announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)နှင့် ထိုင်ဝမ်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)နှင့် ထိုင်ဝမ်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ၁၈.၁၂.၂၀၁၉ ရက်(ဗုဒ္ဓဟူးနေ့) နံနက်တွင် ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ စစ်ကိုင်းတိုင်းဒေသကြီးကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း) ဥက္ကဋ္ဌ ဦးအောင်ကြီးနှင့် အလုပ်အမှုဆောင်များ၊ အသင်းခွဲများမှ တာဝန်ရှိသူများ၊ ထိုင်ဝမ်ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ Mr. Chang Wen-chin နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။   - MGJEA

Read More...

ကျောက်မျက်နှင့်လက်ဝတ်ရတနာ သက်မွေးမှု နည်းပညာသင်တန်းကျောင်း နည်းပြ လျှောက်လွှာခေါ်ယူခြင်း

နေပြည်တော် (ရွှေကြာပင်) ကျောက်မျက်နှင့်လက်ဝတ်ရတနာ သက်မွေးမှု နည်းပညာသင်တန်းကျောင်း နည်းပြ လျှောက်လွှာခေါ်ယူခြင်း   

Read More...

Value Creation In Business" B2B မြန်မာ့စီးပွားထူးချွန်သူများနှင့်တွေ့ဆုံခြင်း အခမဲ့စီးပွားရေးဟောပြောပွဲ ကျင်းပ

"Value Creation in Business" B2B မြန်မာ့စီးပွားထူးချွန်သူများနှင့်တွေ့ဆုံခြင်း အခမဲ့စီးပွားရေး ဟောပြောပွဲကို မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ၊ မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမ(ကမ္ဘာအေး)၌ ၁၄.၁၂.၂၀၁၉(စနေနေ့) နေ့လည်(၂)နာရီတွင် ကျင်းပရာ ပါမောက္ခ ဆရာကြီး ဒေါက်တာအောင်ထွန်းသက် မှ Moderator အနေဖြင့် ဆောင်ရွက်ပြီး မြန်မာနိုင််ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာမှ Speaker အနေဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြပါသည်။   ဟောပြောပွဲ အခမ်းအနားသို့ မြန်မာနိုင််ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ နယ်အသင်းခွဲများမှ ဥက္ကဌများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များ၊ အသင်းဝင် အသင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။   - MGJEA 

Read More...

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမသက်တမ်း စီမံခန့်ခွဲရေးကော်မတီ၏ (၄/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမသက်တမ်း စီမံခန့်ခွဲရေးကော်မတီ၏ (၄/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ၂၆.၁၁.၂၀၁၉ ရက်  နေ့လည်(၁)နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ (အစည်းအဝေးခန်းမ)တွင် ကျင်းပရာ မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အသင်း၏ ဥပဒေအကြံပေးများ၊ စီမံခန့်ခွဲရေးကော်မတီဝင်များ တက်ရောက်ကြပါသည်။    - MGJEA 

Read More...

မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှုး၍ Myanmar Gems Trade Centre( ရန်ကုန်) ပထမထပ်တွင် ရတနာအရောင်းဆိုင်ခန်းများအား ငှားရမ်း​မည်

မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှုး၍  Myanmar Gems Trade Centre( ရန်ကုန်) ပထမထပ်တွင် ရတနာအရောင်းဆိုင်ခန်းများအား ငှားရမ်းမည်   ၁။   မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှုး၍  Myanmar Gems Trade Centre( ရန်ကုန်) ပထမထပ်တွင် ရတနာအရောင်းဆိုင်ခန်းများအား ငှားရမ်းမည် ဖြစ်ပါသည်။   ၂။   ရတနာ အရောင်ဆိုင်ခန်းများ ငှားရမ်း၍ ကျောက်မျက်ရတနာ ရောင်းချလိုသူများ အနေဖြင့် မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမ(ပထမထပ်)တွင် လျှောက်လွှာတစ်စောင် ၂၀၀၀ကျပ်ဖြင့် ဝယ်ယူ၍ ဆိုင်ခန်းငှားရမ်းခွင့် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ကောင်တာ ၂ ပုံးပါ ၅ပေ ပတ်လည် ဆိုင်ခန်းတစ်ခန်းငှားရမ်းခမှာ (ကျပ်တစ်သိန်း + အခွန်အခနှင့် ဝန်ဆောင်ခ ကျပ်နှစ်သောင်း )စုစုပေါင်း ၁၂၀၀၀၀/- (ကျပ်တစ်သိန်းနှစ်သောင်းတိတိ) ကျသင့်မည် ဖြစ်ပါသည်။   ၃။   မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ ကျောက်မျက်ရတနာရောင်းချခြင်း လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း ကိုလည်း ကူညီဆောင်ရွက်ပေးမည် ဖြစ်သဖြင့် လုပ်ငန်းလိုင်စင်မရှိသူများလည်း ဆိုင်ခန်းရယူ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။ စည်းကမ်းချက်များမှာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသော စည်းကမ်းများ အတိုင်းဖြစ်ပါသည်။   *****(မှတ်ချက် ။ အမှန်တကယ် ဆိုင်ခန်း ဖွင့်လှစ်မည့်သူများသာ လျှောက်လွှာ ဝယ်ယူရန် ဖြစ်သည်။)***     စျေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ရုံး အမှတ် (၆၈)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး 

Read More...

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ ကျင်းပမည့် သတင်းကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏  “၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ”ကို ၂.၁.၂၀၂၀ ရက်နေ့မှ ၇.၁.၂၀၂၀ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမ၊  နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းကြေညာချက် ..   

Read More...

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျောက်စိမ်းလုပ်ငန်းကော်မတီ၏ ကြေညာချက်များ

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျောက်စိမ်းလုပ်ငန်းကော်မတီ၏ ကြေညာချက်များ   Source : Myanma Gems Enterprise 

Read More...

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမသက်တမ်း စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမသက်တမ်း စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ၃၁.၁၀.၂၀၁၉ ရက် (ကြာသပတေးနေ့) နေ့လည်(၁)နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ (အစည်းအဝေးခန်းမ)တွင် ကျင်းပရာ မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အသင်း၏ ဥပဒေအကြံပေးများ တက်ရောက်ကြပါသည်။   - MGJEA 

Read More...

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ ကျင်းပမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည်  “၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ”ကို ၂.၁.၂၀၂၀ ရက်နေ့မှ ၇.၁.၂၀၂၀ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမ၊  နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။   - MGJEA 

Read More...