စတုတ္ထအကြိမ် မြန်မာ့ကျောက်မျက်ရတနာနေ့ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကျင်းပ

August, 3 2020

နေပြည်တော် သြဂုတ် ၃ ရက်

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြန်မာ့ကျောက်မျက် ရတနာနေ့ ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ယနေ့  ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၃) ရက်နေ့  နံနက် (၅ : ၀၀ မှ ၈ : ၁၅ နာရီအထိ) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးကျော်သီဟ၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊  သတ္တုရေးရာအမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။

အခမ်းအနား အစီအစဉ်အရ ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက နေပြည်တော်မစိုးရိမ်စာသင်တိုက်မှ ပင့်သံဃာများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာနေ့အခမ်းအနားကို ဆက်လက်ကျင်းပသည်။

- MGJEA (NPW)



စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)၏ ဒုတိယအကြိမ် ကျောက်မျက်ရတနာ အချောထည်နှင့် ကျောက်စိမ်းတွဲများရောင်းချပွဲကျင်းပ

December, 18 2019

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (နေပြည်တော်)တို့၏လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုးကူညီမှုတို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ဒုတိယအကြိမ် ကျောက်မျက်ရတနာ အချောထည်နှင့် ကျောက်စိမ်းတွဲများရောင်းချပွဲကို စစ်ကိုင်းမြို့၊ ခရိုင်ချင်းဆက်လမ်းရှိ "ထက်ကျော်" ကိုယ်ပိုင်အထက်တန်းကျောင်းတွင် (၁၈.၁၂.၂၀၁၉) မှ (၂၃.၁၂.၂၀၁၉)ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ ၁၈.၁၂.၂၀၁၉ ရက်(ဗုဒ္ဓဟူးနေ့) နံနက်(၁၁)နာရီတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။
      အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း (စစ်ကိုင်း) ဥက္ကဋ္ဌ ဦးအောင်ကြီးနှင့် အလုပ်အမှု ဆောင်များ၊ အသင်းခွဲများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

- MGJEA



စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)နှင့် ထိုင်ဝမ်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကျင်းပ

December, 18 2019

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)နှင့် ထိုင်ဝမ်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ၁၈.၁၂.၂၀၁၉ ရက်(ဗုဒ္ဓဟူးနေ့) နံနက်တွင် ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ စစ်ကိုင်းတိုင်းဒေသကြီးကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း) ဥက္ကဋ္ဌ ဦးအောင်ကြီးနှင့် အလုပ်အမှုဆောင်များ၊ အသင်းခွဲများမှ တာဝန်ရှိသူများ၊ ထိုင်ဝမ်ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ Mr. Chang Wen-chin နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

- MGJEA



လုံးခင်း - ဖားကန့် ရတနာနယ်‌မြေ ကျောက်စိမ်း တူးဖော်မှု လုပ်ငန်းများကို (၁-၁၀-၂၀၁၉)ရက်နေ့မှ စ၍ ပြန်လည် တူးဖော် လုပ်ကိုင်ခွင့်ပြုပြီး ယာယီ ရပ်ဆိုင်းခဲ့သည့် ကာလကို သက်တမ်းအစားထိုး ပြန်လည် သတ်မှတ်ပေး

October, 2 2019

လုံးခင်း - ဖားကန့် ရတနာနယ်‌မြေတွင်ကျောက်စိမ်း တူးဖော်မှု လုပ်ငန်းများကို မိုးရာသီကာလအတွင်း (၁.၇.၂၀၁၉) မှ (၃၀.၉.၂၀၁၉) ထိ ယာယီရပ်ဆိုင်း ထားခဲ့မှုကာလ ပြည့်မြောက်ပြီ ဖြစ်သဖြင့် (၁-၁၀-၂၀၁၉) ရက်နေ့မှ စတင်၍ ပြန်လည်တူးဖော် လုပ်ကိုင်ခွင့်ပြုကြောင်း (သက်တမ်းကျန်ရှိကုမ္ပဏီများသာ) နှင့် ယာယီရပ်ဆိုင်းခဲ့သည့်ကာလကို မူလသက်တမ်းတွင် ဖြည့်စွက် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ‌ရောင်းဝယ်ရေးလုပ်ငန်းမှ သိရှိရပါသည်။

- MGJEA


မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (တတိယ)အကြိမ် မြန်မာ့ကျောက်မျက်ရတနာနေ့နှင့် (ဒဿမ)အကြိမ် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးအတွက် ကြိုတင်ဖိတ်ကြားခြင်း

