ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ဆက်လက်ကျင်းပမှု တက်ရောက်အားပေး

October 22, 2023

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမသို့ ရောက်ရှိပြီး ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲ အတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များအား မှာကြားသည်။ 

ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၁၅၁ မှ အတွဲအမှတ် ၃၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲပေါင်း ၃၀၀ အနက်မှ ပုလဲအတွဲအမှတ် ၁၅၁ မှ အတွဲအမှတ် ၂၂၅ အထိ တင်သွင်းထားသော တင်ဒါအမှတ် (၃) ကို မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ ပုလဲအတွဲအမှတ် ၂၂၆ မှ အတွဲအမှတ် ၃၀၀ အထိ တင်သွင်းထားသော တင်ဒါအမှတ် (၄) ကို ညနေ ၅ နာရီတွင် လည်းကောင်း တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲပေါင်း ( ၁၅၀ )တွဲ ရောင်းချ ရကြောင်း ကြေညာသည်။

ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲပေါင်း ၃၀၀ ရောင်းချခဲ့ရာကြောင်း ပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲ ၁၆၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source : Myanmar Gems Enterprise

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

October 21, 2023

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲ များနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ထို့နောက် ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲပေါင်း ၃၀၀ အနက်မှ ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများအနက် တင်ဒါအမှတ် (၁) ကို မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ တင်ဒါအမှတ် (၂) ကို ညနေ ၅ နာရီတွင် လည်းကောင်း တာဝန်ရှိ သူများက ဖွင့်ဖောက်စစ်ဆေးပြီး ပုလဲအတွဲပေါင်း ( ၁၅၀ )တွဲ ရောင်းချရကြောင်း ကြေညာသည်။

ပြပွဲတတိယနေ့တွင် ပုလဲအတွဲပေါင်း ၃၀၀ အနက်မှ ကျန်ရှိသည့် ပုလဲအတွဲအမှတ် ၁၅၁ မှ အတွဲအမှတ် ၃၀၀ အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမသို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိပြီး ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲ အတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများအား မှာကြားသည်။ 

 ယခုကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောက်တိုဘာလ ၂၀ ရက်နေ့မှစတင်၍ ၂၈ ရက်နေ့ အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၃၀၀ တွဲ၊ ကျောက်မျက်အတွဲ ၁၆၀၊ (A)အုပ်စုမှ ကျောက်စိမ်းအတွဲ ၅၂၀၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၃၃ နှင့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲ ၁၇၉၂ စုစုပေါင်း ကျောက်စိမ်း အတွဲ ၄၀၄၅ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေး သွားမည်ဖြစ်သည်။

 ထို့ပြင် ယခု ကျင်းပပြုလုပ်လျက်ရှိသည့် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်ပနိုင်ငံ(၄)နိုင်ငံမှ ရတနာကုန်သည်များ ပိုမိုတက်ရောက်ခဲ့ပြီး ယခင်ကျင်းပပြီး ပြပွဲများထက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက တက်ရောက်ယှဉ်ပြိုင်ဝယ်ယူမှု များပြားသဖြင့် ပုလဲ အတွဲများကို ဈေးနှုန်းပိုမိုစွာ ရောင်းချရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Source : Myanmar Gems Enterprise

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ် ၊ နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

October 20, 2023

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် ကျောက်မျက်ရတနာပြပွဲများ ကျင်းပရောင်းချခဲ့မှု၊ မြန်မာ့ပုလဲများထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများထုတ်လုပ်မှုနှင့် ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲအခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကိုကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်းပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲ အတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲဝင်များသည် ပုဂ္ဂလိက ကျောက်မျက်ရတနာအချောထည်အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကိုရောင်းချနိုင်မည့် မြန်မာ့ ကျောက်မျက် ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှစတင်၍ကျင်းပခဲ့သည်။ ယခုရတနာပြပွဲတွင် ပုလဲအတွဲပေါင်း (၃၀၀)၊ ကျောက်မျက်အတွဲပေါင်း(၁၆၀)နှင့် ကျောက်စိမ်းအတွဲပေါင်း (၄၀၄၅) တွဲတိုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ပုလဲအတွဲနှင့် ကျောက်မျက်အတွဲတိုကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားကာ ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ကျပ်ငွေဖြင့် လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။

ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အုပ်စု (၃) စုခွဲခြားထားပြီး နိုင်ငံခြားငွေရရှိရန်အတွက် ကျောက်စိမ်း အတွဲအုပ်စု (အေ) နှင့် (ဘီ) ဖြင့်လည်းကောင်း၊ MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်အတွက် အုပ်စု (စီ) ဖြင့်လည်းကောင်း သတ်မှတ်ထားသည်။

ကျောက်စိမ်းအတွဲ (၅၂၀) ပါဝင်သည့် အုပ်စု (အေ) ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်များသာမက ပြည်တွင်းရတနာကုန်သည်များပါ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေစသည့်နိုင်ငံခြားငွေဖြင့် ပေးချေဝယ်ယူရမည်ဖြစ်သည်။

ကျောက်စိမ်းအတွဲ (၁၇၃၃) တွဲ ပါဝင်သည့် အုပ်စု (ဘီ) ကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားပြီး ပြည်ပရတနာကုန်သည်များအနေဖြင့် နိုင်ငံခြားငွေဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များအနေဖြင့် ကျပ်ငွေ (သိုမဟုတ်) နိုင်ငံခြားငွေဖြင့်လည်းကောင်း ပေးချေဝယ်ယူနိုင်မည်ဖြစ်သည်။

MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်ရည်ရွယ်ရောင်းချသည့် ကျောက်စိမ်းအတွဲ (၁၇၉၂) တွဲပါဝင် သည့် အုပ်စု (စီ) ကို ကျပ်ငွေဖြင့် ကြမ်းခင်းဈေးသတ်မှတ်ထားပြီး ပြည်တွင်းရတနာကုန်သည်များကသာ ကျပ်ငွေဖြင့် ပေးချေဝယ်ယူခွင့်ရှိကြောင်း သိရသည်။

ယခု ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ပါသည်။

Source : Myanmar Gems Enterprise

၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်မည်

October 2, 2023

၁။    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီသည်  ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုလာလ(၂၀)ရက်မှ (၂၈)ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင်  ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည် ဖြစ်ပါသည်။

၂။    ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည် ဖြစ်ပါသည်။

၃။    ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တက်ရောက်ဝယ်ယူခွင့်ကိစ္စများများနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက 
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်(နေပြည်တော်)၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းချုပ်(နေပြည်တော်)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတိပေးကြေညာအပ်ပါသည်။

 မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

September 27, 2023

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ၂၇-၉-၂၀၂၃ ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်းပြသ ရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှုနှင့် ရောင်းချမည့် အခြေအနေများအားလည်းကောင်း၊ ပြပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီ များက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့်  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Source : Myanmar Gems Enterprise

"(၂၀)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 20th China-ASEAN Expo)" အတွက် Exhibitor Guid နှင့် Visitor Guide

August 28, 2023

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်မည့် "(၂၀)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 20th China-ASEAN Expo" ပြပွဲတွင်ပါဝင်ပြသမည့် ကုန်သည်လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် Exhibitor Guid နှင့် Visitor Guide တို့ကို တရုတ်နိုင်ငံဘက်မှ ပေးပို့လာပါသဖြင့် လိုအပ်သလို ကိုးကားအသုံးပြုနိုင်ရေးအတွက် ကုန်စည်ပြပွဲသို့ လိုက်ပါမည့် အသင်းဝင် ကုမ္ပဏီများထံသို့ ဖြန့်ဝေပေးနိုင်ရန် Soft Copy ဖြင့် ပေးပို့အပ်ပါသည်။


