announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းများ

ကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာအကြီးအကဲများအား မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များမှ သွားရောက်တွေ့ဆုံ

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များသည် ကျောက်မျက်ပညာသင်တန်း(ရန်ကုန်)မှ ပါမောက္ခ ဆရာကြီးများ၊ ကျောက်မျက် ဓါတ်ခွဲခန်းပညာရှင်များ၊ နေပြည်တော် ရွှေကြာပင်ကျောက်မျက်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီးများနှင့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ ASK Education Service မှ Consultant နှင့် ဆောက်လုပ်ရေးဆိုင်ရာပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များနှင့်အတူ  ၂၆.၂.၂၀၂၀ရက်နေ့၊ နေ့လည်(၁၂)နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၉)သို့သွားရောက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများအား ကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၏လမ်းညွှန်မှုကို ခံယူခဲ့ကြပါသည်။   - MGJEA

Read More...

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၊ သတင်းပို့အဖွဲ့၏ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများကိုအကျယ်တဝင့် သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ၁၁.၂.၂၀၂၀ (အင်္ဂါနေ့) နံနက်(၉:၃၀)နာရီတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး၊ မြန်မာ့ ကျောက်မျက်ရတနာအရောင်းခန်းမ၊ ရန်ကုန် (ကမ္ဘာအေး)၌ ကျင်းပပြုလုပ်ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ဝင်း၊ လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်စန္ဒာလင်း၊ လက်ထောက်မန်နေဂျာ ဒေါ်ကျိန်ရှမ်းလွန်၊ ငွေကြေးဆိုင်ရာမှုခင်း တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးခင်မောင်အေး၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဒေါ်ချယ်ရီစံတို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသော ဦးလှစိုးဦးနှင့် ဦးဇော်ဘိုခန့်၊ အသင်းအကြံပေး ဦးအောင်မြင့်၊ အတွင်းရေးမှူး(၁) ဦးသောင်းထွန်း၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးအောင်ကျော်မြတ်၊ ဗဟိုအလုပ် အမှုဆောင် ဦးသူရိန်စိုး၊ အလုပ်အမှုဆောင် ဦးမော်ဦး၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ ဒုတိယဥက္ကဋ္ဌ ဒေါ်မြင့်သက်နိုင်၊ တွဲဖက်အတွင်းရေးမှူး ဦးအောင်ကျော်ဇင်၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးကျော်လွင်၊ အလုပ်အမှုဆောင် ဦးကိုကိုနှင့် ဦးစပ်ဟန်ကြည်တို့ တက်ရောက်ခဲ့ကြပါသည်။   အခမ်းအနားတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ဝင်းနှင့် ငွေကြေးဆိုင်ရာမှုခင်း တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးခင်မောင်အေးတို့မှ PowerPoint Slide များဖြင့်ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်၏ ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဒုတိယ ဥက္ကဋ္ဌများမှ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၊ သတင်းပို့အဖွဲ့၏ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ကျောက်မျက်အသင်းချုပ်အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီး အသင်းချုပ်အောက်ရှိ အသင်းခွဲများနှင့် အသင်းသားလုပ်ငန်းရှင်များအား ဆက်လက်ဆင့်ပွား အသိပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများမှ Compliant Officer ထားရှိရေး၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာနည်းတူဆောင်ရွက်နိုင်ရေး၊ အသိပညာပေးနည်းလမ်းများ၊ အလုပ်ရုံဆွေးနွေးပွဲ Workshop များ ပြုလုပ်နိုင်ရေးတို့အတွက် အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။   -MGJEA  

Read More...

အသိပညာပေးဆွေးနွေးပွဲ ဖိတ်ကြားခြင်း

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်အနေဖြင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ၊ သတင်းပို့အဖွဲ့ ၏ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ဥပဒေလုပ်ထုံးလုပ်နည်းများကို အကျယ်တဝင့် သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ၁၁.၂.၂၀၂၀ (အင်္ဂါနေ့) နံနက်(၉:၃၀)နာရီ တွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး၊ မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ၊ ရန်ကုန် (ကမ္ဘာအေး)၌ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ တက်ရောက်ပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည် -  

Read More...