July, 13 2019

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (တတိယ)အကြိမ် မြန်မာ့ကျောက်မျက်ရတနာနေ့နှင့် (ဒဿမ)အကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးအတွက် ကြိုတင်ဖိတ်ကြားခြင်း
 


ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ တွင်ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ညီလာခံ 2019 Extractive Industries Transparency Initi

June, 22 2019

နေပြည်တော် ၂၁.၆.၂၀၁၉

၂၀၁၉ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးညီလာခံ (2019 EITI Global Conference) ဖွင့်ပွဲအခမ်းအနားကို (၁၈.၆.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ OECD Conference Center အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာ ကိုယ်စား လှယ်အဖွဲ့တက်ရောက်ခဲ့သည်။ အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားတွင် International EITI Board အဖွဲ့၏ ဥက္ကဌ ဖြစ်သူ Mr. Fredrik Reinfeldt နှင့် ပြင်သစ်နိုင်ငံ၊ ဥရောပနှင့် နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Jean-Baptiste Lemoyne တို့မှ အဖွင့်အမှာစကား များပြောကြားခဲ့သည်။ ထို့နောက် ၂၀၁၉ခုနှစ်၊ သယံဇာတ တူးဖော်ထုတ်လုပ်မှုများ ပွင့်လင်း မြင်သာမှုဖော်ဆောင်ရေး စံချိန်စံညွှန်များ (2019 EITI Standards) အား (၁၇.၆.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၄၃)ကြိမ်မြောက် International EITI Board အစည်း အဝေးတွင် အတည်ပြုပြဌာန်းခဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပြီး ယနေ့ ကမ္ဘာတွင် သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ ပြောင်းလဲ ဖြစ်ပေါ်လာသည့် အခြေအနေများနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့်စပ်လျဉ်း၍ အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ က ရှု့ထောင့်အသီးသီးမှ ဆွေးနွေးတင်ပြခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် OECD Conference Center အတွင်း မြန်မာနိုင်ငံအပါအဝင် EITI အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံပေါင်း (၅၂)နိုင်ငံတို့မှ ခင်းကျင်းပြသထားသည့် သက်ဆိုင်ရာနိုင်ငံအလိုက် သယံဇာတ တူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆောင်ရွက်နေမှုများ၊ အစီရင်ခံစာ များအား ကြည့်ရှု့လေ့လာခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်း ချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို အသေးစိတ် ဆွေးနွေးမေးမြန်းခြင်းများဆောင်ရွက် ခဲ့သည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် International EITI Board အဖွဲ့ ၏ ဥက္ကဌ ဖြစ်သူ Mr. Fredrik Reinfeldt ခေါင်းဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ အနေဖြင့် EITI အဖွဲ့ဝင်လောင်းနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် တိုးမြှင့်သတ်မှတ်နိုင်ရေးအတွက် (၄၃) ကြိမ်မြောက် International EITI Board အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အချက် များနှင့်စပ်လျဉ်း၍ အလွတ်သဘော ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တွင်းထွက်သယံဇာတများစီမံအုပ်ချုပ်မှု ပိုမို အားကောင်းလာစေရန်အတွက် EITI မှတစ်ဆင့် အစီရင်ခံစာများကို အများပြည်သူသို့ အသိပေး ထုတ်ပြန်ပေးခြင်း from reports to disclosure using the EITI to strengthen government နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ညီလာခံ ဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီးသည် Showcasing leadership on the transparency agenda ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် EITI Stakeholders Forum တွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် တွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်ရောင်းချရာ၌ ပွင့် လင်းမြင်သာမှုရှိရေး၊ သတင်းအချက်အလက်များ အများပြည်သူသို့ စနစ်တကျထုတ်ပြန်နိုင်ရေး၊ လက်ရှိနှင့် အနာဂတ် နိုင်ငံသူ/နိုင်ငံသားများအတွက် အကျိုးအမြတ်အများဆုံးဖြစ်စေရေး၊ ပတ် ဝန်းကျင်နှင့် ဒေသခံတို့၏ လူမှုစီးပွားရေး ထိခိုက်ပျက်စီးမှု တတ်နိုင်သမျှလျှော့နည်းသက်သာ စေရေးတို့အတွက် နိုင်ငံတကာ စံနှုန်းများနှင့်အညီ မြန်မာနိုင်ငံ၏ဆောင်ရွက်ချက်များ၊ ဆက် လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ညီလာခံသို့ မိန့်ခွန်းပြောကြားခဲ့သည်။
အဆိုပါနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ စွမ်းအင်နှင့်သတ္တုသယံဇာတများဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး Prof. Akhmad Syakhroza ဦးဆောင်သော အင်ဒိုနီးရှားနိုင်ငံ EITI အဖွဲ့အား လည်းကောင်း၊ Natural Resource Governance Institute ၏ ဥက္ကဌဖြစ်သူ Mr. Daniel Kaufmann ဦးဆောင်သောအဖွဲ့အားလည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအနေ ဖြင့် EITI အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ အတွေ့အကြုံသင်ခန်းစာ များအပေါ် လေ့လာဆွေးနွေးတိုင်ပင်ခြင်း၊ အကြံပြု သဘောထားမှတ်ချက်များရယူခြင်း၊ တွင်း ထွက်သယံဇာတများ စီမံအုပ်ချုပ်ရာတွင် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများ၊ နိုင်ငံတကာအတွေ့အကြုံများ မျှဝေခြင်းများနှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသည် ၂၀၁၄ခုနှစ်၊ ဇူလိုင်လတွင်.မက္ကဆီကိုနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် International EITI Board အစည်းအဝေး သဘောတူညီချက်အရ EITI အဖွဲ့ဝင်လောင်းနိုင်ငံ အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်တွင် အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ သဘောတူညီချက် ဖြင့် ၂၀၁၃ခုနှစ်မှ ၂၀၁၆ခုနှစ် အထိ သယံဇာတ တူးဖော်ထုတ်လုပ်မှုများဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ၊ သတင်းအချက်အလက်များပါဝင်သည့် အစီရင်ခံစာ(၄)ခုကို ထုတ်ပြန်နိုင်ခဲ့ ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဌာရေးနှစ်အတွက် အစီရင်ခံစာ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အဖွဲ့ဝင်လောင်းနိုင်ငံအဆင့်မှ EITI အဖွဲ့ဝင်နိုင်ငံဖြစ်ရေး EITI နိုင်ငံတကာစံနှုန်းများပြည့်မီရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

