announcement

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (၂၀၂၂-၂ဝ၂၅)ခုနှစ်၊ ဆဋ္ဌမသက်တမ်းအလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့်နေ့ရက်ဆိုင်းငံ့ကြောင်း အသိပေးကြေညာချက်

Language :

  • Home
  • About Us
  • News
  • Announcements
  • Contact Us

သတင်းများ

၂၀၁၉ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စက်တင်ဘာလ(၁၆)ရက်မှ (၂၅)ရက်အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည် ၂၀၁၉ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စက်တင်ဘာလ(၁၆)ရက်မှ (၂၅)ရက်အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည် -

Read More...

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမသက်တမ်း စီမံခန့်ခွဲရေးကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမသက်တမ်း စီမံခန့်ခွဲရေးကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ၂၇.၆.၂၀၁၉ ရက် (ကြာသပတေးနေ့) နေ့လည်(၁၃း၀၀)နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ (အစည်းအဝေးခန်းမ)တွင် ကျင်းပရာ မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အသင်း၏ ဥပဒေအကြံပေးများ တက်ရောက်ကြပါသည်။   -    MGJEA 

Read More...

ထွန်းသစ်စနေမင်းကြီးကဲ့သို့ ထွန်းတောက်တဲ့ မြန်မာ့ပတ္တမြား၏ စံချိန်တင်ရောင်းချရမှု

ကမ္ဘာအကြီးဆုံးပတ္တမြားများထဲမှ မြန်မာ့ပတ္တမြားတစ်ပွင့်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ဆိုသီဘီလေလံပွဲ (Sotheby)တွင် စံချိန်တင် ဈေးအမြင့်ဆုံးရရှိခဲ့ပါသည်။ ထိုမြန်မာ့ပတ္တမြားကြီးကို ထွန်းသစ်စ နေမင်းကြီးကဲ့သို့ လူအများသိရှိကြပြီး ၂၅.၅၉ကာရတ် အလေးချိန်ရှိပါသည်။ ကမ္ဘာ့အရောင်း စံချိန်သစ်ဖြစ်ခဲ့ပြီး ဆွစ်ဇာလန်ဒေါ်လာ ၂၈.၂၅သန်း(အမေရိကန်ဒေါ်လာ ၃၀.၄၂ သန်း)ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။   ထိုပတ္တမြားကြီးသည် ပြီးခဲ့သောနှစ်များက ရောင်းဝယ်ခဲ့သော ဈေးနှုန်းများထက် ထူးခြားမြင့်မားသော ဈေးနှုန်းဖြင့် ကမ္ဘာ့စံချိန်သစ်တင်ခဲ့ပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ပတ္တမြားများ၏ ကာရတ်အလိုက် တန်ဖိုးမြင့်တက်လာမှု ဖြစ်စဉ်မှတ်တမ်း   -    ၂၀၁၂ ခုနှစ်တွင် မြန်မာ့ပတ္တမြား(၃၂.၀၈ကာရတ်) တစ်ပွင့်ကို US$ ၆.၇ သန်း (၁ကာရတ်လျှင် US$ 209,000) -    ၂၀၁၂ ခုနှစ်တွင် မြန်မာ့ပတ္တမြား(၆.၀၄ကာရတ်) တစ်ပွင့်ကို US$ ၃.၃ သန်း (၁ကာရတ်လျှင် US$ 551,000) -    ၂၀၁၄ ခုနှစ်တွင် မြန်မာ့ပတ္တမြား(၈.၆၂ကာရတ်) တစ်ပွင့်ကို US$ ၈.၅၇ သန်း (၁ကာရတ်လျှင် US$ 994,000) -    ၂၀၁၅ ခုနှစ်တွင် မြန်မာ့ပတ္တမြား(၂၅.၅၉ကာရတ်) တစ်ပွင့်ကို စံချိန်သစ်တင်ပြီး US$ ၃၀.၄၂ သန်း (၁ကာရတ်လျှင် US$ 1.18 million)   -    MGJEA

Read More...