(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီးခြင်း

March 23, 2023

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပိတ်ပွဲကို (၂၃-၃-၂၀၂၃) ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
ယနေ့တွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှု ကြသည်။

ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၁၅၀၁)မှ (၂၁၅၀) အထိ ကျောက်စိမ်းအတွဲပေါင်း ၆၅၀ အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၄၃၀ တွဲ ရောင်းချရကြောင်း ကြေညာသည်။

ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ တွဲကို မတ်လ ၂၀ ရက်နေ့တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲကိုလည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲကို မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ  ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၁၅၄၄ တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Source : Myanmar Gems Enterprise

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ဆက်လက်ကျင်းပ

March 22, 2023

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို (၂၂-၃-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲ အနက် ကျောက်စိမ်းအတွဲအမှတ် (၇၅၁)မှ (၁၅၀၀) အထိ အတွဲပေါင်း (၇၅၀)ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၅၃၈ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။

ပြပွဲ သတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲ အနက် ကျောက်စိမ်းအတွဲအမှတ် (၁၅၀၁)မှ (၂၁၅၀) အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှု စစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ကျောက်စိမ်းအတွဲအမှတ် (၁၅၀၁)မှ (၂၁၅၀) အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ မတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ကြေညာသွားမည်ဖြစ်ကြောင်း သိရ သည်။

ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ တွဲကို မတ်လ ၂၀ ရက်နေ့တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲကိုလည်းကောင်း၊ ကျောက်စိမ်းအတွဲ ၂၁၅၀ တွဲအနက် ကျောက်စိမ်းအတွဲ(၁)မှ (၇၅၀)အထိကို မတ်လ ၂၁ ရက်နေ့တွင် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၅၇၆ တွဲကို လည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

ယခုကဲ့သို့ ပြပွဲများ ကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာများကို ရောင်းချခြင်းဖြင့် ကျောက်မျက် ရတနာရောင်းဝယ်သူများ အတွက် ငွေကြေးလည်ပတ်ခြင်း၊ ကျောက်မျက်ရတနာအချောထည် လုပ်ကိုင်သူများ အတွက် ကုန်ကြမ်းရရှိခြင်းနှင့် ကျောက်မျက်ကဏ္ဍမှ လုပ်သားများအတွက် အလုပ်အကိုင်များ အဆင်ပြေ စေခြင်း စသည့် အခွင့်အလမ်းများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

ထို့အပြင် ယခုကျင်းပသည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

Source : Ministry of Natural Resources and Environmental Conservation

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ ဆက်လက်ကျင်းပ

March 21, 2023

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို (၂၁-၃-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှု ကြသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲ အနက် ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၇၅၀) အထိ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၅၇၆ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာ သည်။

ပြပွဲ ဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲ အနက် ကျောက်စိမ်းအတွဲအမှတ် (၇၅၁)မှ (၁၅၀၀) အထိကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ကျောက်စိမ်းအတွဲအမှတ် (၇၅၁)မှ (၁၅၀၀) အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ကြေညာသွားမည်ဖြစ်ကြောင်း သိရ သည်။

ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ တွဲကို မတ်လ ၂၀ ရက်နေ့တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

ထို့အပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
ယခုကျင်းပပြုလုပ်သည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်သည်။

Source : Ministry of Natural Resources and Environmental Conservation

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ

March 20, 2023

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို (၂၀-၃-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှု ကြသည်။

ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၂၀ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာ သည်။

ပြပွဲ ပဉ္စမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲ အနက် ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၇၅၀) အထိကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာ များကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၇၅၀) အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ မတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ကြေညာသွားမည်ဖြစ်ကြောင်း သိရ သည်။

ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ တွဲကို မတ်လ ၂၀ ရက်နေ့တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့သည်။

ထို့ပြင် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲကို မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရ သည်။

ယခုကျင်းပသည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်းဖြစ်သည်။

Source : Ministry of Natural Resources and Environmental Conservation