မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း "ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ" ၏ အရောင်းမြှင့်တင်ရေးနှင့် ဈေးသာယာရေးကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပ
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်ထားသည့် မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ(ကမ္ဘာအေး) ရှိ အဆင့်မြင့်လက်ဝတ်ရတနာအရောင်းဆိုင်များ၏ အရောင်းမြှင့်တင်ရေးနှင့် ဈေးသာယာရေးကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ၉.၅.၂၀၁၉ (ကြာသပတေးနေ့)၊ နေ့လည် (၁၃း၀၀) နာရီတွင် လည်းကောင်း၊ "ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ" ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယင်းနေ့ နေ့လည်(၁၄း၀၀)နာရီတွင် လည်းကောင်း မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမ(ကမ္ဘာအေး) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ(၃) ဒေါက်တာအောင်ကျော်ဝင်း ၊ ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်စိုး နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များမှ တာဝန်ရှိသူများ၊ အသင်းရုံးတာဝန်ရှိသူများ တက်ရောက်ကြပြီး ဆိုင်ခန်းငှားရမ်းခြင်းဆိုင်ရာ
ကိစ္စများ ၊ စည်းမျဉ်းစည်းကမ်းရေးရာကိစ္စများ၊ ဆိုင်ခန်းများအတွက် လိုအပ်သည့်ပံ့ပိုးမှုဆိုင်ရာများနှင့် ကျောက်မျက်ဈေးကွက်မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ကိစ္စများ ၊ စည်းမျဉ်းစည်းကမ်းရေးရာကိစ္စများ၊ ဆိုင်ခန်းများအတွက် လိုအပ်သည့်ပံ့ပိုးမှုဆိုင်ရာများနှင့် ကျောက်မျက်ဈေးကွက်မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

