကဌများတက်ရောက်ရျ် " World Economic Crisis 2020" ခေါင်းစဉ်ဖြင့်ပါဝင်ဆွေးနွေးကြသည်။ဆွေးနွေးပွဲတွင် တက်ရောက်သည့်နိင်ငံများမှ COVID-19 ကာလအတွင်းနိင်ငံတကာကျောက်မျက်ရတနာကဏ္ဍတစ်ခုလုံးတွင်တွေ့ကြုံခံစားနေရသည့်အခက်အခဲများ စိန်ခေါ်မူများကိုပွင့်ပွင့်လင်းလင်းဆွေးနွေးကြသည့်အပြင် ကျောက်မျက်အချောထည်နှင့်လက်ဝတ်ရတနာကဏ္ဍဖွံ့ဖြိုးတိုးတက်မူ့အတွက်အဓိက အဟန့်အတားဖြစ်သည့်အကောက်ခွန်နူန်းထားများ Valued Added Tax များကောက်ခံခြင်းနှင့်ပက်သက်၍လည်း သက်ဆိုင်ရာနိင်ငံအလိုက်ကြိုးပမ်းအားထုတ်မူ့များတင်ပြကြပြီး အမြင်များဖလှယ်ခဲ့ကြပါသည်။ထို့အပြင် ASEAN + 6 Gems & Jewelry Presidents' Summit ကိုစတင်တည်ထောင်ခဲ့သည့် ထိုင်းနိင်ငံမှ Mr Sun Chai မှလည်း Summit ကြီးတည်ထောင်ရခြင်းရည်ရွယ်ချက်နှင့်ရရှိခဲ့သည့်အကျိုးကျေးဇူးများကိုလည်းဆွေးနွေးခဲ့ပါသည်။Summit ကြီးကိုတက်ရောက်လာသည့်နိင်ငံများအနေနဲ့ အနာဂတ်တွင်အဖွဲ့ဝင်နိင်ငံများအကြားပူးပေါင်းဆောင်ရွက်မူ့များပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ကျောက်မျက်ရတနာသတင်းအချက်အလက်များ ပိုမိုလျင်မြန်စွာဖြန့်ဖြူးနိင်ရေး နည်းပညာရပ်များအဆင့်မြှင့်တင်ရန်အတွက်ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကိုပွင့်လင်းမြင်သာစွာဆွေးနွေးပြီးအမြင်ခြင်းဖလှယ်ကြပါသည်။'အဆိုပါ Zoom meeting အခမ်းအနားမှနေ၍ ၂၀၂၀ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့ ထိုင်းစံတော်ချိန်ညနေ (၃) နာရီမှစတင်၍ " Webinar meeting with Global Leaders of Gems & Jewelry" ခေါင်းစဉ်ဖြင့် အာဆီယံနှင့် အာဆီယံမဟုတ်သောတိုင်းပြည်များမှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးမည်ဖြစ်သည့်အတွက်စိတ်ပါဝင်စားသည့် အသင်းချုပ်နှင့်တကွနယ်အသင်းခွဲမှတာဝန်ရှိသူများ အထက်ပါ ZOOM Conference meeting ကိုတက်ရောက်နိင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။၂၀၂၀ခုနှစ် ဩဂုတ်လ (၆) ရက်နေ့ ကြာသပတေးနေ. မြန်မာစံတော်ချိန်နေ့လည် (၂:၃၀)နာရီတွင် ကျင်းပမည့် Webinar Meeting ရဲ့ ID နှင့် Password ကိုမကြာခင်အသင်းချုပ်ရဲ့ facebook page နှင့် Website တို့မှတဆင့်ကြိုတင်အသိပေးမည်ဖြစ်ပါသည်။- MGJEA
Read More...မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းစာနာဝမ်းနည်းကြောင်းထုတ်ပြန်ကြေညာချက်၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၄)ရက်၁၃၈၂ ခုနှစ် ၊ ပထမဝါဆိုလပြည့်နေ့၁။ ၂.၇.၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမှော်ရှိ ကျောက်စိမ်းလုပ်ကွက်တွင် မြေပြိုကျ၍ ကျောက်စိမ်း ရှာဖွေသူများ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးခဲ့ကြောင်း သိရှိရပါသည်။၂။ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါဖြစ်စဉ်အတွက် ယနေ့အချိန် အထိ ငွေကျပ်သိန်းတစ်ထောင်(၁၀၀,၀၀၀,၀၀၀)ထောက်ပံ့ကူညီခဲ့ပြီး လုပ်ငန်းရှင်အချို့မှလည်း တတ်စွမ်းသမျှ ထောက်ပံ့ကူညီပေးလျှက်ရှိကြပါသည်။၃။ ဆက်လက်၍လည်း ထပ်မံပံ့ပိုးကူညီနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ် အစိုးရများနှင့် ချိတ်ဆက်ကာ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် CEC/EC များ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ပူးပေါင်း၍ အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကွယ်လွန်သွားသူများအတွက် မိသားစုများနှင့် ထပ်တူ အထူးကြေကွဲ ဝမ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။ “ကွယ်လွန်သူများကောင်းရာသုဂတိလားပါစေ” မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း
Read More...