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ တွင်ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ညီလာခံ 2019 Extractive Industries Transparency Initi

နေပြည်တော် ၂၁.၆.၂၀၁၉ ၂၀၁၉ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးညီလာခံ (2019 EITI Global Conference) ဖွင့်ပွဲအခမ်းအနားကို (၁၈.၆.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ OECD Conference Center အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာ ကိုယ်စား လှယ်အဖွဲ့တက်ရောက်ခဲ့သည်။ အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားတွင် International EITI Board အဖွဲ့၏ ဥက္ကဌ ဖြစ်သူ Mr. Fredrik Reinfeldt နှင့် ပြင်သစ်နိုင်ငံ၊ ဥရောပနှင့် နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Jean-Baptiste Lemoyne တို့မှ အဖွင့်အမှာစကား များပြောကြားခဲ့သည်။ ထို့နောက် ၂၀၁၉ခုနှစ်၊ သယံဇာတ တူးဖော်ထုတ်လုပ်မှုများ ပွင့်လင်း မြင်သာမှုဖော်ဆောင်ရေး စံချိန်စံညွှန်များ (2019 EITI Standards) အား (၁၇.၆.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၄၃)ကြိမ်မြောက် International EITI Board အစည်း အဝေးတွင် အတည်ပြုပြဌာန်းခဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပြီး ယနေ့ ကမ္ဘာတွင် သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ ပြောင်းလဲ ဖြစ်ပေါ်လာသည့် အခြေအနေများနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့်စပ်လျဉ်း၍ အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ က ရှု့ထောင့်အသီးသီးမှ ဆွေးနွေးတင်ပြခဲ့ကြသည်။   ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် OECD Conference Center အတွင်း မြန်မာနိုင်ငံအပါအဝင် EITI အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံပေါင်း (၅၂)နိုင်ငံတို့မှ ခင်းကျင်းပြသထားသည့် သက်ဆိုင်ရာနိုင်ငံအလိုက် သယံဇာတ တူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆောင်ရွက်နေမှုများ၊ အစီရင်ခံစာ များအား ကြည့်ရှု့လေ့လာခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်း ချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို အသေးစိတ် ဆွေးနွေးမေးမြန်းခြင်းများဆောင်ရွက် ခဲ့သည်။   နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် International EITI Board အဖွဲ့ ၏ ဥက္ကဌ ဖြစ်သူ Mr. Fredrik Reinfeldt ခေါင်းဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ အနေဖြင့် EITI အဖွဲ့ဝင်လောင်းနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် တိုးမြှင့်သတ်မှတ်နိုင်ရေးအတွက် (၄၃) ကြိမ်မြောက် International EITI Board အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အချက် များနှင့်စပ်လျဉ်း၍ အလွတ်သဘော ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။   ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တွင်းထွက်သယံဇာတများစီမံအုပ်ချုပ်မှု ပိုမို အားကောင်းလာစေရန်အတွက် EITI မှတစ်ဆင့် အစီရင်ခံစာများကို အများပြည်သူသို့ အသိပေး ထုတ်ပြန်ပေးခြင်း from reports to disclosure using the EITI to strengthen government နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ညီလာခံ ဒုတိယနေ့တွင် ပြည်ထောင်စုဝန်ကြီးသည် Showcasing leadership on the transparency agenda ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် EITI Stakeholders Forum တွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် တွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်ရောင်းချရာ၌ ပွင့် လင်းမြင်သာမှုရှိရေး၊ သတင်းအချက်အလက်များ အများပြည်သူသို့ စနစ်တကျထုတ်ပြန်နိုင်ရေး၊ လက်ရှိနှင့် အနာဂတ် နိုင်ငံသူ/နိုင်ငံသားများအတွက် အကျိုးအမြတ်အများဆုံးဖြစ်စေရေး၊ ပတ် ဝန်းကျင်နှင့် ဒေသခံတို့၏ လူမှုစီးပွားရေး ထိခိုက်ပျက်စီးမှု တတ်နိုင်သမျှလျှော့နည်းသက်သာ စေရေးတို့အတွက် နိုင်ငံတကာ စံနှုန်းများနှင့်အညီ မြန်မာနိုင်ငံ၏ဆောင်ရွက်ချက်များ၊ ဆက် လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ညီလာခံသို့ မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ စွမ်းအင်နှင့်သတ္တုသယံဇာတများဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး Prof. Akhmad Syakhroza ဦးဆောင်သော အင်ဒိုနီးရှားနိုင်ငံ EITI အဖွဲ့အား လည်းကောင်း၊ Natural Resource Governance Institute ၏ ဥက္ကဌဖြစ်သူ Mr. Daniel Kaufmann ဦးဆောင်သောအဖွဲ့အားလည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအနေ ဖြင့် EITI အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံ၏ အတွေ့အကြုံသင်ခန်းစာ များအပေါ် လေ့လာဆွေးနွေးတိုင်ပင်ခြင်း၊ အကြံပြု သဘောထားမှတ်ချက်များရယူခြင်း၊ တွင်း ထွက်သယံဇာတများ စီမံအုပ်ချုပ်ရာတွင် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများ၊ နိုင်ငံတကာအတွေ့အကြုံများ မျှဝေခြင်းများနှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။   မြန်မာနိုင်ငံသည် ၂၀၁၄ခုနှစ်၊ ဇူလိုင်လတွင်.မက္ကဆီကိုနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် International EITI Board အစည်းအဝေး သဘောတူညီချက်အရ EITI အဖွဲ့ဝင်လောင်းနိုင်ငံ အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်တွင် အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ သဘောတူညီချက် ဖြင့် ၂၀၁၃ခုနှစ်မှ ၂၀၁၆ခုနှစ် အထိ သယံဇာတ တူးဖော်ထုတ်လုပ်မှုများဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ၊ သတင်းအချက်အလက်များပါဝင်သည့် အစီရင်ခံစာ(၄)ခုကို ထုတ်ပြန်နိုင်ခဲ့ ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဌာရေးနှစ်အတွက် အစီရင်ခံစာ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အဖွဲ့ဝင်လောင်းနိုင်ငံအဆင့်မှ EITI အဖွဲ့ဝင်နိုင်ငံဖြစ်ရေး EITI နိုင်ငံတကာစံနှုန်းများပြည့်မီရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