Source : Ministry of Natural Resources and Environmental Conservation-Forestry
 

Myanmar B2B Management Magazine မှ ကြီးမှူးကျင်းပသော "မြန်မာ့ကျောက်မျက်ရတနာနှင့်နိုင်ငံတကာဈေးကွက်အခွင့်အလမ်း" ဆွေးနွေးပွဲ စကားဝိုင်းကျင်းပ

May, 22 2019

Myanmar B2B Management Magazine မှ ကြီးမှူးကျင်းပသော “ B2B စကားဝိုင်း ”တွင်  "မြန်မာ့ကျောက်မျက်ရတနာနှင့် နိုင်ငံတကာဈေးကွက်အခွင့်အလမ်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ၊ လမ်းမတော်မြို့နယ်၊ UMFCCI (မင်္ဂလာခန်းမ)တွင်  ၂၀၁၉ခုနှစ် ၊ မေလ ၂၁ ရက် ၊ အင်္ဂါနေ့ (မနက်-၈နာရီမှ မွန်းတည့်-၁၂နာရီအထိ) ကျင်းပရာ ဆွေးနွေးမှုမစတင်မီ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ "Think Positive, Be Positive “ ဆိုသော ခေါင်းစဉ်ဖြင့် Keynote speech ပြောကြားပါသည်။

    ထို့နောက် ဆရာကြီးဒေါက်တာအောင်ထွန်းသက်မှ ဦးဆောင်မေးမြန်းပြီး (၁) ဒေါက်တာ အောင်ကျော်ဝင်း ဒုဥက္ကဋ္ဌ(မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း) ဥက္ကဋ္ဌ (ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစု) ၊ (၂)ဦးဇော်ဘိုခန့် ဒုဥက္ကဋ္ဌ(မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း) ဥက္ကဋ္ဌ (ခန့်ရွှေပြည် ကုမ္ပဏီလီမီတက်)နှင့် (၃) ဒေါ်လုလု မန်နေးဂျင်း ဒါရိုက်တာ (The Rich Gems) တို့မှ ကျောက်မျက်ရတနာနှင့်ပတ်သက်ပြီး နိုင်ငံတကာဈေးကွက်အခြေအနေ၊ ဈေးကွက်သို့ မည်သို့မည်ပုံထိုးဖောက်ဆောင်ရွက်သင့်ကြောင်း အကြံပြုချက်များ၊ ကျောက်မျက်ရတနာဥပဒေ၊ အခွန်ကိစ္စ၊ Environmental Management Plan(EMP)ကိစ္စတို့နှင့်ပတ်သက်ပြီး ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မီဒီယာများ၏တွေ့ဆုံမေးမြန်းမှုများကို ရှင်းလင်းဖြေကြား ပေးခဲ့ကြပါသည်။ 


မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း "ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ" ၏ အရောင်းမြှင့်တင်ရေးနှင့် ဈေးသာယာရေးကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပ

May, 10 2019

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ  ကြီးမှူးဖွင့်လှစ်ထားသည့်  မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ(ကမ္ဘာအေး) ရှိ အဆင့်မြင့်လက်ဝတ်ရတနာအရောင်းဆိုင်များ၏ အရောင်းမြှင့်တင်ရေးနှင့် ဈေးသာယာရေးကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ၉.၅.၂၀၁၉ (ကြာသပတေးနေ့)၊ နေ့လည် (၁၃း၀၀) နာရီတွင် လည်းကောင်း၊ "ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ" ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယင်းနေ့  နေ့လည်(၁၄း၀၀)နာရီတွင် လည်းကောင်း မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမ(ကမ္ဘာအေး) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ  မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ(၃) ဒေါက်တာအောင်ကျော်ဝင်း ၊ ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်  မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်စိုး နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များမှ တာဝန်ရှိသူများ၊ အသင်းရုံးတာဝန်ရှိသူများ တက်ရောက်ကြပြီး  ဆိုင်ခန်းငှားရမ်းခြင်းဆိုင်ရာ
ကိစ္စများ ၊ စည်းမျဉ်းစည်းကမ်းရေးရာကိစ္စများ၊ ဆိုင်ခန်းများအတွက် လိုအပ်သည့်ပံ့ပိုးမှုဆိုင်ရာများနှင့် ကျောက်မျက်ဈေးကွက်မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကျောက်စိမ်းအတွဲများ ခင်းကျင်းပြသထားမှု ကြည့်ရှုစစ်ဆေး

January, 8 2019

နေပြည်တော် နိုဝင်ဘာ ၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့ ညနေပိုင်းတွင် ၂၀၁၈ ခုနှစ် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအတွက် ကျောက်စိမ်းအတွဲများ ခင်းကျင်းပြသထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဟန်နှင့် တာဝန်ရှိသူ များက မြန်မာကျပ်ငွေဖြင့် ရောင်းချသွားမည့် ကျောက်စိမ်းအတွဲများ ခင်းကျင်းထားရှိမှု အခြေအနေများကို ရှင်းလင်းပြသကြသည်။

၂၀၁၈ ခုနှစ် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲပေါင်း ၃၃၃၉ တွဲနှင့် ကျောက်မျက်အတွဲပေါင်း ၉၆ တွဲ တို့ကို ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောင်းချပွဲသို့ ပြည်တွင်းရတနာကုန်သည် စုစုပေါင်း ၁၀၉၇ ဦး တက်ရောက်ရန် စာရင်းသွင်းထားပြီး ပြည်တွင်းရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအတွက် ကုန်ကြမ်းများရရှိနိုင်ရေးကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
 

မြန်မာနိုင်ငံ EITI ဒုတိယ အကြိမ် (၂၀၁၄-၂၀၁၅ ဘဏ္ဍရေးနှစ်)နှင့် တတိယ အကြိမ်(၂၀၁၅-၂၀၁၆ ဘဏ္ဍရေးနှစ်) အစီရင်ခံစာများဆိုင်ရာအချက်အလက်အကျဉ်းချုပ်ရှင်းလင်းတင်ပြသည့်အလုပ်ရုံဆွေးနွေးပွဲ

January, 8 2019

(၁၉.၁၁.၂၀၁၈) ခုနှစ်တနင်္လာနေ့ Sule Shangri-La Hotel Grandball room မှာမနက် (၁၀) နာရီမှစတင်ကျင်းပသည်. အဆိုပါအစည်းအဝေးတွင်
စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာနပြည်ထောင်စုဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနှင့်တာဝန်ရှိသူများ CSO များ Donor များ အသင်းအဖွဲ့များမှတာဝန်ရှိသူများတက်ရောက်ပြီး မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ကိုယ်စားတက်ရောက်ခဲ့ပါသည်

MEITI ရဲ့ ဘဏ္ဍနှစ် (၂၀၁၄-၂၀၁၆) အရ များစွာတိုးတက်မူ့ရှိသည်ကိုတွေ့ရပြီးဆက်လက်ကြိုးပမ်းဆောင်ရွက်စရာများစွာလည်းကျန်ရှိကြောင်းသိရသည်။