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌနှင့်အဖွဲ့အား အီတလီ လက်ဝတ်ရတနာကုမ္ပဏီ Bulgari မှ Ms. Emma Irwin နှင့် ဒါရိုက်တာအဖွဲ့ဝင်များက လာရောက်တွေ့ဆုံ

(၂၉.၁.၂၀၂၀)ရက်၊နေ့လည်(၁)နာရီတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး ရန်ကုန်(ကမ္ဘာအေး)၌ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဦးလဖိုင်ခွန်ဆာသည် ကျောက်မျက်ကဏ္ဍနှင့်ပတ်သက်ပြီး အီတလီ လက်ဝတ်ရတနာကုမ္ပဏီ Bulgariမှ Ms. Emma Irwin နှင့် ဒါရိုက်တာအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံခဲ့ပါသည်။   အခမ်းအနားသို့ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် အကြံပေး ဦးအောင်မြင့်၊ အတွင်းရေးမှူး(၁) ဦးသောင်းထွန်း၊   တွဲဖက်အတွင်းရေးမှူး(၁) ဦးအောင်ကျော်မြတ်၊  အလုပ်အမှုဆောင်     ဦးမော်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (စစ်ကိုင်း)မှ ဥက္ကဌ          ဦးအောင်ကြီး၊ ကျောက်မျက်ရတနာ  လုပ်ငန်းရှင်များအသင်း(မန္တလေး)မှ ဒုတိယဥက္ကဌ ဦးအေးနှင့် အလုပ် အမှုဆောင်ဒေါ်နော်ဆေးဖော၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်တို့ တက်ရောက်ခဲ့ကြပါသည်။   - MGJEA

Read More...