Read More...

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမသက်တမ်း အလုပ်အမှုဆောင်အဖွဲ့၏ (၃/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ပဉ္စမသက်တမ်း အလုပ်အမှုဆောင်အဖွဲ့၏ (၃/၂၀၁၉)ကြိမ်မြောက် အစည်းအဝေး ကို ၈.၆.၂၀၁၉ (စနေနေ့) နေ့လည်(၁၃း၀၀)နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ (အစည်းအဝေးခန်းမ)တွင်ကျင်းပရာ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် အသင်းဒုတိယဥက္ကဋ္ဌများ၊ ပညာရှင်/အကြံပေးများ၊ အတွင်းရေးမှူး/တွဲဖက်အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင် များ/အလုပ်အမှုဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ 

Read More...

၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကြည့်ရှုအားပေး

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီက ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျောက်မျက်တွဲများနှင့် ကျောက်စိမ်းတွဲများ စတင်ခင်းကျင်း ပြသရောင်းချခြင်းကို ယနေ့ (၀၈:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် (သတ္တုရေးရာ) ဦးမင်းမင်းဦး၊ ပြပွဲဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ရတနာပြပွဲဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။   ပြည်ထောင်စုဝန်ကြီးသည် မဏိရတနာ ကျောက်စိမ်းခန်းမ ပထမထပ်ရှိ ကျောက်မျက်တွဲများ ခင်းကျင်းထားရှိမှု အခြေအနေနှင့် မဏိရတနာ ကျောက်စိမ်းခန်းမဝင်းအတွင်း ကျောက်ခင်းကွင်း နယ်မြေများရှိ ကျောက်စိမ်းတွဲများ ခင်းကျင်းထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပါသည်။   ၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ဇွန်လ (၈) ရက်နေ့မှ (၁၃) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ကျောက်မျက်တွဲ (၂၆၀) တွဲ ကို ၁၀.၆.၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ ကျောက်စိမ်းတွဲ (၃၁၀၈) တွဲကို ၁၁.၆.၂၀၁၉ ရက်နေ့ မှ ၁၃.၆.၂၀၁၉ ရက်နေ့အထိလည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။