လေးစားရပါသောလုပ်ငန်းရှင်များခင်ဗျား သင်၏ စီးပွားရေးလုပ်ငန်း အခြေအနေ ဘယ်လိုရှိပါသလဲ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ အဖွဲ့အစည်းများသည် ကိုဗစ် ၁၉ ၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်နေသော စီးပွားရေးလုပ်ငန်းများ၏အကျိုးသက်ရောက်မှုများကို သိရှိနိုင်ရန်အတွက် စီးပွားရေးဆိုင်ရာစစ်တမ်း များ ပြုလုပ်လျက်ရှိပါသည်။ MMRD မှလည်း အလားတူစစ်တမ်းများကို ပြုလုပ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအခြေအနေများကို လေ့လာဆန်းစစ်လျက်ရှိပါသည်။ ယခုစစ်တမ်းရလဒ်များ၏ ခိုင်မာမှုကို UMFCCI နှင့် အစိုးရအဖွဲ့ဝင်များမှ ၂၀၁၆ ခုနှစ်ကတည်း အသိအမှတ်ပြု လက်ခံထားပါသည်။ လူကြီးမင်းတို့၏ ပါဝင်ကူညီဖြေဆိုမှုသည် (၁) လူကြီးမင်း၏ စီးပွားရေးလုပ်ငန်း အခြေအနေကိုလေ့လာဆန်းစစ်ပေးနိုင်ခြင်း (၂) ပုဂ္ဂလိက ကဏ္ဍ၏ အသံများကို ကိုယ်စားပြုနိုင်ခြင်း (၃) မြန်မာ့စီးပွားရေးကဏ္ဍ ကောင်းမွန်တိုးတက်စေရန်ထိုထွင်းသိမြင်နိုင်စေပါသည်။ ထို့ကြောင့် လူကြီးမင်းအနေဖြင့် ဤစစ်တမ်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့ (သောကြာနေ့) နေ့လည် ၁၂ နာရီမတိုင်မီ ပါဝင်ဖြေဆိုပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။ လူကြီးမင်း၏ လုပ်ဖော်ကိုင်ဖက် လုပ်ငန်းရှင်များအားလည်း တိုက်တွန်းပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။ ယခုစစ်တမ်းသည် (၁၅)မိနစ်မျှသာ ကြာမြင့်ပါမည်။ ဖြေဆိုမှုများကို လျှို့ဝှက်စွာ ထိန်းသိမ်းပေးမည်ဟု အာမခံပါသည်။ စစ်တမ်းအောင်မြင်စွာ ပြီးဆုံးသွားပါက လူကြီးမင်းတို့၏ ဖြေဆိုမှုအား အသိအမှတ်ပြု သည့်အနေဖြင့် ကံစမ်းမဲအစီအစဉ်များအပြင် အခြားသော ဆုလက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ပါ သည်။ ပါဝင်ဖြေကြားပေးမှုအတွက် ကျေးဇူးအထူး တင်ရှိပါသည်။ Links: ------ [1] //www.surveymonkey.com/r/Retail_wholesales [2] //www.surveymonkey.com/ [3] //www.mmrdrs.com
Read More...
