ANNOUNCEMENT  
တန်ဖိုးမြှင့်ကျောက်မျက် အချောထည်နှင့်လက်ဝတ်ရတနာကဏ္ဍ ပြည်တွင်းတွင် ရာနှုန်းပြည့်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးသည် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်၏ အဓိကရည်မှန်းချက်ဖြစ်သည်။ ထိုရည်မှန်းချက်များပြည့်မီအောင် အကောင်အထည်ဖော်ရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ရာတွင် ပြည်တွင်းရှိ ညီနောင်အသင်းခွဲများနှင့်အတူ ပူးပေါင်းဆောင်ရွက်သလို ပြည်ပမှကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အရှိန်အဟုန်မြှင့်တင်၍ အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းအားထုတ်လျက် အသင်းသူ/အသင်းသားများ၏ လိုအပ်ချက်များကို ပြည့်မီရန်အတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။
Language :    Myanmar  |  English  |  China

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း


မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသည် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ကျောက်မျက်ကဏ္ဍလှုပ်ရှားဆောင်ရွက်မှုနှင့် ကျောက်မျက်ရတနာကဏ္ဍအသီးသီး၏ ပါဝင်သူအားလုံး၏ အကျိုးစီးပွားအတွက်ရှေ့ရှူ၍ ပေါင်းကူးဆက်စပ်ပေးသည့် စီးပွားရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် ၂၀၀၉ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ကူးသန်းရောင်းဝယ်ရေးမြှင့်တင်ရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ ဝင်ငွေရလမ်းများ အကျိုးအမြတ်များရရှိရေးကို ဖန်တီးပေးနိုင်ရန်တို့ကို ရည်ရွယ်၍ အကျိုးအမြတ် ခွဲမယူသော အသင်းအဖွဲ့အစည်းဖြစ် အသင်းချုပ်ကို မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသည် ကျောက်မျက်ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များပါဝင်သည့် အသင်းသား၊ လုပ်ငန်းရှင်များကို အခြေခံ၍ အကျိုးအမြတ်မယူသည့် စီးပွားရေးကို အခြေခံသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ညီနောင်အသင်းဝင်တစ်ခု ဖြစ်ပါတယ်။