Read More...

မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ (ကမ္ဘာအေး)တွင် အဆင့်မြင့်လက်ဝတ်ရတနာ ဆိုင်ခန်း (၆)ခန်းအားငှားရမ်းရန် လစ်လပ် လျှက်ရှိပါသည်

မြန်မာ့ကျောက်မျက်ရတနာ အရောင်းခန်းမ (ကမ္ဘာအေး)တွင် အောက်ဖော်ပြပါ အဆင့်မြင့်လက်ဝတ်ရတနာ ဆိုင်ခန်း (၆)ခန်းအား ငှားရမ်းရန် လစ်လပ်လျှက်ရှိပါသည်။အဆိုပါ လက်ဝတ်ရတနာဆိုင်ခန်းများကို ကျောက်မျက်ရတနာ လုပ်ငန်း လုပ်ကိုင်သူ မည်သူမဆို ငှားရမ်း လျောက်ထားရယူပြီး လုပ်ငန်းဆောင်ရွက်နိုင်ပါသည်။   - (B-7 / B-8 / B-9 / C-3 / D-5 / D-9) မျက်နှာစာ ၁၂ပေ xအနံ ၁၁ပေ - စုစုပေါင်း လစ်လပ် ဆိုင်ခန်း (၆)ခန်း ဖြစ်ပါသည်။   - ဆိုင်ခန်းခမှာ (၁)လျှင် ၆၀၀,၀၀၀/- (ကျပ်ခြောက်သိန်းတိတိ)ဖြစ်ပြီး လစဉ်ငွေ ကြိုတင် ပေးသွင်းရမည် ဖြစ်ပါသည်။   - ဆိုင်ခန်းရယူလိုသူများ အမှတ်(၆၈) ကမ္ဘာအေးဘုရားလမ်းမရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ရှိမြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း(ကမ္ဘာအေး) ဈေးကွက်မြှင့်တင်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

Read More...

၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲတွင် ရတနာကုန်သည်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ အသိပေးကြေညာချက်များ

၂၀၁၉ ခုနှစ်၊ ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲတွင် ရတနာကုန်သည်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ အသိပေးကြေညာချက်များ

Read More...

မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ(မူကြမ်း)အား အကြံပြုနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကျင်းပ

မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ(မူကြမ်း)အား အကြံပြုနိုင်ရေးအတွက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းတို့၏ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ၂၂.၅.၂၀၁၉(ဗုဒ္ဓဟူးနေ့) နေ့လည်(၁၃း၀၀)နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ အစည်းအဝေးခန်းမတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ဥပဒေဆိုင်ရာအကြံပေးအဖွဲ့(သတ္တုရေးရာ) ဥက္ကဋ္ဌ ဦးကိုကိုလွင်၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ အထွေထွေမန်နေဂျာများဖြစ်ကြသော ဦးမင်းသူ၊ ဦးသန်းဇော်ဦး နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ၊ ဒု-ဥက္ကဋ္ဌ(၄) ဦးကျော်သူရ၊ ဒု-ဥက္ကဋ္ဌ(၅) ဦးဇော်ဘိုခန့်၊ ဗဟိုအလုပ်အမှုဆောင်/ အလုပ်အမှုဆောင်များ၊ အသင်းခွဲများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းမှ ဥပဒေအကြံပေးများ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြပါသည်။

Read More...