ကျောက်မျက်မျက်ဓါတ်ခွဲခန်းတွင် ခန့်ထားရန်အတွက် ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း *********************************   ၁။ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ၊ မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမရန်ကုန်(ကမ္ဘာအေး)ရှိ ကျောက်မျက်မျက်ဓါတ်ခွဲခန်းတွင် ခန့်ထားရန်အတွက် အောက်ဖော်ပြပါရာထူးများအား လျှောက်ထားနိုင်ပါသည် -   (က) ကျောက်မျက်ပညာရှင် (Gemmologist) - (၆) ဦး (ခ)  Admin Assistant - (၁) ဦး (ဂ) Account - (၁) ဦး (ဃ) Computer Staff - (၁) ဦး (c) Computer IT Staff - (၁) ဦး (စ) သန့်ရှင်းရေးဝန်ထမ်း - (၁) ဦး   ၂။ လျှောက်ထားသူသည် - (က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။ (ခ) ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။ (ဂ) စိတ်ရောကိုယ်ပါ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ (ဃ) သက်ဆိုင်ရာ ရာထူးအလိုက် သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည်။   ၃။ စာပိုဒ် ၁ ပါရာထူးများအတွက် လျှောက်ထားသူသည် (က) Gemmologist - (၆) ဦး - တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ - ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်ပညာရပ်ဆိုင်ရာ ဒီပလိုမာဘွဲ့တစ်ခုခုရရှိပြီးသူဖြစ်ရမည်။ - ဘူမိဗေ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ အင်ဂျင်နီယာဘွဲ့ရသူများအား ဦးစားပေးခန့်ထားမည်။ (Color-Blind) မဖြစ်သူဖြစ်ရမည်။   (ခ) Admin Assistant - (၁) ဦး - တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး HR Diploma ရရှိထားသူဖြစ်ရပါမည်။ - လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိရပါမည်။  HR Management နှင့်ပတ်သက်သော Knowledge ရှိပြီး HR Function များကို တာဝန်ယူလုပ်ဆောင်နိုင်ရမည်။ - English (or) Chinese စကား ကောင်းမွန်စွာပြောဆိုနိုင်ပြီး အသက် (၃၅)နှစ်အောက် ဖြစ်ရပါမည်။ - Problem solving Skill နှင့် Interpersonal Skill ကောင်းမွန်ရပါမည်။ - Microsoft Office ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။   (ဂ) Account - (၁) ဦး - တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး LCCI Level 2, 3 ရရှိထားသူဖြစ်ရပါမည်။ - Accounting နှင့်ပတ်သက်သော လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိရပါမည်။ - Accounting Software နှင့်ပတ်သက်သော Knowledge  ရှိပြီး Accounting Function များကို တာဝန်ယူလုပ်ဆောင်နိုင်ရမည်။ - English စကားကောင်းမွန်စွာ ပြောဆိုနိုင်ပြီး အသက် (၃၅)နှစ်အောက် ဖြစ်ရပါမည်။ - အသင်းအဖွဲ့ နှင့်ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရပါမည်။ - Microsoft Office ကောင်းမွန်စွာ အသုံးပြုနိုင်ရပါမည်။ - လုပ်ငန်းလိုအပ်ချက်အရ အမျိုးသမီးများ ဦးစားပေးပါမည်။   (ဃ) Computer Staff - (၁) ဦး - တက္ကသိုလ်မှဘွဲ့တစ်ခုခုရရှိပြီး Computer Diploma (or) Certificate ရရှိပြီးသူဖြစ်ရမည်။ - Photography, Photoshop & Graphic Design နှင့်ပတ်သက်သော လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိရပါမည်။ - English စကားကောင်းမွန်စွာ ပြောဆိုနိုင်ပြီး အသက်(၃၅)နှစ်အောက်ဖြစ်ရပါမည်။ - အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရပါမည်။ - Microsoft Office ကောင်းမွန်စွာ အသုံးပြုနိုင်ရပါမည်။ - လုပ်ငန်းလိုအပ်ချက်အရ အမျိုးသားများ ဦးစားပေးပါမည်။   (င) Computer IT Staff - ကျား၊ မ (၁) ဦး - တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးComputer IT Diploma (or) Certificate ရရှိထားသူဖြစ်ရပါမည်။ - IT And Computer နှင့်ပတ်သက်သော လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂)နှစ်ရှိရပါမည်။ - English စကားကောင်းမွန်စွာ ပြောဆိုနိုင်ပြီး အသက် (၃၅)နှစ်အောက် ဖြစ်ရပါမည်။ - Problem solving Skill နှင့် Interpersonal Skill ကောင်းမွန်ရပါမည်။ - Computer Hardware ပိုင်းဆိုင်ရာများကို ကျွမ်းကျင်စွာပြုလုပ်နိုင်ရပါမည်။   (စ) သန့်ရှင်းရေးဝန်ထမ်း - မ (၁) ဦး -  သတ်မှတ်နေရာများအား သန့်ရှင်းသပ်ရပ်စွာ လုပ်ဆောင်နိုင်သူဖြစ်ရပါမည်။   ၄။ လျှောက်ထားသူသည် လျှောက်လွှာတွင် လျှောက်ထားသည့်ရာထူးကို ဖော်ပြ၍ အောက်ပါအချက်များ ပါဝင်ပြီး လျှောက်ထားသူကိုယ်တိုင် လက်မှတ်ရေးထိုးပေးပို့ရမည် - (က) အမည်နှင့်နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် (ခ) မွေးသက္ကရာဇ်နှင့်အသက် (ဂ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ (ဃ) ပညာအရည်အချင်းနှင့်အောင်မြင်သည့်ခုနှစ် (င) မျှော်မှန်းလစာ (စ) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကဒ်အမှတ်၊ အလုပ်အကိုင်နှင့်နေရပ်လိပ်စာ (ဆ) ဆက်သွယ်ရန်လိပ်စာနှင့် တယ်လီဖုန်းအမှတ် (ဇ) အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံ   ၅။ လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပြည့်စုံစွာ ပူးတွဲတင်ပြလျှောက်ထားပါမည် - (က) အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်းတို့၏ တစ်လအတွင်း ထောက်ခံချက်မူရင်း (ခ) ကျန်းမာရေးကောင်းမွန်ကြောင်း ကျန်းမာရေးဦးစီးဌာန၏ တစ်လအတွင်းဆေးစစ်ချက်မူရင်း (ဂ) အမှတ်စဉ် (က) ၊ (ခ)၊ (ဂ)  ရာထူးများအတွက် ဘွဲ့လက်မှတ်မိတ္ထု (သို့မဟုတ်) ဘွဲ့ရရှိကြောင်း ထောက်ခံချက်မူရင်း (ဃ) (၆)လအတွင်း ပြုလုပ်ထားသော အလုပ်သမားမှတ်ပုံတင်ကဒ်ပြားမိတ္တူ   ၆။ ကျောက်မျက်ပညာရှင်များအား (၁၅-၂-၂၀၂၀)ရက်နေ့ နံနက် (၁၀))နာရီတွင် လူတွေ့စစ်ဆေးခြင်း၊ (၁၆/၁၇-၂-၂၀၂၀) ရက်နေ့များတွင် လက်တွေ့စစ်ဆေးခြင်းနှင့် အခြားဝန်ထမ်းများအား (၁၈-၂-၂၀၂၀)ရက်နေ့တွင် လူတွေ့စစ်ဆေးမှုများကို မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ (ကမ္ဘာအေး)တွင်ပြုလုပ်မည်ဖြစ်ပါသည်။   ၇။ လျှောက်လွှာများကို (၁၀.၂.၂၀၂၀)ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထား၍ အောက်ဖော်ပြပါနည်းလမ်းများဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။ မူရင်းလျှောက်လွှာများကို မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသို့ လိပ်မူ၍ လူကိုယ်တိုင်ဖြစ်စေ ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ၊ E-mail ဖြင့်ဖြစ်စေ အောက်ပါအတိုင်းပေးပို့နိုင်ပါသည် - (က) ဦးခိုင်မိုး (ရုံးအဖွဲ့မှူး) မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (နေပြည်တော်) ၀၆၇-၄၃၂၃၈၅ ၊ Mail : mgjea.npt@gmail.com (ခ) ဦးနေလင်း (ဌာနမှူး) ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံး (ရန်ကုန်) ဖုန်း ၀၁-၆၆၃၀၈၀ ၊ အမှတ် (၆၈)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ Mail: info@mgjea.org   အသေးစိတ်အချက်အလက်များအား   www.facebook.com/mgjea.org/  (Myanmar Gems and Jewellery Entrepreneurs Association Facebook Page) နှင့် www.mgjea.org တို့ တွင် အချိန်နှင့်တပြေးညီဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Read More...