၁။ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး နေပြည်တော်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ဝန်ထမ်းရာထူး(၂)နေရာအား လျှောက်ထားနိုင်ပါသည် - (က) Website စီစဉ်ရေးမှူး - 1 Post (၁) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး မဏိရတနာကျောက်စိမ်းခန်းမ၊ နေပြည်တော် (၂) ဘွဲ့ရဖြစ်ပြီး Website နှင့် ပတ်သတ်သော Certificate ရှိသူ၊ လက်တွေ့ဆောင်ရွက်နိုင်သူဖြစ်ရမည်။ (၃) အလုပ်ချိန် (၈း၃၀ နာရီ မှ ၁၆း၃၀ နာရီထိ) (၄) လစာ(ညှိနှိုင်း) (ခ) Computer ကျွမ်းကျင် - 1 Post (၁) ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။ (၂) A+ လက်မှတ်ရရှိပြီး Software၊ Hardware လက်တွေ့ဆောင်ရွက်နိုင်သူဖြစ်ရမည်။ (၃) Eamil, Viber ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ (၄) Photoshop ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ (၅) လစာ(ညှိနှိုင်း) (ဂ) (၁၂ - ၆ - ၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားပါရန် ၂။ အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည် - Ph- 067-432382 / 067 432385 Email - mgjea.npt@gmail.com
Read More...
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံသူ နိုင်ငံသားများ၏ရင်ဆိုင်ကြုံတွေ့နေကြရသည့် Coronavirus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ရေး၊ စောင့်ကြပ်ကြည့်ရှုရေး နှင့် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ၁၁.၅.၂၀၂၀ရက်နေ့ ၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊တာမွေမြို့နယ်၊ ကျိုက္ကစံအားကစားကွင်း၏ ပြည်ထောင်စုခန်းမ၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ မြန်မာနိုင်ငံကျောက်စိမ်း၊ ကျောက်မျက်(အကျိုးတူ)တူးဖော်၊ထုတ်လုပ်သည့် လုပ်ငန်းရှင်များအဖွဲ့မှ ကျပ်သိန်းပေါင်း (၂၁,၀၀၀) နှင့် ကျောက်စိမ်းတောင် ကျောက်မျက်ကုမ္ပဏီမှ ကျပ်သိန်းပေါင်း(၁,၀၀၀)၊ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၂,၀၀၀) တန်ဖိုးနှင့်ညီမျှသည့် ရောဂါကာကွယ်ရေး PPE ဝတ်စုံ (၅၀,၀၀၀)အားလှူဒါန်းခဲ့ပါသည်။ လှူဒါန်းပွဲ အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်စိမ်း၊ ကျောက်မျက်(အကျိုးတူ) တူးဖော်၊ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအဖွဲ့ကိုယ်စား ပတ္တမြားနဂါး ကျောက်မျက်ကုမ္ပဏီ နှင့် ကျောက်စိမ်းနဂါးကျောက်မျက်ကုမ္ပဏီမှ ဦးနေဝင်းထွန်း ၊ရာဇဌာနီ ကျောက်မျက်ကုမ္ပဏီမှ ဦးဇော်ဘိုခန့်နှင့် ကျောက်စိမ်းတောင် ကျောက်မျက်ကုမ္ပဏီမှ ဦးစိန်ဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါလှူဒါန်းမှုမှာ နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ကြိုးစားလုပ်ဆောင်လျက်ရှိသော (COVID-19) ကပ်ရောဂါဆိုး ကူးစက်ပြန့်ပွားမှု လုပ်ငန်းစဉ်ကြီးအား တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေရေးအတွက် ဖားကန့်၊ မိုးကုတ်၊ မိုင်းရှူး စသောဒေသများတွင် နိုင်ငံတော်နှင့် အကျိုးတူ စီးပွားရေး လုပ်ဆောင်လျက်ရှိသော ကျောက်စိမ်း၊ ကျောက်မျက်(အကျိုးတူ) တူးဖော်ရေး လုပ်ငန်းရှင်များ အဖွဲ့မှ ကျပ်သိန်းပေါင်း (၂၁,၀၀၀) နှင့် ကျောက်စိမ်းတောင် ကျောက်မျက်ကုမ္ပဏီမှ ကျပ်သိန်းပေါင်း(၁,၀၀၀)၊ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၂,၀၀၀)ဖြင့် ရောဂါကာကွယ်ရေး PPE ဝတ်စုံ (၅၀,၀၀၀)အား ဝယ်ယူ ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ လှူဒါန်းမှု အစုစုသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကျန်းမာရေးအတွက် လိုအပ်သည်များကို နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များပီသစွာဖြင့် ပါဝင်လှူဒါန်းခြင်းဖြစ်ပြီး ကပ်ရောဂါ ကာကွယ် တိုက်ဖျက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အထောက်ကူပြုနိုင်ပါစေရန် ရည်ရွယ်ပါသည်။ - MGJEA
Read More...
ကမ္ဘာ့ကပ်ရောဂါ Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ရောဂါကာကွယ်ရေးဝတ်စုံဖြစ်သည့် PPEဝတ်စုံ (၅၀,၀၀၀)အား မြန်မာနိုင်ငံကျောက်စိမ်း၊ ကျောက်မျက်(အကျိုးတူ)တူးဖော်၊ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှကောက်ခံထားရှိ သောရန်ပုံငွေမှ အများသဘောတူညီမှုဖြင့် လှူဒါန်းမှုပြုလုပ်မည်ဖြစ်ကြောင်း ကနဦးရရှိသည့် သတင်းအား တင်ပြအပ်ပါသည်။ အဆိုပါလှူဒါန်းမှုမှာ US $ 1.5 Millionနှင့်ညီမျှသည့် မြန်မာငွေတန်ဖိုးရှိမည်ဖြစ်ကြောင်း သိရပါသည်။ -MGJEA
Read More...
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံသူ နိုင်ငံသားများ၏ရင်ဆိုင်ကြုံတွေ့နေကြရသည့် Coronavirus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ရေး၊ စောင့်ကြပ်ကြည့်ရှုရေး နှင့် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ၂၂.၄.၂၀၂၀ရက်နေ့ ၊ ညနေ(၄)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ ရန်ပုံငွေအနက်မှ အမေရိကန်ဒေါ်လာ(၁)သန်းအား သွားရောက် လှူဒါန်းခဲ့ပါသည်။ လှူဒါန်းပွဲ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ခေတ္တဦး‌ဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ကိုယ်စား အသင်းချုပ် ဒုတိယဥက္ကဋ္ဌ(၁) ဦးလှစိုးဦး ၊ ဘဏ္ဍာရေးမှူး ဒေါက်တာဒေါ်ဖြူဖြူမြင့်နှင့် အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါလှူဒါန်းမှုမှာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် အလုပ်အမှုဆောင်အဖွဲ့၏ ဦးဆောင်စီမံဆောင်ရွက်မှုတို့ဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလှူဒါန်းငွေများမှာ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ဦးဆောင်မှုဖြင့် ကျောက်မျက်ရတနာကုန်သည်များထံမှ မြန်မာ့ကျောက်မျက်ရတနာပြပွဲများတွင် ရောင်းချရငွေများအပေါ် ကောက်ခံရရှိထားသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ ရန်ပုံငွေများမှ အမေရိကန်ဒေါ်လာ(၁)သန်းအား လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ - MGJEA
Read More...
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ စေတနာရှင် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ၃၀.၃.၂၀၂၀ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပရာ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ကျပ် သိန်း (၁,၀၀၀/-)မတည်၍ ကျောက်မျက်ကုမ္ပဏီ (၁၉) ခုတို့ မှ အလှူငွေ ကျပ်(၃၁၀,၀၅၀,၀၀၀/-) စုစုပေါင်း ကျပ် (၄၁၀,၀၅၀,၀၀၀/ -)လှူဒါန်းခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးနေဝင်းထွန်းနှင့် ဦးဇော်ဘိုခန့်၊ ဘဏ္ဍာရေးမှူး ဒေါက်တာဒေါ်ဖြူဖြူမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးနန်းဝင်းတို့မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံသို့ အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ကျောက်မျက် လုပ်ငန်းရှင်များမှ ဖားကန့်မြို့တွင် ကျပ်သိန်း (၁,၀၀၀/-) နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ သို့ ကျပ်သိန်း(၂,၀၀၀/-) ကိုလည်း လှူဒါန်းပြီးဖြစ်ပါသည်။ လှူဒါန်းငွေ စုစုပေါင်း မှာ (ကျပ် ၇၁၀,၀၅၀,၀၀၀/-)ဖြစ်ပါသည်။ လှူဒါန်းမှု အစုစုသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကျန်းမာရေးအတွက် လိုအပ်သည်များကို နိုင်ငံသားများ ပီသစွာဖြင့် ပါဝင်လှူဒါန်းခြင်းဖြစ်ပြီး ကပ်ရောဂါ ကာကွယ် တိုက်ဖျက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အထောက်ကူပြုနိုင်ပါစေရန် ရည်ရွယ်ပါသည်။ - MGJEA
Read More...