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ စတုတ္ထမြောက်နေ့ ဆက်လက်ကျင်းပနေမှုကို မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ စတုတ္ထမြောက်နေ့ကို ၅.၁.၂၀၂၀ ရက်နေ့တွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ပါသည်။   ယနေ့ (၁၂:၁၀) နာရီတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ သည် ရောင်းချပွဲ ကျင်းပနေမှုကို ကြည့်ရှုစစ်ဆေးရာ ပြပွဲဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် ပြပွဲဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီအသီးသီးနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြသခဲ့ကြ ပါသည်။   ၅.၁.၂၀၂၀ ရက်နေ့တွင် ကျောက်စိမ်းတွဲအမှတ် (၁) မှ (၁၂၅၀) ထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ အတွဲပေါင်း (၁၁၉၂) တွဲကို တန်ဖိုးငွေကျပ် (၁၈၈၂၄.၇၁၃) သန်းဖြင့် ရောင်းချ ခဲ့ရပါသည်။   ၆.၁.၂၀၂၀ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းတွဲအမှတ် (၁၂၅၁) မှ (၂၅၀၀) ထိကို ရတနာကုန်သည်များက စိတ်ကြိုက်စစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်းပေးသွင်းလွှာများကို စနစ်တကျ ထည့်သွင်းခဲ့ကြပါသည်။   ဓာတ်ပုံ - မြန်မာ့ကျောက်မျက် Credit : Myanma Gems Enterprise

Read More...

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကြည့်ရှုအားပေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျောက်မျက်တွဲများနှင့် ကျောက်စိမ်းတွဲ များ စတင်ခင်းကျင်းပြသရောင်းချခြင်းကို ၂.၁.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ယနေ့ (၁၁:၃၀) နာရီတွင် ရောင်းချပွဲသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမျိုးသား လွှတ်တော်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ အမြဲတမ်းအတွင်းဝန် (သတ္တုရေးရာ) ဦးမင်းမင်းဦး၊ ပြပွဲဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံကျောက် မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ တာဝန်ရှိသူများနှင့် ပြပွဲဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ပြည်ထောင်စုဝန်ကြီးသည် ကျောက်ခင်းကွင်းနယ်မြေများရှိ ကျောက်စိမ်းတွဲများ ခင်းကျင်း ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအတွင်း ရေးမှူး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ဇန်နဝါရီလ (၂) ရက်နေ့မှ (၇) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကျောက်မျက်တွဲ (၂၈၆) တွဲကို ၄.၁.၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ ကျောက်စိမ်းတွဲ (၃၆၉၅) တွဲကို ၅.၁.၂၀၂၀ ရက်နေ့မှ ၇.၁.၂၀၂၀ ရက်နေ့အထိလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။source : Myanma Gems Enterprise

Read More...

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲဆိုင်ရာ အသိပေးကြေညာချက်များ

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲဆိုင်ရာ အသိပေးကြေညာချက်များ 

Read More...

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)၏ ဒုတိယအကြိမ် ကျောက်မျက်ရတနာ အချောထည်နှင့် ကျောက်စိမ်းတွဲများရောင်းချပွဲကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (နေပြည်တော်)တို့၏လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုးကူညီမှုတို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ဒုတိယအကြိမ် ကျောက်မျက်ရတနာ အချောထည်နှင့် ကျောက်စိမ်းတွဲများရောင်းချပွဲကို စစ်ကိုင်းမြို့၊ ခရိုင်ချင်းဆက်လမ်းရှိ "ထက်ကျော်" ကိုယ်ပိုင်အထက်တန်းကျောင်းတွင် (၁၈.၁၂.၂၀၁၉) မှ (၂၃.၁၂.၂၀၁၉)ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ ၁၈.၁၂.၂၀၁၉ ရက်(ဗုဒ္ဓဟူးနေ့) နံနက်(၁၁)နာရီတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။       အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း (စစ်ကိုင်း) ဥက္ကဋ္ဌ ဦးအောင်ကြီးနှင့် အလုပ်အမှု ဆောင်များ၊ အသင်းခွဲများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။   - MGJEA

Read More...